Kantharyar Centre
×

21.9.2016 ရက္ေန႔ 0945 အခ်ိန္ခန္႔တြင္ ေကာ ့ေသာင္းၿမိဳ႕ ပိေတာက္ေရႊ၀ါရပ္ကြက္ ေရႊမင္း၀ံဗဟိုလမ္း ရွိ ေကာင္းလိႈင္ တည္းခိုခန္း အခန္းအမွတ္ ၁၄ တြင္ တည္းခိုေနေသာ တည္းခို ခန္းမွတ္တမ္းမ်ားအရ မေဆာင္းႏွင္းျဖဴ ၁၉ ႏွစ္ (ဘ)ဦးထြန္း၀င္း ေၾကာင္ငယ္ ရပ္ ၿမိတ္ၿမိဳ႕ေနသူ သည္ကုတင္ေခါင္းရင္းရွိ ျပဴတင္း ေပါက္တြင္ တပ္ထားေသာသံဇကာ၏ေအာက္ဖက္ သစ္သား ေဘာင္တြင္လွ်ပ္စစ္မီးႀကိဳးျဖင့္ခ်ည္ၿပီး နံရံျပဴတင္း ေပါက္ဖက္သို႔မ်က္ႏွာမူ၍ ေမွာက္လွ်က္ ေလွ်ာခ် အေနအထားျဖင့္ႀကိဳးဆြဲခ်ေသဆံုးေနၿပီး ျပဴတင္း ေဘာက္သံဇကာ၏ သစ္သားေဘာင္မွ ၾကမ္းျပင္ အထိ ၃ ေပ ၆ လက္မခန္႔သာရွိကာ ခါးအထက္ ပိုင္းမွာနံရံအားမ်က္ႏွာမူလွ်က္ကပ္ထားၿပီး ခါးေအာက္ပိုင္းမွာ ကုတင္ေအာက္သို႔ေလွ်ာက် လွ်က္ေသဆံုးေနေၾကာင္းစစ္ေဆးေတြ႔ရွိရပါသည္။

တည္းခိုခန္းအတြင္းပစၥည္းတင္ခံုေပၚမွ ဗလာစာအုပ္ျဖင့္" ေအာင္ကိုမင္း အားအခ်စ္ရဆံုး ျဖစ္ေၾကာင္း၊ ကို႔အနားမွာလိပ္ျပာအျဖစ္အၿမဲရွိေန မယ္"ဟုေရးသားထားသည့္စာအုပ္တစ္အုပ္ႏွင့္အျခားပစၥည္းမ်ား ခႏၲာကိုယ္မွ တစ္ေထာင္က်ပ္ တန္ ၂ ရြက္ ေရႊရည္စိမ္နားဆြဲတစ္ရံတို႔အား လည္းစစ္ေဆးေတြရွိခဲ့ရၿပီး ၄င္းေသဆံုးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္ေသဆံုးျခင္း/တစ္ဦး တစ္ေယာက္၏ပေယာဂေၾကာင့္ေသဆံုး ဟုတ္/မဟုတ္အမႈဖြင့္စစ္ေဆးလွ်က္ရွိေၾကာင္းသိရွိရပါသည္။

မွတ္ခ်က္။ ။ ေသဆံုးသူ၏မိဘမ်ားသိရွိ ျမင္ေတြ႔ႏိုင္ေစရန္မ်က္ႏွာဖံုးထားမရွိပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  Aung Zaw Min Tun & MyMedia


#Unicode Version

21.9.2016 ရက်နေ့ 0945 အချိန်ခန့်တွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင် တည်းခိုခန်း အခန်းအမှတ် ၁၄ တွင် တည်းခိုနေသော တည်းခို ခန်းမှတ်တမ်းများအရ မဆောင်းနှင်းဖြူ ၁၉ နှစ် (ဘ)ဦးထွန်းဝင်း ကြောင်ငယ် ရပ် မြိတ်မြို့နေသူ သည်ကုတင်ခေါင်းရင်းရှိ ပြူတင်း ပေါက်တွင် တပ်ထားသောသံဇကာ၏အောက်ဖက် သစ်သား ဘောင်တွင်လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး နံရံပြူတင်း ပေါက်ဖက်သို့မျက်နှာမူ၍ မှောက်လျှက် လျှောချ အနေအထားဖြင့်ကြိုးဆွဲချသေဆုံးနေပြီး ပြူတင်း ဘောက်သံဇကာ၏ သစ်သားဘောင်မှ ကြမ်းပြင် အထိ ၃ ပေ ၆ လက်မခန့်သာရှိကာ ခါးအထက် ပိုင်းမှာနံရံအားမျက်နှာမူလျှက်ကပ်ထားပြီး ခါးအောက်ပိုင်းမှာ ကုတင်အောက်သို့လျှောကျ လျှက်သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

တည်းခိုခန်းအတွင်းပစ္စည်းတင်ခုံပေါ်မှ ဗလာစာအုပ်ဖြင့်" အောင်ကိုမင်း အားအချစ်ရဆုံး ဖြစ်ကြောင်း၊ ကို့အနားမှာလိပ်ပြာအဖြစ်အမြဲရှိနေ မယ်"ဟုရေးသားထားသည့်စာအုပ်တစ်အုပ်နှင့်အခြားပစ္စည်းများ ခန္တာကိုယ်မှ တစ်ထောင်ကျပ် တန် ၂ ရွက် ရွှေရည်စိမ်နားဆွဲတစ်ရံတို့အား လည်းစစ်ဆေးတွေရှိခဲ့ရပြီး ၎င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်သေဆုံးခြင်း/တစ်ဦး တစ်ယောက်၏ပယောဂကြောင့်သေဆုံး ဟုတ်/မဟုတ်အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရှိရပါသည်။

မှတ်ချက်။ ။ သေဆုံးသူ၏မိဘများသိရှိ မြင်တွေ့နိုင်စေရန်မျက်နှာဖုံးထားမရှိပါ။

ဖိုးသူတော် (www.phothutaw.com)
Credit :  Aung Zaw Min Tun & MyMedia
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top