Kantharyar Centre
×







#Unicode Version

သြစတြီးယားက အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက် ကတော့ သားသမီးဖြစ်သူကို အရှက်ခွဲမှု၊ အရှက်ရမှုနဲ့ မိဘဖြစ်သူ တွေကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခု နှစ်အချိန်ကတည်းက စတင်ပြီးတော့ သမီးဖြစ် သူရဲ့ ငယ်ဘဝက လေး ဓာတ်ပုံပေါင်း ၅၀၀ ကျော်ကို သမီးဖြစ်သူ သိရှိခြင်းမရှိပဲ လူမှု ကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်တင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အရှက်ရခဲ့တယ်လို့ဆိုတာ တရားစွဲဆိုလိုက်ခြင်း ဖြစ် ပါတယ်။

အမည်မဖော်လိုတဲ့ တရားလိုမိန်းကလေးငယ်က သူမရဲ့မိဘဖြစ်သူ တွေက သူမရဲ့လေးဖက်ထောက်သွားကလေး ဘဝတုန်းက ရိုက်ခဲ့ တဲ့ ဓာတ်ပုံတွေကို ဆိုရှယ်က သူငယ်ချင်းများစွာကြားမှာ ဖြန့်ဝေမှု တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၁ နှစ်အရွယ်ကတည်း ကစတင်ပြီးတော့ သူမရဲ့ ကလေး ဘဝ ဓာတ်ပုံတွေဖြစ်တဲ့ လေးဖက်သွားပုံတွေ၊ ကိုယ်လုံးတီးပုံတွေ၊ အိမ်သာဝင်နေတဲ့ပုံတွေ၊ လမ်း လျှောက်နေပုံ၊ လမ်းလျှောက်နေဟန် ပုံ တွေအစရှိသဖြင့် ဓာတ်ပုံတွေကြောင့် သူမအနေနဲ့ သူငယ်ချင်း တွေအကြားမှာ အရှက်ရစေခဲ့လို့ မိဘတွေကို တရားစွဲဆိုရခြင်း ဖြစ် တယ်လို့ ပြောကြားထားပါတယ်။

ဒီ အမှုနဲ့ပတ်သက်ပြီး မိဘတွေနဲ့ သမီးလုပ်သူကြား တရားရင်ဆိုရမှု တွေဖြစ်ကာ သမီးဖြစ်သူရဲ့ တရားလိုရှေ့နေကတော့ ဒီလိုမျိုး ဖြစ် ပျက်ခဲတဲ့ အမှုအတွက် အကယ်၍ယင်းသို့ ဓာတ်ပုံတွေကြောင့် မိန်း ကလေးငယ်ရဲ့ ဘဝဖြတ်သန်းမှုမှာ တစ်စုံတစ်ရာ ထိခိုက်နစ်နာခြင်း ဖြစ်ပေါ်လာပါက မိဘတွေအပေါ် အပြစ်သက်ရောက်နိုင်ကာ နစ်နာ ကြေးအဖြစ် ယူရို သုံးထောင်ကနေ ယူရို တစ်သောင်းကြားအထိ ပေးဆောင်ရမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top