Kantharyar Centre
×

ကြယ္လြန္သူ ၿဗိတိန္ေတာ္ဝင္မင္းသမီး ဒုိင္ယာနာကုိ ကမာၻတစ္ဝန္းမွ ခ်စ္ခင္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒုိင္ယာနာနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာေတြက အခုအခ်ိန္ထိလည္း ကမာၻမွာ အမွတ္တရ ေျပာဆုိစရာေတြပါပဲ။ ဒုိင္ယာနာနဲ႕ ပတ္သက္တဲ့ ဒီ အခ်က္ (၇) ခ်က္ကလည္း သူမကုိ အမွတ္တရျဖစ္ေစတဲ့ စိတ္ဝင္စားစရာအခ်က္ေတြ ျဖစ္ပါလိမ့္မယ္။

ကေလးထိန္း

ေတာ္ဝင္မင္းသမီး မျဖစ္မီက ဒုိင္ယာနာဟာ မူလတန္းေက်ာင္းဆရာမလုပ္ခဲ့ပါတယ္။ မူလတန္းေက်ာင္းဆရာမ မျဖစ္မီက ကေလးထိန္းအလုပ္ကုိလည္း ဒုိင္ယာနာ လုပ္ခဲ့ပါေသးတယ္။

ငယ္စဥ္က အိပ္မက္

ဒုိင္ယာနာဟာ ငယ္စဥ္က ဘဲေလးကေခ်သည္ျဖစ္ဖုိ႕ အိပ္မက္မက္ခဲ့သူပါ။ ဒါေပမဲ့ သူမရဲ႕ ႐ွည္လြန္းေနတဲ့ အရပ္ေၾကာင့္ အဆင္မေျပခဲ့ပါဘူး။

ခ်ားလ္စ္နဲ႕ ဖူးစာဆုံေစခဲ့သူ

ဒုိင္ယာနာရဲ႕ အစ္မျဖစ္သူက ေတာ္ဝင္မင္းသားခ်ားလ္စ္နဲ႕ သူမနဲ႕ ပထမဆုံး မိတ္ဆက္ေပးခဲ့သူ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္မွ်သာ

ဒုိင္ယာနာဟာ ေစ့စပ္လိုက္တဲ့အခ်ိန္မွာ အသက္ ၁၉ ႏွစ္သာ႐ွိေသးၿပီး ဆယ္ေက်ာ္သက္မွ်သာ႐ွိပါေသးတယ္။

စာအလြန္ညံ့တဲ့ ေက်ာင္းသူ

ေတာ္ဝင္မင္းသမီး ဒုိင္ယာနာက စာအလြန္ညံ့တဲ့ ေက်ာင္းသူတစ္ဦး ျဖစ္ခဲ့ပါတယ္။ ေက်ာင္းတက္စဥ္က ေနာက္ဆုံးစာေမးပြဲေတြကုိ တစ္ႀကိမ္မက က်ခဲ့ဖူးးပါတယ္။

သရဖူနဲ႕ ဓာတ္မတည့္

ေတာ္ဝင္မင္းသမီး ဒုိင္ယာနာက သရဖူေဆာင္းရမွာကုိ မုန္းသူပါ။ သရဖူေဆာင္းရင္ ေခါင္းကိုက္တတ္လုိ႕ ျဖစ္ပါတယ္။

အခ်က္အျပဳတ္မတတ္တဲ့ အိမ္႐ွင္မ

ဒုိင္ယာနာဟာ အခ်က္အျပဳတ္ မတတ္ကၽြမ္းတဲ့ အမ်ဳိးသမီး ျဖစ္ပါတယ္။ အျပင္းအထန္ ႀကဳိးစားခ်က္ျပဳတ္ခဲ့ေပမဲ့လည္း အဆင္မေျပခဲ့ဘူးလုိ႕ ဒုိင္ယာနာမိသားစုရဲ႕ စာဖုိမွဴးက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ကွယ်လွန်သူ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာကို ကမ္ဘာတစ်ဝန်းမှ ချစ်ခင်နှစ်သက်ခဲ့ကြပါတယ်။ ဒိုင်ယာနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အခုအချိန်ထိလည်း ကမ္ဘာမှာ အမှတ်တရ ပြောဆိုစရာတွေပါပဲ။ ဒိုင်ယာနာနဲ့ ပတ်သက်တဲ့ ဒီ အချက် (၇) ချက်ကလည်း သူမကို အမှတ်တရဖြစ်စေတဲ့ စိတ်ဝင်စားစရာအချက်တွေ ဖြစ်ပါလိမ့်မယ်။

ကလေးထိန်း

တော်ဝင်မင်းသမီး မဖြစ်မီက ဒိုင်ယာနာဟာမူလတန်းကျောင်းဆရာမလုပ်ခဲ့ပါတယ်။ မူလတန်းကျောင်းဆရာမ မဖြစ်မီက ကလေးထိန်းအလုပ်ကိုလည်း ဒိုင်ယာနာ လုပ်ခဲ့ပါသေးတယ်။

ငယ်စဉ်က အိပ်မက်

ဒိုင်ယာနာဟာ ငယ်စဉ်က ဘဲလေးကချေသည်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူပါ။ ဒါပေမဲ့ သူမရဲ့ ရှည်လွန်းနေတဲ့ အရပ်ကြောင့် အဆင်မပြေခဲ့ပါဘူး။

ချားလ်စ်နဲ့ ဖူးစာဆုံစေခဲ့သူ

ဒိုင်ယာနာရဲ့ အစ်မဖြစ်သူက တော်ဝင်မင်းသားချားလ်စ်နဲ့ သူမနဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

ဆယ်ကျော်သက်မျှသာ

ဒိုင်ယာနာဟာ စေ့စပ်လိုက်တဲ့အချိန်မှာ အသက် ၁၉ နှစ်သာရှိသေးပြီး ဆယ်ကျော်သက်မျှသာရှိပါသေးတယ်။

စာအလွန်ညံ့တဲ့ ကျောင်းသူ

တော်ဝင်မင်းသမီး ဒိုင်ယာနာက စာအလွန်ညံ့တဲ့ ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်စဉ်က နောက်ဆုံးစာမေးပွဲတွေကို တစ်ကြိမ်မက ကျခဲ့ဖူးးပါတယ်။

သရဖူနဲ့ ဓာတ်မတည့်

တော်ဝင်မင်းသမီး ဒိုင်ယာနာက သရဖူဆောင်းရမှာကို မုန်းသူပါ။ သရဖူဆောင်းရင် ခေါင်းကိုက်တတ်လို့ ဖြစ်ပါတယ်။

အချက်အပြုတ်မတတ်တဲ့ အိမ်ရှင်မ

ဒိုင်ယာနာဟာ အချက်အပြုတ် မတတ်ကျွမ်းတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အပြင်းအထန် ကြိုးစားချက်ပြုတ်ခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ဘူးလို့ ဒိုင်ယာနာမိသားစုရဲ့ စာဖိုမှူးက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top