Kantharyar Centre
×

အာ႐ွ၊ အာဖရိကနဲ႕ လက္တင္အေမရိကတုိ႕မွာ ေနထုိင္တဲ့ လူဦးေရ သန္း ၃၀၀ ေက်ာ္ဟာ ျမစ္မ်ားနဲ႕ ေရကန္မ်ားမွ ေရညစ္ညမ္းမႈ ပုိမုိးဆုိ႐ြားလာမႈေၾကာင့္ အသက္အႏၱရာယ္ကုိ ၿခိမ္းေျခာက္ႏိုင္တဲ့ ဝမ္းေရာဂါနဲ႕ အူေရာင္ငန္းဖ်ား ေရာဂါကဲ့သုိ႕ ေရာဂါမ်ားအႏၱရာယ္ ႐ွိေနေၾကာင္း ကုလသမဂၢပတ္ဝန္းက်င္အစီအစဥ္ (UNEP) က ေျပာၾကားပါတယ္။

၁၉၀၀ ျပည့္ႏွစ္နဲ႕ ၂၀၁၀ ခုႏွစ္အတြင္း ဗိုင္းရပ္စ္မ်ား၊ ဘက္တီးရီးယားနဲ႕ ကာလ႐ွည္ၾကာ အဆိပ္သင့္ညစ္ညမ္းေစတဲ့ ဓာတ္ေျမၾသဇာ သုိ႕မဟုတ္ ေလာင္စာဆီကဲ့သုိ႕ အရာေတြေၾကာင့္ ကမာၻ႕တုိက္ႀကီးသုံးခု႐ွိ ျမစ္မ်ားအေရအတြက္ ထက္ဝက္ေက်ာ္ဟာ ေရညစ္ညမ္းမႈ ပုိမုိျဖစ္ေပၚလာခဲ့ေၾကာင္း ၾသဂုတ္ ၃၀ ရက္မွာ ထုတ္ျပန္တဲ့ UNEP အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လူဦးေရတုိးပြားလာျခင္း၊ စုိက္ပ်ဳိးေျမဧရိယာ တုိးခ်ဲ႕ျခင္းနဲ႕ ျမစ္မ်ားအတြင္းသုိ႕ မိလႅာအညစ္အေၾကး
စြန္႕ပစ္ပမာဏ ပုိမိုမ်ားျပားလာျခင္းတုိ႕ေၾကာင့္ ကမာၻ႕တုိက္ႀကီးသုံးခု႐ွိ ေရထုကုိ ညစ္ညမ္းမႈပုိျဖစ္ေစကာ ေဒသတြင္း လူဦးေရ ၃၂၃ သန္းဟာ ေရာဂါျဖစ္ပြားႏုိင္မႈ အႏၱရာယ္႐ွိေနေၾကာင္း UNEP က ဆုိပါတယ္။

UNEP ရဲ႕ အဆုိအရ လက္တင္အေမရိကတုိက္႐ွိ ျမစ္အေရအတြက္ ေလးပုံတစ္ပုံ၊ အာဖရိကတုိက္႐ွိ ျမစ္အေရအတြက္ရဲ႕ ၁၀ ရာခုိင္ႏႈန္းမွ ၂၅ ရာခုိင္ႏႈန္းနဲ႕ အာ႐ွတုိက္အတြင္း႐ွိ ျမစ္အေရအတြက္ရဲ႕ ၅၀ ရာခုိင္ႏႈန္းဟာ ေရာဂါျဖစ္ပြားေစတဲ့ ေရထုညစ္ညမ္းမႈ ျဖစ္ေပၚေနေၾကာင္း သိရပါတယ္။

ျမစ္မ်ားနဲ႕ ကန္မ်ားအတြင္း ေရဆုိးေတြကုိ တုိက္႐ုိက္စြန္႕ပစ္ေနျခင္းေၾကာင့္ ထုိသုိ႕ ေရထုညစ္ညမ္းမႈေတြကုိ ျဖစ္ေပၚေစေၾကာင္းလည္း UNEP အစီရင္ခံစာက ဆုိပါတယ္။ လူဦးေရ ၃.၄ သန္းဟာ ေရညစ္ညမ္းမႈနဲ႕ ဆက္ႏြယ္ေနတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ၊ အူေရာင္ငန္းဖ်ား၊ ပုိလီယုီကဲ့သုိ႕ ေရာဂါမ်ားေၾကာင့္ ႏွစ္စဥ္ ေသဆုံးေနေၾကာင္း သိရပါတယ္။

ေရညစ္ညမ္းမႈေၾကာင့္ ခန္႕မွန္းေျခအားျဖင့္ အာဖရိကမွ လူဦးေရ ၁၆၄ သန္း၊ အာ႐ွမွ လူဦးေရ ၁၃၄ သန္းနဲ႕ လက္တင္အေမရိကမွ လူဦးေရ ၂၅ သန္းဟာ အဆုိပါ ေရာဂါမ်ား အႏၱရာယ္႐ွိေနေၾကာင္း ကုလသမဂၢ ပတ္ဝန္းက်င္အစီအစဥ္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတို့မှာ နေထိုင်တဲ့ လူဦးရေ သန်း ၃၀၀ ကျော်ဟာ မြစ်များနဲ့ ရေကန်များမှ ရေညစ်ညမ်းမှု ပိုမိုးဆိုရွားလာမှုကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ဝမ်းရောဂါနဲ့ အူရောင်ငန်းဖျား ရောဂါကဲ့သို့ ရောဂါများအန္တရာယ် ရှိနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ပြောကြားပါတယ်။

၁၉၀၀ ပြည့်နှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်း ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားနဲ့ ကာလရှည်ကြာ အဆိပ်သင့်ညစ်ညမ်းစေတဲ့ ဓာတ်မြေသြဇာ သို့မဟုတ် လောင်စာဆီကဲ့သို့ အရာတွေကြောင့် ကမ္ဘာ့တိုက်ကြီးသုံးခုရှိ မြစ်များအရေအတွက် ထက်ဝက်ကျော်ဟာ ရေညစ်ညမ်းမှု ပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်တဲ့ UNEP အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေတိုးပွားလာခြင်း၊ စိုက်ပျိုးမြေဧရိယာ တိုးချဲ့ခြင်းနဲ့ မြစ်များအတွင်းသို့ မိလ္လာအညစ်အကြေး

စွန့်ပစ်ပမာဏ ပိုမိုများပြားလာခြင်းတို့ကြောင့် ကမ္ဘာ့တိုက်ကြီးသုံးခုရှိ ရေထုကို ညစ်ညမ်းမှုပိုဖြစ်စေကာ ဒေသတွင်း လူဦးရေ ၃၂၃ သန်းဟာ ရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ရှိနေကြောင်း UNEP က ဆိုပါတယ်။

UNEP ရဲ့ အဆိုအရ လက်တင်အမေရိကတိုက်ရှိ မြစ်အရေအတွက် လေးပုံတစ်ပုံ၊ အာဖရိကတိုက်ရှိ မြစ်အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းနဲ့ အာရှတိုက်အတွင်းရှိ မြစ်အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းဟာ ရောဂါဖြစ်ပွားစေတဲ့ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

မြစ်များနဲ့ ကန်များအတွင်း ရေဆိုးတွေကို တိုက်ရိုက်စွန့်ပစ်နေခြင်းကြောင့် ထိုသို့ ရေထုညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေကြောင်းလည်း UNEP အစီရင်ခံစာက ဆိုပါတယ်။ လူဦးရေ ၃.၄ သန်းဟာ ရေညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျား၊ ပိုလီယီုကဲ့သို့ ရောဂါများကြောင့် နှစ်စဉ် သေဆုံးနေကြောင်း သိရပါတယ်။

ရေညစ်ညမ်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် အာဖရိကမှ လူဦးရေ ၁၆၄ သန်း၊ အာရှမှ လူဦးရေ ၁၃၄ သန်းနဲ့ လက်တင်အမေရိကမှ လူဦးရေ ၂၅ သန်းဟာ အဆိုပါ ရောဂါများ အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top