Kantharyar Centre
×





Credit: 7Day Daily

#Unicode Version

ကျိုက်လတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာက အလက(ခွဲ) ကျောင်းမှာ ရှစ်တန်းကျောင်းသူနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဆရာဟာ ယခင်ကျောင်းတွေမှာလည်း အခုလိုပြစ်မှုကျူးလွန်ခဲ့ခြင်း ရှိ၊မရှိ စစ်ဆေးနေတယ်လို့ ကျိုက်လတ်ရဲစခန်းမှ ဒုရဲမှူးထင်အောင်က ပြောကြားထားကြောင်း  သိရပါတယ်။

သူကိုယ်တိုင်ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထားပြီး အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မူလတန်းကျောင်းမှာလည်း အလားတူပြစ်မှုကျူးလွန်ခဲ့ခြင်းရှိ၊မရှိ စစ်ဆေးနေတာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာ ရန်နိုင်ဟာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို ဇူလိုင်နဲ့ သြဂုတ်လမှာ စာသင်ကျောင်းအတွင်း သားမယားပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

အမှုဖြစ်ပွားတာကို သိထားပြီး တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်လို့ ကျိုက်လတ်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်က ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top