Property Expo
×









Credit:7Day Daily

Unicode Version

  ပြီးခဲ့သည့်နှစ်က ရုရှား စစ်လေယာဉ်တစ်စီးကို တူရကီ က ပစ်ချခဲ့ခြင်းကြောင့် ထိခိုက်ခဲ့ သော ရုရှား-တူရကီဆက်ဆံရေး ပြန်လည် တိုးတက်လာစေရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ တေရစ်အာဒိုဂန် တို့က ကြိုးစားနေကြသည်။


တရုတ်နိုင်ငံတောင်ပိုင်း ဟန် ဇူးမြို့ ဂျီ-၂၀ ညီလာခံအကြိုနေ့ တွင် နှစ်ဖက်တွေ့ဆုံပြီးနောက် ပူတင်က နယ်ပယ်အားလုံး၌ ပူး ပေါင်းဆောင်ရွက်မှု အပြည့်အ၀ ပြန်လည်စတင်ရန် ဆောင်ရွက် စရာအများအပြား ရှိနေဆဲဖြစ် သည်ဟု ပြောကြားသည်။

တူရကီနိုင်ငံသည် ပြင်းထန် သော အကြမ်းဖက်ရာဇဝတ်မှုများ ကြုံတွေ့နေစဉ် အကြမ်းဖက်မှုကို တိုက်ပွဲဝင်ရင်း ခက်ခဲသောအချိန် ကာတစ်ခုကို ဖြတ်သန်းနေရသည် ဟု ပူတင်ကပြောသည်။

တူရကီနိုင်ငံတွင် အခြေအ နေများ လုံးဝပုံမှန်အတိုင်း ပြန်ဖြစ် လာသည်နှင့်အမျှ မိမိတို့၏ ပူး ပေါင်းဆောင်ရွက်မှုကို ရှေ့ဆက် နိုင်မည်ဟု ပူတင်က ထပ်လောင်း ပြောကြားသည်။

နိုဝင်ဘာက ဆီးရီးယားနယ် စပ်တွင် ရုရှားစစ်လေယာဉ်တစ်စီး ကို ပစ်ချခဲ့ခြင်းအတွက် နောင်တ ရမိကြောင်း အာဒိုဂန်က ပူတင် ထံသို့ စာရေးသား ပေးပို့ခဲ့ပြီး နောက် တူရကီနှင့် ရုရှားဆက်ဆံ ရေးသည် ဇွန်လအတွင်း ပုံမှန် ပြန်ဖြစ်လာခဲ့သည်။

ပူတင်နှင့် မိမိတို့သည် နှစ် နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ရန် အစီအစဉ်အချို့ လုပ်ဆောင်သွား မည်ဟု အာဒိုဂန်က ပြောကြား သည်။

အထူးသဖြင့် သံတမန်ရေး အဆင်မပြေမှုကြောင့် ရပ်တန့် သွားခဲ့သော နှစ်နိုင်ငံပူးတွဲလုပ် ဆောင်နေသည့် Turkstream ဓာတ်ငွေ့ပိုက်လိုင်း စတင်နိုင်ရေး ၎င်းက ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။          


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top