Property Expo
×


ကေလးငယ္တစ္ဦး အနီးတြင္ရွိၿပီး ကေလးကို ႏွစ္သိမ့္ေပးျခင္း မွာ ကေလးငယ္၏ နာက်င္မႈကို သက္သာေစသည္သာမက ခံစားခ်က္မ်ားျဖစ္ေပၚရာတြင္ ပါ၀င္ပတ္သက္ေသာ ဦးေႏွာက္အစိတ္အပိုင္း လႈပ္ရွားမႈကိုပါ ေျပာင္းလဲေစႏိုင္သည္ဟု ေလ့လာမႈအသစ္တစ္ရပ္တြင္ ေဖာ္ျပသည္။


နယူးေယာက္တကၠသိုလ္ လန္ကြန္းေဆးပညာစင္တာ ေလ့လာ မႈတြင္ မိခင္၏ ဂ႐ုစိုက္မႈေၾကာင့္ ေရတိုသက္ေရာက္မႈကို ပထမဆံုး ျပသခဲ့သည္ဟု ယံုၾကည္ရသည္။ သုေတသီမ်ားက ႂကြက္မ်ားျဖင့္ စမ္းသပ္ခဲ့ၿပီး ဦးေႏွာက္အတြင္း ခံစားခ်က္မ်ားျဖစ္ေပၚရာ တစ္သွ်ဴးမ်ားကို မ်ိဳးဗီဇခဲြျခမ္းစိတ္ျဖာေလ့လာမႈ ျပဳလုပ္ခဲ့သည္။

နာက်င္မႈခံစားရေသာ ႂကြက္မ်ားတြင္ နာက်င္မႈမခံစားရေသာ ႂကြက္မ်ားထက္ မ်ိဳးဗီဇရာေပါင္း မ်ားစြာ လႈပ္ရွားသက္၀င္ေနသည္ကို ေလ့လာမႈက ေတြ႕ရွိခဲ့သည္။

‘‘နာက်င္ေနတဲ့ ကေလးငယ္ကို မိခင္က ႏွစ္သိမ့္ေပးျခင္းဟာ အျပဳအမူဆိုင္ရာ တုံ႔ျပန္မႈသာမကဘဲ အဲဒီလိုႏွစ္သိမ့္ေပးမႈကေန ဦးေႏွာက္ ဖံြ႕ၿဖိဳးတုိးတက္မႈ ေစာေစာပိုင္း ခ်ိတ္ဆက္လႈပ္ရွားမႈကိုလည္း အေကာင္းဘက္ကိုျဖစ္ေစ၊ အဆိုးဘက္ကိုျဖစ္ေစ ေျပာင္းလဲသြားေစႏိုင္ပါတယ္’’ ဟု ၀ါရင့္သုေတသီႏွင့္ ဦးေႏွာက္ဇီ၀ေဗဒ ပညာရွင္ ေဒါက္တာ ဂီဂ်ီနာဆူလီဗန္က ေျပာသည္။

မိခင္၏ ဂ႐ုတစိုက္ ေစာင့္ေရွာက္မႈမရွိဘဲ နာက်င္မႈခံစားခဲ့ရ ပါက ကေလးငယ္ေပၚတြင္ မေကာင္းေသာ  ေရရွည္အက်ိဳးသက္ေရာက္မႈမ်ားရွိသည္ဟု ေဒါက္တာဂီဂ်ီနာဆူလီဗန္က သတိေပးသည္။

အေရးႀကီးေသာ အခ်က္မွာ ကေလးငယ္၏ ဦးေႏွာက္အတြင္း ျပဳစုပ်ိဳးေထာင္ျခင္းစနစ္ကို ေလ့လာျခင္းျဖစ္သည္ဟု သုေတသီကေျပာသည္။ ယင္းမွေန၍ ကေလးသူငယ္မ်ား ငယ္ရြယ္ခ်ိန္၌ ေတြ႕ႀကံဳ ရေသာ ခႏၶာကိုယ္ႏွင့္ စိတ္ပိုင္းဆိုင္ရာညႇဥ္းပန္းႏွိပ္စက္မႈျဖစ္ေပၚလာေသာ နာက်င္မႈကို ကုသမႈေပးရာ၌ အေထာက္အကူျဖစ္မည္ဟု ၎က ေျပာသည္။

ေဒါက္တာဆူလီဗန္တို႔၏ ေတြ႕ရွိခ်က္မ်ားကို ၀ါရွင္တန္ၿမိဳ႕တြင္ ႏွစ္စဥ္ျပဳလုပ္ေသာ Society for Neuvoscience အစည္းအေ၀းတြင္ တင္ျပခဲ့သည္။  


ဖုိးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

Unicode Version

 ကလေးငယ်တစ်ဦး အနီးတွင်ရှိပြီး ကလေးကို နှစ်သိမ့်ပေးခြင်း မှာ ကလေးငယ်၏ နာကျင်မှုကို သက်သာစေသည်သာမက ခံစားချက်များဖြစ်ပေါ်ရာတွင် ပါဝင်ပတ်သက်သော ဦးနှောက်အစိတ်အပိုင်း လှုပ်ရှားမှုကိုပါ ပြောင်းလဲစေနိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်တွင် ဖော်ပြသည်။


နယူးယောက်တက္ကသိုလ် လန်ကွန်းဆေးပညာစင်တာ လေ့လာ မှုတွင် မိခင်၏ ဂရုစိုက်မှုကြောင့် ရေတိုသက်ရောက်မှုကို ပထမဆုံး ပြသခဲ့သည်ဟု ယုံကြည်ရသည်။ သုတေသီများက ကြွက်များဖြင့် စမ်းသပ်ခဲ့ပြီး ဦးနှောက်အတွင်း ခံစားချက်များဖြစ်ပေါ်ရာ တစ်သျှူးများကို မျိုးဗီဇခွဲခြမ်းစိတ်ဖြာလေ့လာမှု ပြုလုပ်ခဲ့သည်။

နာကျင်မှုခံစားရသော ကြွက်များတွင် နာကျင်မှုမခံစားရသော ကြွက်များထက် မျိုးဗီဇရာပေါင်း များစွာ လှုပ်ရှားသက်ဝင်နေသည်ကို လေ့လာမှုက တွေ့ရှိခဲ့သည်။

‘‘နာကျင်နေတဲ့ ကလေးငယ်ကို မိခင်က နှစ်သိမ့်ပေးခြင်းဟာ အပြုအမူဆိုင်ရာ တုံ့ပြန်မှုသာမကဘဲ အဲဒီလိုနှစ်သိမ့်ပေးမှုကနေ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု စောစောပိုင်း ချိတ်ဆက်လှုပ်ရှားမှုကိုလည်း အကောင်းဘက်ကိုဖြစ်စေ၊ အဆိုးဘက်ကိုဖြစ်စေ ပြောင်းလဲသွားစေနိုင်ပါတယ်’’ ဟု ဝါရင့်သုတေသီနှင့် ဦးနှောက်ဇီဝဗေဒ ပညာရှင် ဒေါက်တာ ဂီဂျီနာဆူလီဗန်က ပြောသည်။

မိခင်၏ ဂရုတစိုက် စောင့်ရှောက်မှုမရှိဘဲ နာကျင်မှုခံစားခဲ့ရ ပါက ကလေးငယ်ပေါ်တွင် မကောင်းသော  ရေရှည်အကျိုးသက်ရောက်မှုများရှိသည်ဟု ဒေါက်တာဂီဂျီနာဆူလီဗန်က သတိပေးသည်။

အရေးကြီးသော အချက်မှာ ကလေးငယ်၏ ဦးနှောက်အတွင်း ပြုစုပျိုးထောင်ခြင်းစနစ်ကို လေ့လာခြင်းဖြစ်သည်ဟု သုတေသီကပြောသည်။ ယင်းမှနေ၍ ကလေးသူငယ်များ ငယ်ရွယ်ချိန်၌ တွေ့ကြုံ ရသော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုဖြစ်ပေါ်လာသော နာကျင်မှုကို ကုသမှုပေးရာ၌ အထောက်အကူဖြစ်မည်ဟု ၎င်းက ပြောသည်။

ဒေါက်တာဆူလီဗန်တို့၏ တွေ့ရှိချက်များကို ဝါရှင်တန်မြို့တွင် နှစ်စဉ်ပြုလုပ်သော Society for Neuvoscience အစည်းအဝေးတွင် တင်ပြခဲ့သည်။  


ဖိုးသူတော် (www.phothutaw.com)

Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top