Property Expo
×

ကားအတြင္းတြင္ ဘိန္းျဖဴ အလြန္အကြ်ံ သံုးစြဲၿပီး သတိေမ့ေမ်ာေနတဲ့ မိဘႏွစ္ပါးတုိ႔နဲ႔အတူ ကားေနာက္ခန္းမွာ ေၾကာက္လန္႔ေနတဲ့ ၄ ႏွစ္သားကေလးငယ္ရဲ႕ ဓာတ္ပံုကို အေမရိကန္ႏိုင္ငံ အုိဟုိင္းအုိးရဲက ေဖာ္ျပခဲ့ပါတယ္။
လစ္ဗာပူးအေရွ႕ဖက္ မီးပြိဳင့္မွာ ကားရပ္ထားစဥ္အတြင္း သတိလစ္မႈျဖစ္ၿပီးေနာက္ ရြန္ဒါပါစက္၊ ၅၀ ႏွစ္ႏွင့္ အက္ေကာ့ဒ္ ၄၇ တုိ႔ကို ကေလးသူငယ္ အႏၱရာယ္ျဖစ္ေစမႈပုဒ္မနဲ႔ တရားစြဲဆုိခဲ့ ပါတယ္။

ပါစက္ရဲ႕ ၄ ႏွစ္အရြယ္ သားငယ္ကိုေတာ့ ေဒသဆုိင္ရာ ကေလးသူငယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရး ေဂဟာကုိ ေခၚေဆာင္သြားခဲ့ပါတယ္။

အာဏာပိုင္ေတြကေတာ့ အေမရိကန္ႏုိင္ငံ အေနာက္အလယ္အပိုင္းမွာ ဘိန္းျဖဴပ်ံ႔ႏွံ႔ေနတာကို သတိပုိမုိျပဳမိေအာင္ ဒီဓာတ္ပံုကို ေဖာ္ျပခဲ့ၾကတာပါ။

ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ အာဏာပိုင္ေတြ ေရးထားတာက “ဒီေၾကာက္စရာ လန္႔စရာေကာင္းတဲ့ ဘိန္းျဖဴရဲ႕ အျခားတဖက္အေျခအေနကုိ ျပသဖုိ႔ လုိအပ္တယ္လုိ႔ က်ေနာ္တုိ႔ထင္ပါတယ္။”

“က်ေနာ္တုိ႔ေတြးတာက ဒီလုိအင္မတန္ ဆုိးရြားတဲ့ အ႐ႈပ္အေထြးထဲမွာ ပတ္သက္ေနရတဲ့ ကေလးေတြအတြက္ အသံတသံေဖာ္ထုတ္ေပးဖုိ႔ လုိပါတယ္” “ဒီကေလးေတြက သူတုိ႔အတြက္ သူတုိ႔ကိုယ္တုိင္ထုတ္ေဖာ္မေျပာႏုိင္ပါဘူး။ ဒါေပမယ့္ ကေလးေတြကို ေစာင့္ေရွာက္ေရး ေဂဟာမွာ ထိန္းသိမ္းထားစဥ္အတြင္း အျခား ဘိန္းျဖဴသံုးစြဲသူေတြအေနနဲ႔ ဒီအဆိပ္ကို ထုိးသြင္း ေတာ့မယ္ဆုိရင္ ၂ ခါျပန္စဥ္းစားႏုိင္ဖုိ႔ ဒီကေလးရဲ႕ ဇာတ္လမ္းကေန တုိက္တြန္းႏုိင္မယ္ လို႔ထင္ပါတယ္။”

ထုိစံုတြဲ ကားေမာင္းပံုမမွန္သည္ကို ရဲတဦးမွေတြ႔ရွိၿပီးေနာက္ ၎တုိ႔စံုတြဲအား ဗုဒၶဟူးေန႔မွာ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

ကားကုိ ဘယ္ညာ ယိမ္းထိုးေမာင္းၿပီး ကေလးေတြဆင္းဖုိ႔ ရပ္ေပးေနတဲ့ ေက်ာင္းကားရဲ႕ အေနာက္ကေန ဘရိတ္ကုိ ႐ုတ္တရက္အုပ္လုိက္တာေၾကာင့္ ရဲအရာရွိ ကယ္ဗင္ေသာမဆင္မွ ထုိစံုတြဲေမာင္းတဲ့ ကားေနာက္သို႔လုိက္ခဲ့တာပါ။

ထုိစံုတြဲ သတိေမ့ေမ်ာသြားတဲ့ေနာက္ သူတုိ႔ကုိ အေရးေပၚေဆးကုသဖုိ႔ ေရွးဦးသူနာျပဳေတြ ကိုလည္း ေခၚလုိက္ရပါတယ္။

သူတို႔ကို ဦးစြာ ေဆး႐ံုသို႔ေခၚသြားၿပီး ေနာက္တေန႔မွာေတာ့ တရားရင္ဆုိင္ခဲ့ရပါတယ္။

Weirton Daily Times ရဲ႕ သတင္းထုတ္ျပန္ခ်က္မ်ားအရ ကေလးသူငယ္ အႏၱရာယ္ျဖစ္ေစရန္ ကားေမာင္းမႈပုဒ္မျဖင့္ တရားမစြဲဆုိႏုိင္ရန္ အယူခံဝင္ၿပီးေနာက္ အက္ေကာ့ဒ္အား ရက္ေပါင္း ၁၈၀ ေထာင္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။

ပါစက္မွ ကေလးသူငယ္ အႏၱရာယ္ျဖစ္ေစရန္ ကားေမာင္းမႈပုဒ္မျဖင့္ တရားစြဲဆုိရန္ အျပစ္မရွိေၾကာင္း အယူခံေအာင္ခဲ့ပါတယ္။

ၿမိဳ႕ခံလူေတြကေတာ့ “ဒီဓာတ္ပံုေတြေၾကာင့္ အခ်ိဳ႕ေတြကိုေတာ့ ထိခုိက္ေစမယ္ဆုိတာကုိ ေကာင္းေကာင္းႀကီးသိပါတယ္။ အဲဒီအတြက္လည္း တကယ္ပဲ စိတ္မေကာင္းပါဘူး ဒါေပမယ့္ မူးယစ္ေဆးဝါးမသံုးစြဲတဲ့ လူထုဟာ ေန႔စဥ္ ဘယ္လုိရင္ဆုိင္ေနရတယ္ဆုိတာကေတာ့ ေတြ႔ျမင္ရတဲ့ အခ်ိန္ပါပဲ။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ကားအတွင်းတွင် ဘိန်းဖြူ အလွန်အကျွံ သုံးစွဲပြီး သတိမေ့မျောနေတဲ့ မိဘနှစ်ပါးတို့နဲ့အတူ ကားနောက်ခန်းမှာ ကြောက်လန့်နေတဲ့ ၄ နှစ်သားကလေးငယ်ရဲ့ ဓာတ်ပုံကို အမေရိကန်နိုင်ငံ အိုဟိုင်းအိုးရဲက ဖော်ပြခဲ့ပါတယ်။
လစ်ဗာပူးအရှေ့ဖက် မီးပွိုင့်မှာ ကားရပ်ထားစဉ်အတွင်း သတိလစ်မှုဖြစ်ပြီးနောက် ရွန်ဒါပါစက်၊ ၅၀ နှစ်နှင့် အက်ကော့ဒ် ၄၇ တို့ကို ကလေးသူငယ် အန္တရာယ်ဖြစ်စေမှုပုဒ်မနဲ့ တရားစွဲဆိုခဲ့ ပါတယ်။

ပါစက်ရဲ့ ၄ နှစ်အရွယ် သားငယ်ကိုတော့ ဒေသဆိုင်ရာ ကလေးသူငယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ အမေရိကန်နိုင်ငံ အနောက်အလယ်အပိုင်းမှာ ဘိန်းဖြူပျံ့နှံ့နေတာကို သတိပိုမိုပြုမိအောင် ဒီဓာတ်ပုံကို ဖော်ပြခဲ့ကြတာပါ။

ဖေ့စ်ဘွတ်စာမျက်နှာမှာ အာဏာပိုင်တွေ ရေးထားတာက “ဒီကြောက်စရာ လန့်စရာကောင်းတဲ့ ဘိန်းဖြူရဲ့ အခြားတဖက်အခြေအနေကို ပြသဖို့ လိုအပ်တယ်လို့ ကျနော်တို့ထင်ပါတယ်။”

“ကျနော်တို့တွေးတာက ဒီလိုအင်မတန် ဆိုးရွားတဲ့ အရှုပ်အထွေးထဲမှာ ပတ်သက်နေရတဲ့ ကလေးတွေအတွက် အသံတသံဖော်ထုတ်ပေးဖို့ လိုပါတယ်” “ဒီကလေးတွေက သူတို့အတွက် သူတို့ကိုယ်တိုင်ထုတ်ဖော်မပြောနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေကို စောင့်ရှောက်ရေး ဂေဟာမှာ ထိန်းသိမ်းထားစဉ်အတွင်း အခြား ဘိန်းဖြူသုံးစွဲသူတွေအနေနဲ့ ဒီအဆိပ်ကို ထိုးသွင်း တော့မယ်ဆိုရင် ၂ ခါပြန်စဉ်းစားနိုင်ဖို့ ဒီကလေးရဲ့ ဇာတ်လမ်းကနေ တိုက်တွန်းနိုင်မယ် လို့ထင်ပါတယ်။”

ထိုစုံတွဲ ကားမောင်းပုံမမှန်သည်ကို ရဲတဦးမှတွေ့ရှိပြီးနောက် ၎င်းတို့စုံတွဲအား ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ကားကို ဘယ်ညာ ယိမ်းထိုးမောင်းပြီး ကလေးတွေဆင်းဖို့ ရပ်ပေးနေတဲ့ ကျောင်းကားရဲ့ အနောက်ကနေ ဘရိတ်ကို ရုတ်တရက်အုပ်လိုက်တာကြောင့် ရဲအရာရှိ ကယ်ဗင်သောမဆင်မှ ထိုစုံတွဲမောင်းတဲ့ ကားနောက်သို့လိုက်ခဲ့တာပါ။

ထိုစုံတွဲ သတိမေ့မျောသွားတဲ့နောက် သူတို့ကို အရေးပေါ်ဆေးကုသဖို့ ရှေးဦးသူနာပြုတွေ ကိုလည်း ခေါ်လိုက်ရပါတယ်။

သူတို့ကို ဦးစွာ ဆေးရုံသို့ခေါ်သွားပြီး နောက်တနေ့မှာတော့ တရားရင်ဆိုင်ခဲ့ရပါတယ်။

Weirton Daily Times ရဲ့ သတင်းထုတ်ပြန်ချက်များအရ ကလေးသူငယ် အန္တရာယ်ဖြစ်စေရန် ကားမောင်းမှုပုဒ်မဖြင့် တရားမစွဲဆိုနိုင်ရန် အယူခံဝင်ပြီးနောက် အက်ကော့ဒ်အား ရက်ပေါင်း ၁၈၀ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

ပါစက်မှ ကလေးသူငယ် အန္တရာယ်ဖြစ်စေရန် ကားမောင်းမှုပုဒ်မဖြင့် တရားစွဲဆိုရန် အပြစ်မရှိကြောင်း အယူခံအောင်ခဲ့ပါတယ်။

မြို့ခံလူတွေကတော့ “ဒီဓာတ်ပုံတွေကြောင့် အချို့တွေကိုတော့ ထိခိုက်စေမယ်ဆိုတာကို ကောင်းကောင်းကြီးသိပါတယ်။ အဲဒီအတွက်လည်း တကယ်ပဲ စိတ်မကောင်းပါဘူး ဒါပေမယ့် မူးယစ်ဆေးဝါးမသုံးစွဲတဲ့ လူထုဟာ နေ့စဉ် ဘယ်လိုရင်ဆိုင်နေရတယ်ဆိုတာကတော့ တွေ့မြင်ရတဲ့ အချိန်ပါပဲ။”


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top