Property Expo
×

အလုံၿမိဳ႕နယ္ သစ္ေတာရပ္ကြက္ ကမ္းနား လမ္းႏွင့္ အလုံလမ္းမေထာင့္ရွိSKY WAY ကလပ္အတြင္းသုိ႔ စက္တင္ဘာ ၇ ရက္ နံနက္ ၂ နာရီခန္႔တြင္ လူေလးဦး ခန္႔က လက္နက္မ်ား ကုိင္ေဆာင္ကာ ဝင္ေရာက္လုယက္မႈ ျဖစ္ပြားခဲ့ သည္။

အခန္းအတြင္းသို႔ ယင္းလူအုပ္စု ဝင္ေရာက္ၿပီး ေခါင္းေဆာင္ဟု ထင္ရ သူက ဓားျဖင့္ခုတ္ရာ သာေကတၿမိဳ႕နယ္ ေန ေမာင္ေတဇာလင္း (၁၉ ႏွစ္)တြင္ ဒဏ္ရာမ်ားရရွိခဲ့သည္။ တစ္ခ်ိန္ တည္း၌ ပါလာသူမ်ားက ေလးခြ မ်ားျဖင့္ ပစ္ခတ္ရာ ဒဂုံ(ေတာင္ပုိင္း)ၿမိဳ႕နယ္ေန ကုိေမာင္ေမာင္စုိး (၄၃ ႏွစ္)၊ လိႈင္သာယာၿမိဳ႕နယ္ေန ေမာင္ဇင္မင္း ထက္ (၂၃ ႏွစ္)တု႔ိ ဒဏ္ရာမ်ား ရရွိခဲ့ ေၾကာင္း သိရသည္။

လုယက္မႈတြင္ပါဝင္သူ အမ်ဳိးသား တစ္ဦးက ေငြသိမ္းေကာင္တာအတြင္း မွ ေငြက်ပ္ သိန္း ၂ဝ ေက်ာ္ကုိ လုယူ ထြက္ေျပးရာ ဆုိင္ဝန္ထမ္းမ်ားႏွင့္ လုံၿခဳံေရးဝန္ထမ္းမ်ားက ဝိုင္းဝန္း ဖမ္းဆီးစဥ္ အလုံၿမိဳ႕မရဲစခန္းမွ နယ္ထိန္း အရာရွိ ဒုရဲအုပ္ ေက်ာ္စုိးဦးႏွင့္အဖြဲ႕ ေရာက္ရွိၿပီး ေအာင္ဆန္း(၂၈ ႏွစ္) ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ အလတ္ေခ်ာင္း ရပ္ကြက္ေနသူအား ဖမ္းဆီးႏုိင္ခဲ့သည္။

ဖမ္းဆီးရမိသူအား စစ္ေဆးခဲ့ရာမွ လုယက္မႈတြင္ ပါဝင္သည္ဟု ဆိုသည့္ ဆံရွည္(ခ)လင္းထိန္ႏွင့္ ပုိင္ပုိင္တုိ႔ ႏွစ္ဦးအား ထပ္မံဖမ္းမိခဲ့သည္။

လုယက္မႈတြင္ ပါဝင္သူမ်ား အား အလုံၿမိဳ႕မရဲစခန္းက ဥပေဒအရ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိၿပီး က်န္ ျပစ္မႈက်ဴးလြန္သူမ်ားကုိ အျမန္ဆုံး ဖမ္းဆီးရမိေရးအတြက္ တုိင္းေဒသ ႀကီး၊ ခ႐ိုင္ရဲတပ္ဖဲြ႕ဝင္မ်ားက ပူးေပါင္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရ သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalin

#Unicode Version
အလုံမြို့နယ် သစ်တောရပ်ကွက် ကမ်းနား လမ်းနှင့် အလုံလမ်းမထောင့်ရှိSKY WAY ကလပ်အတွင်းသို့ စက်တင်ဘာ ၇ ရက် နံနက် ၂ နာရီခန့်တွင် လူလေးဦး ခန့်က လက်နက်များ ကိုင်ဆောင်ကာ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ သည်။

အခန်းအတွင်းသို့ ယင်းလူအုပ်စု ဝင်ရောက်ပြီး ခေါင်းဆောင်ဟု ထင်ရ သူက ဓားဖြင့်ခုတ်ရာ သာကေတမြို့နယ် နေ မောင်တေဇာလင်း (၁၉ နှစ်)တွင် ဒဏ်ရာများရရှိခဲ့သည်။ တစ်ချိန် တည်း၌ ပါလာသူများက လေးခွ များဖြင့် ပစ်ခတ်ရာ ဒဂုံ(တောင်ပိုင်း)မြို့နယ်နေ ကိုမောင်မောင်စိုး (၄၃ နှစ်)၊ လှိုင်သာယာမြို့နယ်နေ မောင်ဇင်မင်း ထက် (၂၃ နှစ်)တု့ိ ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

လုယက်မှုတွင်ပါဝင်သူ အမျိုးသား တစ်ဦးက ငွေသိမ်းကောင်တာအတွင်း မှ ငွေကျပ် သိန်း ၂ဝ ကျော်ကို လုယူ ထွက်ပြေးရာ ဆိုင်ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်း ဖမ်းဆီးစဉ် အလုံမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ် ကျော်စိုးဦးနှင့်အဖွဲ့ ရောက်ရှိပြီး အောင်ဆန်း(၂၈ နှစ်) ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်း ရပ်ကွက်နေသူအား ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးခဲ့ရာမှ လုယက်မှုတွင် ပါဝင်သည်ဟု ဆိုသည့် ဆံရှည်(ခ)လင်းထိန်နှင့် ပိုင်ပိုင်တို့ နှစ်ဦးအား ထပ်မံဖမ်းမိခဲ့သည်။

လုယက်မှုတွင် ပါဝင်သူများ အား အလုံမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ကျန် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသ ကြီး၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top