Property Expo
×

ရန္ကုန္ၿမိဳ႕ ဗုိလ္ခ်ဳပ္ေစ်းနဲ႔ ေရႊျပည္စုံေစ်းထဲမွာ က်ပ္သိန္းေပါင္း သံုးေသာင္းနီးပါးတန္ဖိုးရွိတဲ့ BPI ေဆး၀ါးအတုေတြ၊ သက္တမ္းလြန္ ေဆး၀ါးေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို လြန္ခဲ့တဲ့ ၾသဂုတ္လထဲမွာ ဖမ္းဆီးရမိခဲ့တယ္လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိးက ေျပာပါတယ္။

ေနျပည္ေတာ္ စက္မႈဝန္ႀကီးဌာနမွာက်င္းပတဲ့ ေဆး၀ါးအတုေတြနဲ႔ သက္တမ္းလြန္ေဆး၀ါးေတြ ဖမ္းဆီးရမိမႈအေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိးက ေျပာခဲ့တာပါ။

ဗုိလ္ခ်ဳပ္ေစ်းနဲ႔ ေရႊျပည့္စုံေစ်းက ေဆး၀ါးအတု ၄၄ မ်ိဳး၊ ေဆးျပားတံဆိပ္အတု ရွစ္မ်ိဳး၊ လိမ္းေဆးအတု ႏွစ္မ်ိဳး၊ ထုိးေဆးတံဆိပ္အတု ရွစ္မ်ိဳး၊ တံဆိပ္အတု ၁၈ မ်ိဳး၊ သက္တမ္းလြန္ေဆး၀ါး ၉၈ မ်ိဳး၊ သံသယျဖစ္ဖြယ္ေဆး၀ါး ၂၁ မ်ိဳး၊ ေဆး၀ါးအတုျပဳလုပ္ရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းန႔ဲ ကုန္ၾကမ္းေတြကုိ ဖမ္းဆီးရမိခဲ့တာလို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည်စုံဈေးထဲမှာ ကျပ်သိန်းပေါင်း သုံးသောင်းနီးပါးတန်ဖိုးရှိတဲ့ BPI ဆေးဝါးအတုတွေ၊ သက်တမ်းလွန် ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို လွန်ခဲ့တဲ့ သြဂုတ်လထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ ဆေးဝါးအတုတွေနဲ့ သက်တမ်းလွန်ဆေးဝါးတွေ ဖမ်းဆီးရမိမှုအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောခဲ့တာပါ။

ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည့်စုံဈေးက ဆေးဝါးအတု ၄၄ မျိုး၊ ဆေးပြားတံဆိပ်အတု ရှစ်မျိုး၊ လိမ်းဆေးအတု နှစ်မျိုး၊ ထိုးဆေးတံဆိပ်အတု ရှစ်မျိုး၊ တံဆိပ်အတု ၁၈ မျိုး၊ သက်တမ်းလွန်ဆေးဝါး ၉၈ မျိုး၊ သံသယဖြစ်ဖွယ်ဆေးဝါး ၂၁ မျိုး၊ ဆေးဝါးအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့ ကုန်ကြမ်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top