Property Expo
×
၁။ ဘက်ထရီ
၂။ ကာဗာ
Credit : Duwun
#Unicode Version
တစ်ခုပြီးတစ်ခု ထပ်ထွက်လာနေတဲ့ ဖုန်းအသစ်တွေက လက်ထဲကဖုန်းကို ပိုပြီး ငြီးငွေ့လာစေပါတယ်။ ဒီဇိုင်းအသစ်တွေ၊ လုပ်ဆောင်ချက်အလန်းတွေနဲ့ ဖုန်းတွေကိုဝယ်ချင်တိုင်းဝယ်ဖို့ဆိုတာလည်း စိတ်သွားတိုင်း ငွေမပါနိုင်ပါဘူး။ ဒီတော့ ကိုယ့်လက်ထဲ သုံးနေကျဖုန်းလေးကိုပဲ အသစ်လိုဖြစ်သွားအောင် ပြန်ပြီးဆန်းသစ်ကြည့်နိုင်ပါတယ်။
၁။ ဘက်ထရီ
ဖုန်းတစ်လုံးဟာ သုံးတာကြာလာတာနဲ့အမျှ ဘက်ထရီရဲ့စွမ်းဆောင်အား ကျဆင်းလာတော့တာပါပဲ။ ဒီတော့ ဖုန်းကို အသစ်လိုဖြစ်သွားချင်ရင် ဘက်ထရီအသစ် လဲလိုက်ပါ။ ဟန်းနေတာတွေလည်း လျော့သွားမယ်၊ သုံးနေရင်း ဖုန်းပူလာတာလည်း မဖြစ်တော့ပါဘူး။
၂။ ကာဗာ
ဖုန်းကာဗာနဲ့ screen guard တို့ကို အသစ်လဲလိုက်ပါ။ မျက်နှာပြင်ပေါ်မှာ ခြစ်ရာတွေ ပွန်းရာတွေနဲ့မို့လို့သာ အရောင်မှိန်နေပေမဲ့ screen guard အသစ် လဲလိုက်ရင်တော့ တောက်ပြောင်လာပါလိမ့်မယ်။ ကာဗာကိုလည်း ပြောင်းလိုက်တော့ အာရုံထဲမှာ အမြင်ဆန်းသွားတာပေါ့။
၃။ နားကြပ်နဲ့ အားသွင်းကြိုး
Original တွေ မဝယ်လည်းရပါတယ်။ ကိုယ်သဘောကျမယ့်ပုံစံလေးဖြစ်ဖို့နဲ့ အရင်နားကြပ်နဲ့ အရောင်ကွဲဖို့ပဲ လိုတာပါ။ တောက်ပတဲ့အရောင်လေးတွေဆိုရင် အကောင်းဆုံးပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top