Property Expo
×

လာမယ့္ ေအာက္တိုဘာလအတြင္းမွာ နည္းျပေမာ္ရင္ဟိုရဲ႕ မန္ယူအသင္းဟာ ပြဲက်ပ္ေတြ ရင္ဆိုင္ရဦးမွာျဖစ္ၿပီး ကိုးရက္အတြင္း ေလးပြဲ ကစားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလဟာ မန္ယူအသင္းအတြက္ ရလဒ္ေကာင္းရဖို႔ ခက္ခဲ့မယ့္ ရက္သတၱပတ္ျဖစ္တယ္လို႔ မီဒီယာေတြက သံုးသပ္ထားၾကပါတယ္။ ပရီးမီးယားလိဂ္ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူး၊ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းတို႔နဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး ယူ႐ိုပါလိဂ္မွာလည္း ဖီနာဘာခ်ီအသင္းနဲ႔ ကစားရဦးမွာျဖစ္ပါတယ္။

ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ မန္ယူအသင္းက လီဗာပူးအိမ္ကြင္း အန္ဖီးလ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားရမွာျဖစ္ၿပီး သံုးရက္ၾကာရင္ ဖီနာဘာခ်ီနဲ႔ ယူ႐ိုပါလိဂ္ ကစားရမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ တစ္ပတ္တည္းမွာပဲ ပရီးမီးယားလိဂ္ပြဲစဥ္ ဆက္ကစားဖို႔ ခ်ယ္လ္ဆီးအိမ္ကြင္းကို သြားေရာက္ရမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခါ ေအာက္တိုဘာ ၂၆ ရက္ေန႔မွာ မန္စီးတီးအသင္းနဲ႔ EFL လိဂ္ဖလားပြဲစဥ္ကို ဆက္ကစားရမွာျဖစ္ပါတယ္။ ကိုးရက္အတြင္း ေလးပြဲ ကစားရမွာျဖစ္တဲ့အျပင္အႏုိင္ရဖို႔ ခက္တဲ့ ပြဲစဥ္ေတြျဖစ္တာေၾကာင့္ နည္းျပေမာ္ရင္ဟို ဖိအားမ်ားေနမွာျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာေတြက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Sun

#Unicode Version
လာမယ့် အောက်တိုဘာလအတွင်းမှာ နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပွဲကျပ်တွေ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ကိုးရက်အတွင်း လေးပွဲ ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလဟာ မန်ယူအသင်းအတွက် ရလဒ်ကောင်းရဖို့ ခက်ခဲ့မယ့် ရက်သတ္တပတ်ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ထားကြပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ်မှာလည်း ဖီနာဘာချီအသင်းနဲ့ ကစားရဦးမှာဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့မှာ မန်ယူအသင်းက လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး သုံးရက်ကြာရင် ဖီနာဘာချီနဲ့ ယူရိုပါလိဂ် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်ပတ်တည်းမှာပဲ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားဖို့ ချယ်လ်ဆီးအိမ်ကွင်းကို သွားရောက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ အောက်တိုဘာ ၂၆ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ EFL လိဂ်ဖလားပွဲစဉ်ကို ဆက်ကစားရမှာဖြစ်ပါတယ်။ ကိုးရက်အတွင်း လေးပွဲ ကစားရမှာဖြစ်တဲ့အပြင်အနိုင်ရဖို့ ခက်တဲ့ ပွဲစဉ်တွေဖြစ်တာကြောင့် နည်းပြမော်ရင်ဟို ဖိအားများနေမှာဖြစ်ကြောင်း ဗြိတိန်သတင်းစာတွေက ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Sun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top