Kantharyar Centre
×

အိမ္ေထာင္ရွင္ အမ်ဳိးသားတုိ႔ အေနနဲ႔ ကုိယ့္ခ်စ္ဇနီးက ကုိယ္၀န္ေဆာင္ခ်ိန္မွာ ေခ်ာကလက္ စားခ်င္လုိ႔ ညသန္းေခါင္ အခ်ိန္မွာ ထယူခုိင္းရင္ စိတ္မဆုိးပါနဲ႔။ ဒါက ကေလးအတြက္ ေကာင္းက်ဴိး အမ်ားၾကီး ေပးႏုိင္လုိ႔ပါ။ မိခင္ေရာ ကေလးကုိပါ က်န္းမာေစတဲ့အတြက္ အခ်ိန္မွန္ အနည္းငယ္စားဖုိ႔ကုိေတာင္  တုိက္တြန္းသင့္ပါတယ္ ။

ဒါဟာ အခ်င္းကြာက်တာ ၊ အခ်ိ္န္မတုိင္ခင္ ေမြးဖြားတာေတြ မျဖစ္ေစႏုိင္ပါဘူး။ ေခ်ာကလက္ထဲမွာမွ အမည္းေရာင္ ေခ်ာကလက္က အေကာင္းဆုံးျဖစ္ပါတယ္တဲ့။ အေရးပါတဲ့ အက်ဳိးေက်းဇူးေတြကေတာ့-

၁)စိတ္ဖိစီးမႈ နည္းေစပါတယ္။

ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ ကုိယ္၀န္ေဆာင္ေတြက အရမ္းစိတ္ဖိစီးမႈ ခံစားရပါတယ္။ ေခ်ာကလက္ အမည္းေရာင္ အနည္းငယ္ကို ေန႔စဥ္ပုံမွန္စားေပးရင္ စိတ္ဖိစီးမႈကုိ ေလ်ာ့က်ေစပါတယ္။

၂)ကုိယ္၀န္ပ်က္က်ေစျခင္းကုိ ေလ်ာ့က်ေစႏုိင္ပါတယ္။

ကုိယ္၀န္ပ်က္က်ျခင္းကို တားဆီးႏုိင္တဲ့ အရာမရွိေပမဲ့ ေခ်ာကလက္စားျခင္းက ကုိယ္၀န္ပ်က္က်ႏုိင္ေခ်ကို  ၂၀ % ေလ်ာ့က်ေစပါတယ္။

၃)ကုိ္ယ္ခံအားေကာင္းေစပါတယ္။

ေခ်ာကလက္မွာ အားေကာင္းတဲ ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားပါရွိျပီး ေသြးေပါင္ခ်ိန္က်ေစပါတယ္။မိခင္ေရာ သေႏၶသားေရာရဲ႕ ကုိယ္ခံအားတက္ေစပါတယ္။

၄)ကေလးေစာေမြးျခင္းနည္းပါတယ္။

ေခ်ာကလက္စားတဲ့  မိခင္ေတြက ေခ်ာကလက္မစားတဲ့ မိခင္ေတြထက္ ကေလးေစာေမြးျခင္း ၊ေသြးခဲျခင္း၊ တက္ျခင္းနဲ႔ေသဆုံးျခင္းတုိ႔မွာ  ၅၀% ေလ်ာ့နည္းပါတယ္။

၅)သေႏၶသားဖြံ႕ျဖိဳးမႈေကာင္းမြန္ေစပါတယ္။

သေႏၶသားဖြံ႕ျဖိဳးမႈ အားေကာင္းေစတဲ့အတြက္  ေမြးဖြားမယ့္ေန႔မွာ ၾကံ႕ခုိင္သန္စြမ္းတဲ့ကေလးကုိ ရရွိေစႏုိ္င္ပါတယ္။ကေလးငယ္ ၾကံ႕ခုိင္သန္မာေလ ေမြးဖြားရတဲ့ မိခင္သက္သာေလျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အိမ်ထောင်ရှင် အမျိုးသားတို့ အနေနဲ့ ကိုယ့်ချစ်ဇနီးက ကိုယ်ဝန်ဆောင်ချိန်မှာ ချောကလက် စားချင်လို့ ညသန်းခေါင် အချိန်မှာ ထယူခိုင်းရင် စိတ်မဆိုးပါနဲ့။ ဒါက ကလေးအတွက် ကောင်းကျိူး အများကြီး ပေးနိုင်လို့ပါ။ မိခင်ရော ကလေးကိုပါ ကျန်းမာစေတဲ့အတွက် အချိန်မှန် အနည်းငယ်စားဖို့ကိုတောင်  တိုက်တွန်းသင့်ပါတယ် ။

ဒါဟာ အချင်းကွာကျတာ ၊ အချိန်မတိုင်ခင် မွေးဖွားတာတွေ မဖြစ်စေနိုင်ပါဘူး။ ချောကလက်ထဲမှာမှ အမည်းရောင် ချောကလက်က အကောင်းဆုံးဖြစ်ပါတယ်တဲ့။ အရေးပါတဲ့ အကျိုးကျေးဇူးတွေကတော့-

၁)စိတ်ဖိစီးမှု နည်းစေပါတယ်။

ဟော်မုန်း အပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်တွေက အရမ်းစိတ်ဖိစီးမှု ခံစားရပါတယ်။ ချောကလက် အမည်းရောင် အနည်းငယ်ကို နေ့စဉ်ပုံမှန်စားပေးရင် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

၂)ကိုယ်ဝန်ပျက်ကျစေခြင်းကို လျော့ကျစေနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးနိုင်တဲ့ အရာမရှိပေမဲ့ ချောကလက်စားခြင်းက ကိုယ်ဝန်ပျက်ကျနိုင်ချေကို  ၂၀ % လျော့ကျစေပါတယ်။

၃)ကိုယ်ခံအားကောင်းစေပါတယ်။

ချောကလက်မှာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိပြီး သွေးပေါင်ချိန်ကျစေပါတယ်။မိခင်ရော သန္ဓေသားရောရဲ့ ကိုယ်ခံအားတက်စေပါတယ်။

၄)ကလေးစောမွေးခြင်းနည်းပါတယ်။

ချောကလက်စားတဲ့  မိခင်တွေက ချောကလက်မစားတဲ့ မိခင်တွေထက် ကလေးစောမွေးခြင်း ၊သွေးခဲခြင်း၊ တက်ခြင်းနဲ့သေဆုံးခြင်းတို့မှာ  ၅၀% လျော့နည်းပါတယ်။

၅)သန္ဓေသားဖွံ့ဖြိုးမှုကောင်းမွန်စေပါတယ်။

သန္ဓေသားဖွံ့ဖြိုးမှု အားကောင်းစေတဲ့အတွက်  မွေးဖွားမယ့်နေ့မှာ ကြံ့ခိုင်သန်စွမ်းတဲ့ကလေးကို ရရှိစေနိုင်ပါတယ်။ကလေးငယ် ကြံ့ခိုင်သန်မာလေ မွေးဖွားရတဲ့ မိခင်သက်သာလေဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top