Kantharyar Centre
×







Credit:Thit Htoo Lwin

#Unicode Version
(၈.၉.၂၀၁၆)ရက် ည ၁၁ နာရီ ၄၆ မိနစ် အချိန်ခန့်က ရှမ်းပြည်နယ် နမ့်စန်မြို့ တိမ်လွှာရှင်စားသောက်ဆိုင်ရှေ့တွင် မက်တူးရွှေငါးကားငယ်တစ်စီးသည် လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ပြီး ဓာတ်ကြိုးများ ပျက်ကျကာ အန္တရာယ်ကြားက ကားမောင်းသမားဟာ ဘာမှမဖြစ်ပဲ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရပြီး ကားကိုထား၍ထွက်ပြေးသွားကြောင်း မျက်မြင်တွေခဲ့သူ လူငယ်လေးတစ်ဦးက ပြောပါသည်။


မီးသွေးကုန်းဖက်ကနေ ကားနှစ်စီးပြိုင်ပြီး မောင်းတက်လာတာ အဲဒီနားရောက်မှ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်တိုက်ပြီး ရေမြောင်းထဲ ထိုးကြသွားတာ ကံကောင်းလို့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကို ကားတိုက်တော့ မလို့ ကံကောင်းတယ်ဗျာ သိသိလေးလွတ်သွားခဲ့လို့ ကျွန်တော်မြင်တာ ကားအဝေးမှာ ချက်ခြင်းပဲ ကားက အနားတမ်းရောက်လာတယ်ဗျာ အရှိန်ဘယ်လောက်များလဲဆိုတာ အကိုစဉ်းစားကြည့်ပါလို့ မျက်မြင်တွေ့သူ လူငယ်လေးတစ်ဦးကပြောပြပါတယ်။

ယခုဖြစ်စဉ်ကြောင့် နမ့်စန်အမှတ်(၄)ရပ်ကွက် တကုန်းလုံး မီးပျက်သွားပါသည်။

နမ့်စန်ယာဉ်ထိန်းတပ်ဖွဲ့မှလည်း ဓာတ်တိုင်အား တိုက်သွားသော ကားပိုင်ရှင်နှင့် ယာဉ်မောင်းသူအား ရှာဖွေစုံစမ်းနေကြောင်းသိရသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top