Property Expo
×

ကရင္ျပည္နယ္၏ အထင္ကရေနရာျဖစ္ေသာ ဘားအံၿမိဳ႕နယ္၊ ေကာ့ကေသာင္ဂူဘုရားမုဒ္ဝတြင္ စက္တင္ဘာလ(၂၆)ရက္ေန႔၊ ညေန(၅)နာရီ၊ မိနစ္(၃၀) အခ်ိန္ခန္႔က အရက္မူးေနသည့္ (၇)ဦးပါဝင္ေသာ အဖြဲ႔ျဖင့္ ဘုရားမွ ျပန္လာသည့္ ဆိုင္ကယ္မ်ားအား တားဆီးကာ ဓားျဖင့္ လိုက္္ခုတ္ျခင္း၊ ထြက္ေျပးသူမ်ား၏ ဆိုင္ကယ္မ်ားအား ဖ်က္ဆီးျခင္းတို႔ျပဳလုပ္ေန၍ လံုျခံဳေရးအဖြဲ႔ႏွင့္ ပတ္ဝန္းက်င္မွ ဝိုင္းဝန္းဖမ္းဆီးရာ ဘားအံၿမိဳ႕နယ္၊ေနာင္ထလံုးေက်းရြာတြင္ ေနထိုင္သည့္ ျမင့္ဦး၊၂၂ႏွစ္အား ဖမ္းဆီးရမိခဲ့သည္။

ယင္းအဖြဲ႔မွ ဓားျဖင့္ခုတ္ ဆိုင္ကယ္စီးဦးထုပ္တို႔ျဖင့္ ႐ိုက္ခဲ့သည့္အတြက္ ဘားအံၿမိဳ႕နယ္၊ အိႏၵဲေက်းရြာအုပ္စု၊ေကာ့ဝုန္းေက်းရြာေန ေအာင္ထြန္းမ်ိဳး၊ ၂၁ႏွစ္တြင္ ခါးယာဘက္ျခမ္း၌ ျပတ္႐ွ ဒဏ္ရာ(၁)ခ်က္၊ ယာလက္ဖဝါးျပတ္႐ွ ဒဏ္ရာ(၁)ခ်က္၊ ဦးေခါင္းေပါက္ျပဲဒဏ္ ရာ(၁)ခ်က္တို႔ရ႐ွိခဲ့ၿပီး ၎မွပင္ တရားလိုျပဳလုပ္ကာ အိႏၵဳနယ္ေျမရဲစခန္း၌ (ပ)၇၁/၂၀၁၆၊ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၁၁၄တို႔ျဖင့္အမႈေရးဖြင့္ထားၿပီး နယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္လင္းထြန္းမွစစ္ေဆးခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မွဳက်ဴးလြန္ရာတြင္ ပါဝင္သူမ်ားမွာ ဘားအံၿမိဳ႕နယ္အတြင္း ေနထိုင္ၾကသည့္ လိႈင္ဝါးေက်းရြာေနအဂ်ိဳင္း၊၂၃ႏွစ္၊ ေကာ့ဝါးဆူးေက်းရြာ ေနေအာင္ေဇာ္ဦး၊ ၁၈ႏွစ္၊ ဖာလင္ေက်းရြာေန ေနမင္းထြန္း(ခ)ခ်ာေပါင္၊ ၁၈ႏွစ္၊ လိႈင္ကားေက်းရြာေန ေအာင္ျမင့္ဦး(ခ)အခိန္၊၁၆ႏွစ္၊ ေကာ့ပရံေက်းရြာေန ေက်ာ္အဲခလိန္း၊ ၁၈ႏွစ္ႏွင့္ေကာ့ဒိုင္းေက်းရြာေနေဇာ္ဝမ္း(ခ)မီးသီး၊ ၁၉ႏွစ္တို႔ျဖစ္ေၾကာင္း စစ္ေဆးသိ႐ွိရ၍ အိႏၵဳနယ္ေျမရဲစခန္းမွ နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ား၏ ႀကိဳးစားေဖာ္ထုတ္မႈေၾကာင့္ စက္တင္ဘာလ(၂၇)ရက္ေန႔နံနက္(၁)နာရီအခ်ိန္တြင္ လိႈင္ဝါးေက်းရြာအတြင္းမွ ျပစ္မွဳက်ဴးလြန္ရာတြင္ ပါဝင္သူ(၆)ဦးအား သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့၍ အိႏၵဳနယ္ေျမရဲစခန္းမွ ဥပေဒႏွင့္အညီ ေဆာင္ရြက္လ်က္႐ွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘားအံသတင္း

#Unicode Version
ကရင်ပြည်နယ်၏ အထင်ကရနေရာဖြစ်သော ဘားအံမြို့နယ်၊ ကော့ကသောင်ဂူဘုရားမုဒ်ဝတွင် စက်တင်ဘာလ(၂၆)ရက်နေ့၊ ညနေ(၅)နာရီ၊ မိနစ်(၃၀) အချိန်ခန့်က အရက်မူးနေသည့် (၇)ဦးပါဝင်သော အဖွဲ့ဖြင့် ဘုရားမှ ပြန်လာသည့် ဆိုင်ကယ်များအား တားဆီးကာ ဓားဖြင့် လိုက်ခုတ်ခြင်း၊ ထွက်ပြေးသူများ၏ ဆိုင်ကယ်များအား ဖျက်ဆီးခြင်းတို့ပြုလုပ်နေ၍ လုံခြုံရေးအဖွဲ့နှင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးရာ ဘားအံမြို့နယ်၊နောင်ထလုံးကျေးရွာတွင် နေထိုင်သည့် မြင့်ဦး၊၂၂နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ယင်းအဖွဲ့မှ ဓားဖြင့်ခုတ် ဆိုင်ကယ်စီးဦးထုပ်တို့ဖြင့် ရိုက်ခဲ့သည့်အတွက် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ကော့ဝုန်းကျေးရွာနေ အောင်ထွန်းမျိုး၊ ၂၁နှစ်တွင် ခါးယာဘက်ခြမ်း၌ ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာလက်ဖဝါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းပေါက်ပြဲဒဏ် ရာ(၁)ချက်တို့ရရှိခဲ့ပြီး ၎င်းမှပင် တရားလိုပြုလုပ်ကာ အိန္ဒုနယ်မြေရဲစခန်း၌ (ပ)၇၁/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄တို့ဖြင့်အမှုရေးဖွင့်ထားပြီး နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်လင်းထွန်းမှစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ ဘားအံမြို့နယ်အတွင်း နေထိုင်ကြသည့် လှိုင်ဝါးကျေးရွာနေအဂျိုင်း၊၂၃နှစ်၊ ကော့ဝါးဆူးကျေးရွာ နေအောင်ဇော်ဦး၊ ၁၈နှစ်၊ ဖာလင်ကျေးရွာနေ နေမင်းထွန်း(ခ)ချာပေါင်၊ ၁၈နှစ်၊ လှိုင်ကားကျေးရွာနေ အောင်မြင့်ဦး(ခ)အခိန်၊၁၆နှစ်၊ ကော့ပရံကျေးရွာနေ ကျော်အဲခလိန်း၊ ၁၈နှစ်နှင့်ကော့ဒိုင်းကျေးရွာနေဇော်ဝမ်း(ခ)မီးသီး၊ ၁၉နှစ်တို့ဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်မှုကြောင့် စက်တင်ဘာလ(၂၇)ရက်နေ့နံနက်(၁)နာရီအချိန်တွင် လှိုင်ဝါးကျေးရွာအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ(၆)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့၍ အိန္ဒုနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဘားအံသတင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top