Kantharyar Centre
×

တခ်ိဳ႕မိသားစုေတြက သူတုိ႔ေတြရဲ႕ မိသားစုအဆက္ဆက္ မ်ိဳးရိုးအ စဥ္အလာေတြကုိ တန္ဖိုးထားထိန္းထိန္းသိမ္းသိမ္း ရွိတတ္ၾကတာ က တကယ့္ကုိ ခ်ီးက်ဴးအံ့ၾသဖြယ္ေကာင္းပါတယ္။
ၿဗိတိန္က ေတာ္ဝင္မင္းမ်ိဳးမင္းႏြယ္ မိသားစုတစ္စုက သူတုိ႔ရဲ႕ဘိုး ေဘးဘီဘင္ ေခတ္အဆက္ဆက္ ဝတ္ဆင္လာခဲ့တဲ့ သတုိ႔သမီး ဝတ္စံုက အခု မ်ိဳးဆက္ရဲ႕ ၁၁ ဆက္ေျမာက္ သတုိ႔သမီးေလာင္းလ်ာ အထိကုိ လက္ဆင့္ကမ္း ဝတ္ဆင္ခဲ့တယ္လုိ႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၁၈၉၅ ခုႏွစ္ကတည္းက ဘြားေတာ္ႀကီး ျဖစ္တဲ့ မယ္ရီ ေလာရီ ဝါရန္ ပထမဆံုး ဝတ္ဆင္ခဲ့တဲ့ ဗစ္တိုးရီးယားစတုိင္လ္ သတုိ႔ သမီးဝတ္စံုကုိ ဘြားေတာ္ႀကီးရဲ႕ ေျမးျဖစ္သူ ၁၉၇၇ ခုႏွစ္ဖြား အက္ဘီေဂးလ္ ကင္းမ္စတန္းက ဝတ္စံုဝတ္ဆင္ဖုိ႔ အခ်ိန္က်ေရာက္ လာၿပီျဖစ္ပါတယ္။

ကင္းမ္စတန္းက ဒီဝတ္စံုကုိ သူမအသက္ ၅ ႏွစ္အရြယ္ကတည္းက ဒီဝတ္စံုကုိ ေျခာက္ႀကိမ္ေျမာက္ဝတ္ဆင္ၿပီး လက္ထပ္ပြဲက်င္းပခဲ့ တာနဲ႔ ႀကံဳခဲ့ဖူးၿပီး အခုေတာ့သူမရဲ႕ လက္ထပ္မဂၤလာပြဲမွာ ဝတ္ဆင္ ရဖုိ႔အတြက္ စိတ္လႈပ္ရွားေနတယ္လုိ႔ ဆုိပါတယ္။ မဂၤလာေဆာင္ ဝတ္စံုဝတ္ဆင္ျခင္း ၁၁ ႀကိမ္ေျမာက္ လက္ထပ္ပြဲအတြက္ ဒီဝတ္ စံုကုိ နာရီေပါင္း ၂၀၀ ေက်ာ္ၾကာေအာင္ သန္႔ရွင္းေရးနဲ႔ ျပန္လည္ျပင္ ဆင္ျခင္းျပဳလုပ္သြားရမယ္လုိ႔လည္း ဆုိပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

တချို့မိသားစုတွေက သူတို့တွေရဲ့ မိသားစုအဆက်ဆက် မျိုးရိုးအ စဉ်အလာတွေကို တန်ဖိုးထားထိန်းထိန်းသိမ်းသိမ်း ရှိတတ်ကြတာ က တကယ့်ကို ချီးကျူးအံ့သြဖွယ်ကောင်းပါတယ်။
ဗြိတိန်က တော်ဝင်မင်းမျိုးမင်းနွယ် မိသားစုတစ်စုက သူတို့ရဲ့ဘိုး ဘေးဘီဘင် ခေတ်အဆက်ဆက် ဝတ်ဆင်လာခဲ့တဲ့ သတို့သမီး ဝတ်စုံက အခု မျိုးဆက်ရဲ့ ၁၁ ဆက်မြောက် သတို့သမီးလောင်းလျာ အထိကို လက်ဆင့်ကမ်း ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၈၉၅ ခုနှစ်ကတည်းက ဘွားတော်ကြီး ဖြစ်တဲ့ မယ်ရီ လောရီ ဝါရန် ပထမဆုံး ဝတ်ဆင်ခဲ့တဲ့ ဗစ်တိုးရီးယားစတိုင်လ် သတို့ သမီးဝတ်စုံကို ဘွားတော်ကြီးရဲ့ မြေးဖြစ်သူ ၁၉၇၇ ခုနှစ်ဖွား အက်ဘီဂေးလ် ကင်းမ်စတန်းက ဝတ်စုံဝတ်ဆင်ဖို့ အချိန်ကျရောက် လာပြီဖြစ်ပါတယ်။

ကင်းမ်စတန်းက ဒီဝတ်စုံကို သူမအသက် ၅ နှစ်အရွယ်ကတည်းက ဒီဝတ်စုံကို ခြောက်ကြိမ်မြောက်ဝတ်ဆင်ပြီး လက်ထပ်ပွဲကျင်းပခဲ့ တာနဲ့ ကြုံခဲ့ဖူးပြီး အခုတော့သူမရဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝတ်ဆင် ရဖို့အတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ မင်္ဂလာဆောင် ဝတ်စုံဝတ်ဆင်ခြင်း ၁၁ ကြိမ်မြောက် လက်ထပ်ပွဲအတွက် ဒီဝတ် စုံကို နာရီပေါင်း ၂၀၀ ကျော်ကြာအောင် သန့်ရှင်းရေးနဲ့ ပြန်လည်ပြင် ဆင်ခြင်းပြုလုပ်သွားရမယ်လို့လည်း ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top