Kantharyar Centre
×

 ထိုင္းႏိုင္ငံ ေတာင္ပိုင္းတြင္ ဗံုးေပါက္ကြဲမႈ တစ္ခုျဖစ္ပြားရာ ၄ ႏွစ္အရြယ္ မိန္းကေလးငယ္ တစ္ဦးႏွင့္ ဖခင္ျဖစ္သူတို႔ ေသဆံုးသြားေၾကာင္း သိရသည္။
စက္တင္ဘာ ၆ ရက္က နာရာသီဝတ္ျပည္နယ္ရွိ မူႀကိဳေက်ာင္း တစ္ခုေ႐ွ႕တြင္ မိဘမ်ားက သားသမီးမ်ားကို ေက်ာင္းလုိက္ပို႔ခ်ိန္၌ ေမာ္ေတာ္ဆိုင္ကယ္ဗံုးတစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။ အဆိုပါဗံုးသည္ ဆိုင္ကယ္တစ္စီး၏ ဆီတိုင္ကီတြင္ ေဖာက္ခြဲေရး ကိရိယာတစ္ခု တပ္ဆင္ၿပီး တည္ေဆာက္ထားျခင္း ျဖစ္သည္။

အခင္းျဖစ္ပြားရာ တက္ခ္ဘိုင္ၿမိဳ႕မွ အမည္မေဖာ္သူ ရဲအရာရွိ တစ္ဦးက “ေပါက္ကြဲမႈေၾကာင့္ ႏွစ္ေယာက္ေသပါတယ္။ တစ္ေယာက္က မူႀကိဳေက်ာင္းသူပါ။ ၿပီးေတာ့ အရြယ္ေရာက္ၿပီးသူ တစ္ေယာက္ပါ။ ကေလးမေလးရဲ႕ဖခင္ ျဖစ္ႏိုင္ပါတယ္”ဟု AFPသို႔ ေျပာၾကားခဲ့သည္။

နာရာသီဝတ္သည္ မြတ္ဆလင္ ဦးေရ မ်ားျပားစြာ ေနထုိင္သည့္ ေဒသတစ္ခုျဖစ္ၿပီး ၂၀၀၄ ခုႏွစ္ကတည္းက ခြဲထြက္ေရး လႈပ္ရွားမႈမ်ား ရွိေနခဲ့သည္။ ယခုဗံုးခြဲမႈတြင္ ေမာ္ေတာ္ဆိုင္ကယ္ကို ေက်ာင္းဝင္ေပါက္၏ မ်က္ႏွာခ်င္းဆိုင္လမ္းတြင္ ရပ္ထားခဲ့ျခင္း ျဖစ္သည္။ ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္မ်ား အပါအဝင္ ေနာက္ထပ္ ၈ ဦး ဒဏ္ရာမ်ား ရခဲ့သည္။

“ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းမႈကို ဖ်က္လိုဖ်က္ဆီး လုပ္ခ်င္ၿပီး ျပႆနာေတြ ေပၚလာေစခ်င္တဲ့ လူတစ္စုက ဒီဗံုးခြဲမႈကို ဖန္တီးတာလို႔ ယူဆရပါတယ္”ဟု ေဒသခံ ရဲတပ္ဖြဲ႕မွ အရာရွိ တစ္ဦးျဖစ္သူ ယူသာနမ္ ပတ္ခ်္မူအန္းက Reutersသို႔ ေျပာၾကားခဲ့သည္။

ထုိင္းႏုိင္ငံတြင္ ကမာၻလွည့္ ခရီးသြားမ်ားၾကား ထင္ရွားသည့္ ဟြာဟင္း၊ ဖူးခက္ႏွင့္ ဆူရတ္သာနီတို႔တြင္ အတြဲလုိက္ ဗံုးခြဲမႈမ်ား ေပၚေပါက္ခဲ့ၿပီး တစ္လမျပည့္မီ ယခုလို ေနာက္ထပ္ ဗံုးေပါက္မႈတစ္ခု ေပၚေပါက္လာျခင္း ျဖစ္သည္။ အဆိုပါ ဗံုးခြဲမႈမ်ားသည္လည္း ေတာင္ပိုင္းေဒသ ခြဲထြက္ေရး လႈပ္ရွားသည့္ အဖဲြ႕အစည္းမ်ားႏွင့္ ဆက္စပ္ေနသည္ဟု ရဲတပ္ဖြဲ႕က စြပ္စြဲခဲ့ၿပီး ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က လူတစ္ဦးကို ဖမ္းဆီးခဲ့သည္။

ထိုင္းေတာင္ပိုင္းတြင္ ၂၀၀၄ ခုႏွစ္က စတင္သည့္ ခြဲထြက္ေရး သူပုန္ထ လႈပ္ရွားမႈမ်ားေၾကာင့္ အရပ္သား အမ်ားစု အပါအဝင္ စစ္သားမ်ား၊ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ား စုစုေပါင္း ၆၅၀၀ ေက်ာ္ အသက္ဆံုး႐ံႈးခဲ့ေၾကာင္းလည္း သိရွိရသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း သိရသည်။


စက်တင်ဘာ ၆ ရက်က နာရာသီဝတ်ပြည်နယ်ရှိ မူကြိုကျောင်း တစ်ခုရှေ့တွင် မိဘများက သားသမီးများကို ကျောင်းလိုက်ပို့ချိန်၌ မော်တော်ဆိုင်ကယ်ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါဗုံးသည် ဆိုင်ကယ်တစ်စီး၏ ဆီတိုင်ကီတွင် ဖောက်ခွဲရေး ကိရိယာတစ်ခု တပ်ဆင်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ တက်ခ်ဘိုင်မြို့မှ အမည်မဖော်သူ ရဲအရာရှိ တစ်ဦးက “ပေါက်ကွဲမှုကြောင့် နှစ်ယောက်သေပါတယ်။ တစ်ယောက်က မူကြိုကျောင်းသူပါ။ ပြီးတော့ အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ။ ကလေးမလေးရဲ့ဖခင် ဖြစ်နိုင်ပါတယ်”ဟု AFPသို့ ပြောကြားခဲ့သည်။

နာရာသီဝတ်သည် မွတ်ဆလင် ဦးရေ များပြားစွာ နေထိုင်သည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိနေခဲ့သည်။ ယခုဗုံးခွဲမှုတွင် မော်တော်ဆိုင်ကယ်ကို ကျောင်းဝင်ပေါက်၏ မျက်နှာချင်းဆိုင်လမ်းတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် နောက်ထပ် ၈ ဦး ဒဏ်ရာများ ရခဲ့သည်။

“ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီး လုပ်ချင်ပြီး ပြဿနာတွေ ပေါ်လာစေချင်တဲ့ လူတစ်စုက ဒီဗုံးခွဲမှုကို ဖန်တီးတာလို့ ယူဆရပါတယ်”ဟု ဒေသခံ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ ယူသာနမ် ပတ်ချ်မူအန်းက Reutersသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများကြား ထင်ရှားသည့် ဟွာဟင်း၊ ဖူးခက်နှင့် ဆူရတ်သာနီတို့တွင် အတွဲလိုက် ဗုံးခွဲမှုများ ပေါ်ပေါက်ခဲ့ပြီး တစ်လမပြည့်မီ ယခုလို နောက်ထပ် ဗုံးပေါက်မှုတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ ဗုံးခွဲမှုများသည်လည်း တောင်ပိုင်းဒေသ ခွဲထွက်ရေး လှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်က လူတစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထိုင်းတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်က စတင်သည့် ခွဲထွက်ရေး သူပုန်ထ လှုပ်ရှားမှုများကြောင့် အရပ်သား အများစု အပါအဝင် စစ်သားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း ၆၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။




ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top