Property Expo
×

အမ်ိဳးသမီးေတြဟာ ပြဲတစ္ခုခုအတြက္ မဟုတ္ေတာင္ ထသြားထလာ ျပင္ဆင္မႈအတြက္ ႏႈတ္ခမ္းနီေလး ဆိုးလိုက္ရမွ ေက်နပ္တတ္ၾကပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးတုိင္းမွာလည္း သူတုိ႕ၾကိဳက္တဲ့ သူတုိ႕နဲ႕လုိက္ဖက္တဲ့ ႏႈတ္ခမ္းနီ အေရာင္မ်ိဳးစံု ရွိေနၾကပါတယ္။ အဲ့ဒီလို သူတုိ႕ဆိုးေနက် အၾကိဳက္ဆံုး ႏႈတ္ခမ္းနီေရာင္ေတြက သူတုိ႕အေၾကာင္း ဘယ္လိုေျပာျပေပးေနသလဲဆုိေတာ့

၁။အနီရင့္ရင္ (သို႕) လိေမၼာ္ေရာင္

သင္ဟာ သင့္ႏႈတ္ခမ္းကို အျမဲတမ္း အနီရင့္ရင့္ဆိုးေလ့ရွိတယ္၊ ဒါမွမဟုတ္ လိေမၼာ္ေရာင္ ဆိုးရတာမ်ိဳး ၾကိဳက္တယ္ဆုိရင္ေတာ့ သင္ဟာ ဖန္တီးႏိုင္စြမ္းအားျမင့္တဲ့သူ၊ ရဲရင့္တဲ့သူ၊ စြန္႕စားရတဲ့အရာမ်ိဳးေတြ ၾကိဳက္တဲ့သူျဖစ္ျပီး ကိုယ့္ကိုကိုယ္လည္း ယံုၾကည္မႈအျပည့္ရွိတဲ့သူပါ။  သင္ဟာ သင့္ဘ၀ပန္းတုိင္အတြက္ အျမဲၾကိဳးစားလုပ္ေဆာင္ေနသူျဖစ္ျပီး ဘယ္အရာကိုမွ သင့္ေၾကာင့္ ရံႈးနိမ့္သြားတာမ်ိဳး မျဖစ္ရေအာင္ ၾကိဳးစားေလ့ရွိသူပါ။

၂။ပန္းေရာင္

သင္ဟာပန္းေရာင္ႏႈတ္ခမ္းနီကိုသာ အျမဲေရြးခ်ယ္ျဖစ္တယ္ဆုိ၇င္ေတာ့ သင္ဟာ
ဆုိရွယ္က်တယ္။ ခင္မင္စရာေကာင္းတယ္။ အျပင္သြားရတာမ်ိဳးလည္း ႏွစ္ျခိဳက္ပါတယ္တဲ့။  ဒါ့အျပင္သင္ဟာ ဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသမီးျဖစ္ပါလိမ့္မယ္။ အသြင္အျပင္တင္ ဆြဲေဆာင္မႈရွိတာမ်ိဳး မဟုတ္ပဲ သင့္အက်င့္စရိုက္ေတြကပါ တစ္ဖက္လူကိုဆြဲေဆာင္ေနတတ္ပါတယ္။ သင့္ေဘးမွာ သင့္ကိုသေဘာက်တဲ့သူေတြ အျမဲရွိတတ္ပါတယ္။ သင္ဟာလူေတြကို အျမဲျပံဳးေစတတ္သူျဖစ္ျပီး ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးေတြကစလို႕ စိတ္လႈပ္ရွားစရာေကာင္းေနေအာင္ သင္အျမဲၾကိဳးစားလုပ္ေဆာင္ေလ့ရွိပါတယ္။

၃။အသားေရာင္ ဒါမွမဟုတ္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့

ဒီလိုႏႈတ္ခမ္းနီေရာင္ေတြ ဆုိးေလ့ရွိတဲ့သူကေတာ့ ခင္မင္စရာေကာင္းျပီး ခ်စ္စရာေကာင္းသူေတြပါ။ ကေလးနည္းနည္းဆန္ေပမယ့္ တစ္ခ်ိန္တည္းမွာ ရင့္က်က္ေနျပန္ပါေရာ။ သူဟာ တစ္ျခားလူေတြကို စာနာတတ္တယ္။ သစၥာရွိတယ္။ တစ္ပါးသူေတြကို ယံုၾကည္တတ္တယ္လို႕လည္း ဆုိပါတယ္။ သင္ဟာတစ္ခါတစ္ေလ ရွက္ေနတတ္ေပမယ့္ သင့္စိတ္ထဲရွိတဲ့အရာေတြကိုလည္း တစ္ခါတစ္ေလ ဖြင့္ဟေနတတ္ျပန္ေရာ။  သင့္ရဲ႕ေႏြးေထြးတဲ့စိတ္ထားေၾကာင့္ လူေတြဟာ သင့္ကိုသေဘာက်ၾကပါတယ္။

၄။နီညိဳေရာင္

သင္ဟာ သင့္ႏႈတ္ခမ္းကို နီညိဳေရာင္လို ႏႈတ္ခမ္းနီအေရာင္မ်ိဳး ဆိုးတတ္သူဆုိရင္ေတာ့ သင္ဟာ သင့္ဆံုးျဖတ္ခ်က္နဲ႕သင္ရပ္တည္ျပီး ဘယ္သူ႔ကိုမွ ဂရုစိုက္စရာ မလိုဘူးလို႕ အျမဲေတြးတတ္သူပါ။ ဒါ့အျပင္ သင့္ကို လူေတြက ယံုၾကည္ၾကပါတယ္။ ဘာလို႕လဲဆုိေတာ့ သင္ဟာ လုပ္ရဲကိုင္ရဲတဲ့ သတိၱမ်ိဳးရွိျပီး ရဲရင့္လို႕ပါပဲ။ တျခားလူေတြကို သင္ဘယ္ေတာ့မွ အတုခုိးျပီး လုပ္ေဆာင္ေလ့မရွိေပမာ့္ တျခားလူေတြကေတာ့ သင့္ပံုစံကို ၾကည့္ျပီး သေဘာက်တာမ်ိဳး ခံရပါတယ္။

၅။အနက္ေရာင္၊ ခရမ္းရင့္ေရာင္

ႏႈတ္ခမ္းနီေရာင္မွာ အနက္ေရာင္ေရြးတဲ့သူက ခပ္ရွားရွားပါ။ ခရမ္းရင့္ေရာင္ေရြးဆိုးတဲ့သူလည္း နည္းပါတယ္။ သင္က ဒီလိုအေရာင္မ်ိဳး ဆုိတယ္ဆုိရင္ေတာ့ သင့္ကို အလြယ္တကူး ခ်ဥ္းကပ္လို႕မရဘူးဆုိတာ ေပၚလြင္သြားေစတာပါပဲ။ သင္ဟာ သူငယ္ခ်င္းလုပ္ဖုိ႕ ခက္ခဲပါတယ္။ သင္ခင္မင္ျပီဆုိရင္လည္း တစ္သက္ပါပဲ။ ဒါ့အျပင္ သင္ဟာ လူေတြနဲ႕ေရာေရာေႏွာေႏွာ မေနတတ္ပါဘူး။ သင္ဟာ သင့္စိတ္ထဲဘာရွိေနတယ္၊ သင့္အယူအဆ၊ အျမင္က ဘာဆုိတာေတာင္ သူတစ္ပါးကို ေပးမသိတတ္ပါဘူး။

၆။ႏႈတ္ခမ္းနီအဆီ

Lip -balm လုိ ႏႈတ္ခမ္းနီအဆီေလးသာ ဆုိးတယ္ဆုိ၇င္ေတာ့ သင္ဟာ ရင့္က်က္ျပီး  စည္းမ်ဥး္စည္းကမ္းေတြကို လိုက္နာတတ္တဲ့သူပါ။ သင့္မွာ သင့္ႏႈတ္ခမ္းနဲ႕ ပတ္သက္ျပီး ယံုၾကည္မႈအျပည့္ရွိပါတယ္။  သင္ဟာ အရာရာကို ကိုယ့္စိတ္ၾကိဳက္ဆံုးျဖတ္ လုပ္ေဆာင္ရတာကို သေဘာက်ျပီး တစ္ျခားလူက သင့္ကို လာေျပာင္းလဲတာမ်ိဳး ဘယ္ေတာ့မွ လက္မခံတတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အမျိုးသမီးတွေဟာ ပွဲတစ်ခုခုအတွက် မဟုတ်တောင် ထသွားထလာ ပြင်ဆင်မှုအတွက် နှုတ်ခမ်းနီလေး ဆိုးလိုက်ရမှ ကျေနပ်တတ်ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတိုင်းမှာလည်း သူတို့ကြိုက်တဲ့ သူတို့နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီ အရောင်မျိုးစုံ ရှိနေကြပါတယ်။ အဲ့ဒီလို သူတို့ဆိုးနေကျ အကြိုက်ဆုံး နှုတ်ခမ်းနီရောင်တွေက သူတို့အကြောင်း ဘယ်လိုပြောပြပေးနေသလဲဆိုတော့

၁။အနီရင့်ရင် (သို့) လိမ္မော်ရောင်

သင်ဟာ သင့်နှုတ်ခမ်းကို အမြဲတမ်း အနီရင့်ရင့်ဆိုးလေ့ရှိတယ်၊ ဒါမှမဟုတ် လိမ္မော်ရောင် ဆိုးရတာမျိုး ကြိုက်တယ်ဆိုရင်တော့ သင်ဟာ ဖန်တီးနိုင်စွမ်းအားမြင့်တဲ့သူ၊ ရဲရင့်တဲ့သူ၊ စွန့်စားရတဲ့အရာမျိုးတွေ ကြိုက်တဲ့သူဖြစ်ပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအပြည့်ရှိတဲ့သူပါ။  သင်ဟာ သင့်ဘဝပန်းတိုင်အတွက် အမြဲကြိုးစားလုပ်ဆောင်နေသူဖြစ်ပြီး ဘယ်အရာကိုမှ သင့်ကြောင့် ရှုံးနိမ့်သွားတာမျိုး မဖြစ်ရအောင် ကြိုးစားလေ့ရှိသူပါ။

၂။ပန်းရောင်

သင်ဟာပန်းရောင်နှုတ်ခမ်းနီကိုသာ အမြဲရွေးချယ်ဖြစ်တယ်ဆို၇င်တော့ သင်ဟာ
ဆိုရှယ်ကျတယ်။ ခင်မင်စရာကောင်းတယ်။ အပြင်သွားရတာမျိုးလည်း နှစ်ခြိုက်ပါတယ်တဲ့။  ဒါ့အပြင်သင်ဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဖြစ်ပါလိမ့်မယ်။ အသွင်အပြင်တင် ဆွဲဆောင်မှုရှိတာမျိုး မဟုတ်ပဲ သင့်အကျင့်စရိုက်တွေကပါ တစ်ဖက်လူကိုဆွဲဆောင်နေတတ်ပါတယ်။ သင့်ဘေးမှာ သင့်ကိုသဘောကျတဲ့သူတွေ အမြဲရှိတတ်ပါတယ်။ သင်ဟာလူတွေကို အမြဲပြုံးစေတတ်သူဖြစ်ပြီး ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကစလို့ စိတ်လှုပ်ရှားစရာကောင်းနေအောင် သင်အမြဲကြိုးစားလုပ်ဆောင်လေ့ရှိပါတယ်။

၃။အသားရောင် ဒါမှမဟုတ် ပန်းရောင်ဖျော့ဖျော့

ဒီလိုနှုတ်ခမ်းနီရောင်တွေ ဆိုးလေ့ရှိတဲ့သူကတော့ ခင်မင်စရာကောင်းပြီး ချစ်စရာကောင်းသူတွေပါ။ ကလေးနည်းနည်းဆန်ပေမယ့် တစ်ချိန်တည်းမှာ ရင့်ကျက်နေပြန်ပါရော။ သူဟာ တစ်ခြားလူတွေကို စာနာတတ်တယ်။ သစ္စာရှိတယ်။ တစ်ပါးသူတွေကို ယုံကြည်တတ်တယ်လို့လည်း ဆိုပါတယ်။ သင်ဟာတစ်ခါတစ်လေ ရှက်နေတတ်ပေမယ့် သင့်စိတ်ထဲရှိတဲ့အရာတွေကိုလည်း တစ်ခါတစ်လေ ဖွင့်ဟနေတတ်ပြန်ရော။  သင့်ရဲ့နွေးထွေးတဲ့စိတ်ထားကြောင့် လူတွေဟာ သင့်ကိုသဘောကျကြပါတယ်။

၄။နီညိုရောင်

သင်ဟာ သင့်နှုတ်ခမ်းကို နီညိုရောင်လို နှုတ်ခမ်းနီအရောင်မျိုး ဆိုးတတ်သူဆိုရင်တော့ သင်ဟာ သင့်ဆုံးဖြတ်ချက်နဲ့သင်ရပ်တည်ပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ အမြဲတွေးတတ်သူပါ။ ဒါ့အပြင် သင့်ကို လူတွေက ယုံကြည်ကြပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ လုပ်ရဲကိုင်ရဲတဲ့ သတ္တိမျိုးရှိပြီး ရဲရင့်လို့ပါပဲ။ တခြားလူတွေကို သင်ဘယ်တော့မှ အတုခိုးပြီး လုပ်ဆောင်လေ့မရှိပေမာ့် တခြားလူတွေကတော့ သင့်ပုံစံကို ကြည့်ပြီး သဘောကျတာမျိုး ခံရပါတယ်။

၅။အနက်ရောင်၊ ခရမ်းရင့်ရောင်

နှုတ်ခမ်းနီရောင်မှာ အနက်ရောင်ရွေးတဲ့သူက ခပ်ရှားရှားပါ။ ခရမ်းရင့်ရောင်ရွေးဆိုးတဲ့သူလည်း နည်းပါတယ်။ သင်က ဒီလိုအရောင်မျိုး ဆိုတယ်ဆိုရင်တော့ သင့်ကို အလွယ်တကူး ချဉ်းကပ်လို့မရဘူးဆိုတာ ပေါ်လွင်သွားစေတာပါပဲ။ သင်ဟာ သူငယ်ချင်းလုပ်ဖို့ ခက်ခဲပါတယ်။ သင်ခင်မင်ပြီဆိုရင်လည်း တစ်သက်ပါပဲ။ ဒါ့အပြင် သင်ဟာ လူတွေနဲ့ရောရောနှောနှော မနေတတ်ပါဘူး။ သင်ဟာ သင့်စိတ်ထဲဘာရှိနေတယ်၊ သင့်အယူအဆ၊ အမြင်က ဘာဆိုတာတောင် သူတစ်ပါးကို ပေးမသိတတ်ပါဘူး။

၆။နှုတ်ခမ်းနီအဆီ

Lip -balm လို နှုတ်ခမ်းနီအဆီလေးသာ ဆိုးတယ်ဆို၇င်တော့ သင်ဟာ ရင့်ကျက်ပြီး  စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့သူပါ။ သင့်မှာ သင့်နှုတ်ခမ်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိပါတယ်။  သင်ဟာ အရာရာကို ကိုယ့်စိတ်ကြိုက်ဆုံးဖြတ် လုပ်ဆောင်ရတာကို သဘောကျပြီး တစ်ခြားလူက သင့်ကို လာပြောင်းလဲတာမျိုး ဘယ်တော့မှ လက်မခံတတ်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top