Kantharyar Centre
×

ေနပူခံ လိမ္းေဆးမ်ား၊ ေခါင္းေလွ်ာ္ရည္မ်ားႏွင့္ အသားအေရ စုိျပည္ေစေသာ လိမ္းေဆး အခ်ိဳ႕ တြင္ ေတြ႕ရသည့္ ဓာတု ပစၥည္းမ်ားေၾကာင့္ အမ်ဳိးသားမ်ား မ်ိဳးမေအာင္ ျဖစ္ႏုိင္ေၾကာင္း ေလ့ လာမႈ တစ္ရပ္ ကေဖာ္ျပသည္။

ခရမ္းလြန္ေရာင္ျခည္ကုိ စစ္ထုတ္ေပးေသာ Benzophenone အတန္းအစား ဓာတုပစၥည္း ၂၉ မ်ိဳးခန္႔က အမ်ိဳးသားမ်ား၏ မ်ိဳးေအာင္ႏုိင္မႈ ကုိ ေႏွးေကြး သြားေစေၾကာင္း နယူးေယာက္ျပည္နယ္ က်န္းမာေရးဌာနႏွင့္ အမ်ိဳးသား က်န္းမာေရးဌာန(NIH) တုိ႔ ၏ ကနဦးေလ့လာမႈ အတြင္းေတြ႕ ရိွခဲ့သည္။ အေရျပားက စုပ္ယူမႈ အေပၚမူတည္၍ ယင္းဓာတုပစၥည္း အခ်ိဳ႕က ခႏၶာကုိယ္၏ ေဟာ္မုန္းႏွင့္ေဟာ္မုန္း ထုတ္ေသာ အဂၤါမ်ား၏ လုပ္ငန္းစဥ္မ်ားကုိ အေႏွာင့္အယွက္ေပးႏုိင္ သည္ဟု NIH ကေဖာ္ျပသည္။

ခရမ္းလြန္ေရာင္ျခည္ ကာကြယ္ေပးေသာ BP-2 (သုိ႔) 40 H-BP တို႔ႏွင့္ ထိေတြ႕မႈမ်ားေသာ အမ်ိဳးသားမ်ား တြင္ မ်ိဳးေအာင္ႏုိင္မႈ ၃၀ ရာခိုင္ႏႈန္းေလ်ာ့က်သြားေၾကာင္း သုေတသီမ်ား စစ္ေဆးေတြ႕ရိွခဲ့ၿပီး ယင္းကဲ့သုိ႔ မ်ိဳးေအာင္ႏုိင္မႈေလ်ာ့က်ျခင္းက သေႏၶေအာင္ေစရန္ အခ်ိန္ကို ပုိၾကာသြားေစသည္။

ယင္းေလ့လာမႈကို Epidemiology ဂ်ာနယ္တြင္ ေဖာ္ျပထား သည္။ သုိ႔ေသာ္အမ်ိဳးသမီးမ်ားမွာ ယင္းဓာတု ပစၥည္းမ်ားႏွင့္ မ်ားစြာ ထိေတြ႕ေသာ္လည္း ကုိယ္၀န္ရျခင္းကုိ ေႏွးေကြးသြားေစျခင္း မရိွဟု သုေတသီ ပါေမာကၡဂ်ာမိန္းလူး၀စ္ ကေျပာသည္။

အေရျပားမွာ ခႏၶာကုိယ္၏ အႀကီးဆံုးအဂၤါျဖစ္ၿပီး ေနေရာင္ ျခည္မွ ကာကြယ္ရန္ ေနပူခံလိမ္း ေဆးမ်ား လုိအပ္ေၾကာင္းႏွင့္ အေရျပားကင္ဆာ မျဖစ္ေစရန္ ေနပူခံလိမ္းေဆးမ်ား လိမ္းရန္ လိုသည္။ သုိ႔ေသာ္ အမ်ိဳးသားမ်ားမွာ ေနပူခံ လိမ္းေဆးမ်ားတြင္ ပါ၀င္ေသာ ဓာတုပစၥည္းမ်ားေၾကာင့္ ၿမံဳသြားႏုိင္ေသာေၾကာင့္ ပစၥည္းေရြးသံုးရန္(သုိ႔) အျပင္မွ ျပန္လာၿပီးေနာက္ ေဆးေၾကာသန္႔ရွင္း ပစ္ရန္စသည့္ အႏၲရာယ္ကင္းေသာ နည္းလမ္းမ်ိဳးကုိ စဥ္းစားသင့္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

နေပူခံ လိမ်းဆေးများ၊ ခေါင်းလျှော်ရည်များနှင့် အသားအရေ စိုပြည်စေသော လိမ်းဆေး အချို့ တွင် တွေ့ရသည့် ဓာတု ပစ္စည်းများကြောင့် အမျိုးသားများ မျိုးမအောင် ဖြစ်နိုင်ကြောင်း လေ့ လာမှု တစ်ရပ် ကဖော်ပြသည်။

ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်ပေးသော Benzophenone အတန်းအစား ဓာတုပစ္စည်း ၂၉ မျိုးခန့်က အမျိုးသားများ၏ မျိုးအောင်နိုင်မှု ကို နှေးကွေး သွားစေကြောင်း နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနနှင့် အမျိုးသား ကျန်းမာရေးဌာန(NIH) တို့ ၏ ကနဦးလေ့လာမှု အတွင်းတွေ့ ရှိခဲ့သည်။ အရေပြားက စုပ်ယူမှု အပေါ်မူတည်၍ ယင်းဓာတုပစ္စည်း အချို့က ခန္ဓာကိုယ်၏ ဟော်မုန်းနှင့်ဟော်မုန်း ထုတ်သော အင်္ဂါများ၏ လုပ်ငန်းစဉ်များကို အနှောင့်အယှက်ပေးနိုင် သည်ဟု NIH ကဖော်ပြသည်။

ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးသော BP-2 (သို့) 40 H-BP တို့နှင့် ထိတွေ့မှုများသော အမျိုးသားများ တွင် မျိုးအောင်နိုင်မှု ၃၀ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သုတေသီများ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ မျိုးအောင်နိုင်မှုလျော့ကျခြင်းက သန္ဓေအောင်စေရန် အချိန်ကို ပိုကြာသွားစေသည်။

ယင်းလေ့လာမှုကို Epidemiology ဂျာနယ်တွင် ဖော်ပြထား သည်။ သို့သော်အမျိုးသမီးများမှာ ယင်းဓာတု ပစ္စည်းများနှင့် များစွာ ထိတွေ့သော်လည်း ကိုယ်ဝန်ရခြင်းကို နှေးကွေးသွားစေခြင်း မရှိဟု သုတေသီ ပါမောက္ခဂျာမိန်းလူးဝစ် ကပြောသည်။

အရေပြားမှာ ခန္ဓာကိုယ်၏ အကြီးဆုံးအင်္ဂါဖြစ်ပြီး နေရောင် ခြည်မှ ကာကွယ်ရန် နေပူခံလိမ်း ဆေးများ လိုအပ်ကြောင်းနှင့် အရေပြားကင်ဆာ မဖြစ်စေရန် နေပူခံလိမ်းဆေးများ လိမ်းရန် လိုသည်။ သို့သော် အမျိုးသားများမှာ နေပူခံ လိမ်းဆေးများတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် မြုံသွားနိုင်သောကြောင့် ပစ္စည်းရွေးသုံးရန်(သို့) အပြင်မှ ပြန်လာပြီးနောက် ဆေးကြောသန့်ရှင်း ပစ်ရန်စသည့် အန္တရာယ်ကင်းသော နည်းလမ်းမျိုးကို စဉ်းစားသင့်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top