Property Expo
×

ယမန္ေန႔က ဘုိင္ယန္ ကုိ အႏုိင္ရေသာပြဲကို အက္သ လက္တီကုိနည္းျပ ဒီေယဂုိဆီႁမြန္နီက ေက်နပ္ေနၿပီး မိမိတာ၀န္ယူစဥ္ အေကာင္းဆံုးႏုိင္ပြဲတစ္ခုဟု
 ေႂကြးေၾကာ္လုိက္သည္။

ယန္းနစ္ကာရက္စကုိ၏ ပထမပုိင္းသြင္းဂုိးျဖင့္ ဘုိင္ယန္အေပၚ ၁-၀ ဂုိး ျဖင့္ အႏုိင္ရခဲ့ျခင္းကုိ ဆီႁမြန္နီက ဂုဏ္ယူမဆံုးျဖစ္ ေနသည္။

ဆီႁမြန္နီသည္ အက္သလက္ တီကုိကုိ လာလီဂါဖလားတစ္ ႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲ ႏွစ္ႀကိမ္ေရာက္ရိွေအာင္ အတိတ္ က စြမ္းေဆာင္ခဲ့ေသာ္လည္း ယခု ေနာက္ဆံုးႏုိင္ပဲြအေပၚ အထူးဂုဏ္ယူေနသည္။

‘‘(က)အသင္းမန္ေနဂ်ာျဖစ္ ေနတယ္။ ကံေကာင္းပါတယ္။ ပဲြတုိင္းကုိ ဇြဲနပဲနဲ႔ ကြၽန္ေတာ္တုိ႔ ကစားေစခ်င္တဲ့အတုိင္း  ကစား တတ္တယ္။ ဒီေန႔ဆုိရင္ အကုန္ လံုးကုိ သေဘာက်တယ္။ ကြၽန္ ေတာ္တို႔ ဖိအားေပးတုိက္စစ္ဆင္ တယ္။ ျပန္ထုိင္ၿပီး ေကာင္တာက ေန ဂုိးဖန္တီးတယ္။ အားလံုး ေကာင္းေကာင္းလုပ္ႏုိင္ခဲ့တယ္’’ ဟု ဆီႁမြန္နီက ေျပာၾကားသည္။

‘‘အရမ္းမာေက်ာတဲ့ အသင္းတစ္သင္းကုိ မိနစ္ ၉၀ လံုးလံုး အျပင္းအထန္တိုက္ပြဲ၀င္ခဲ့တယ္။ အက္သလက္တီကုိမွာ ကြၽန္ေတာ္ ရရိွတဲ့ အေကာင္းဆံုးေအာင္ျမင္မႈ တစ္ခုပါပဲ’’ဟု ဆီႁမြန္နီက ဆက္ လက္ေျပာသည္။

ထုိအေတာအတြင္း ဘုိင္ ယန္ျမဴးနစ္အေနျဖင့္ အက္သ လက္တီကုိပြဲတြင္ ယခုရာသီပထ မဆံုး႐ႈံးပြဲႀကံဳေတြ႕ျခင္းကုိ ေမ့ပစ္ ၿပီး ဘြန္ဒက္စ္လီဂါ၌ ကုိလုန္းႏွင့္ပြဲ ကို အႏုိင္ယူ၍ ျပန္လည္႐ုန္း ထၾကရန္ ဘုိင္ယန္ဥကၠ႒ ႐ူမီနစ္ ဂီက အသင္းသားမ်ားအား တုိက္ တြန္းလိုက္သည္။

     ‘‘ဒီ႐ႈံးပြဲကုိ ဒရာမာဆန္ေအာင္ လုပ္လည္း အဓိပၸာယ္မရိွဘူး။ အခုအခ်ိန္မွာ အေရးႀကီးတာဟာ ဘြန္ဒက္စ္လီဂါမွာ ကြၽန္ေတာ္တို႔ ရဲ႕ ဦးေဆာင္မႈကုိ ကာကြယ္ဖို႔ စေနေန႔ကုိလုန္းနဲ႔ ပြဲမွာ ခ်က္ခ်င္းတုံ႔ ျပန္ဖို႔ပါပဲ’’ဟု ႐ူမီနစ္ဂီက ပြဲအၿပီးညစာစားပြဲတြင္ နည္းျပအန္ဆယ္ ေလာ့တီႏွင့္ ကစားသမားမ်ားအား ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယမန်နေ့က ဘိုင်ယန် ကို အနိုင်ရသောပွဲကို အက်သ လက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက ကျေနပ်နေပြီး မိမိတာဝန်ယူ စဉ် အကောင်းဆုံးနိုင်ပွဲတစ်ခုဟု ကြွေးကြော်လိုက်သည်။

ယန်းနစ်ကာရက်စကို၏ ပထမပိုင်းသွင်းဂိုးဖြင့် ဘိုင်ယန်အပေါ် ၁-၀ ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းကို ဆီမြွန်နီက ဂုဏ်ယူမဆုံးဖြစ် နေသည်။

ဆီမြွန်နီသည် အက်သလက် တီကိုကို လာလီဂါဖလားတစ် ကြိမ်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်ရောက်ရှိအောင် အတိတ် က စွမ်းဆောင်ခဲ့သော်လည်း ယခု နောက်ဆုံးနိုင်ပွဲအပေါ် အထူးဂုဏ်ယူနေသည်။

‘‘(က)အသင်းမန်နေဂျာဖြစ် နေတယ်။ ကံကောင်းပါတယ်။ ပွဲတိုင်းကို ဇွဲနပဲနဲ့ ကျွန်တော်တို့ ကစားစေချင်တဲ့အတိုင်း  ကစား တတ်တယ်။ ဒီနေ့ဆိုရင် အကုန် လုံးကို သဘောကျတယ်။ ကျွန် တော်တို့ ဖိအားပေးတိုက်စစ်ဆင် တယ်။ ပြန်ထိုင်ပြီး ကောင်တာက နေ ဂိုးဖန်တီးတယ်။ အားလုံး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်’’ ဟု ဆီမြွန်နီက ပြောကြားသည်။

‘‘အရမ်းမာကျောတဲ့ အသင်းတစ်သင်းကို မိနစ် ၉၀ လုံးလုံး အပြင်းအထန်တိုက်ပွဲဝင်ခဲ့တယ်။ အက်သလက်တီကိုမှာ ကျွန်တော် ရရှိတဲ့ အကောင်းဆုံးအောင်မြင်မှု တစ်ခုပါပဲ’’ဟု ဆီမြွန်နီက ဆက် လက်ပြောသည်။

ထိုအတောအတွင်း ဘိုင် ယန်မြူးနစ်အနေဖြင့် အက်သ လက်တီကိုပွဲတွင် ယခုရာသီပထ မဆုံးရှုံးပွဲကြုံတွေ့ခြင်းကို မေ့ပစ် ပြီး ဘွန်ဒက်စ်လီဂါ၌ ကိုလုန်းနှင့်ပွဲ ကို အနိုင်ယူ၍ ပြန်လည်ရုန်း ထကြရန် ဘိုင်ယန်ဥက္ကဋ္ဌ ရူမီနစ် ဂီက အသင်းသားများအား တိုက် တွန်းလိုက်သည်။

     ‘‘ဒီရှုံးပွဲကို ဒရာမာဆန်အောင် လုပ်လည်း အဓိပ္ပာယ်မရှိဘူး။ အခုအချိန်မှာ အရေးကြီးတာဟာ ဘွန်ဒက်စ်လီဂါမှာ ကျွန်တော်တို့ ရဲ့ ဦးဆောင်မှုကို ကာကွယ်ဖို့ စနေနေ့ကိုလုန်းနဲ့ ပွဲမှာ ချက်ချင်းတုံ့ ပြန်ဖို့ပါပဲ’’ဟု ရူမီနစ်ဂီက ပွဲအပြီးညစာစားပွဲတွင် နည်းပြအန်ဆယ် လော့တီနှင့် ကစားသမားများအား ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top