Property Expo
×




                                     ယခုပံုမွာ နမူနာပံုသာျဖစ္သည္

 ပဲခူးတိုင္းေဒသႀကီး ေ၀ါၿမိဳ႕နယ္ ဧကရာဇ္ေက်းရြာအနီး အိမ္ကားႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိၿပီး အမ်ိဳးသမီးႏွစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး ေနရာတြင္ ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ သည့္ ယာဥ္ႏွစ္စီးမွာ ဘုရားႀကီးမွ က်ိဳက္ထိုသို႔ ေမာင္းႏွင္လာသည့္ တုိယိုတာ(Wish)ယာဥ္ႏွင့္ က်ိဳက္ထိုမွ ဘုရားႀကီးဘက္သို႔ ေမာင္း ႏွင္လာသည့္ မတ္တူးယာဥ္တို႔ အရွိန္လြန္ကာ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္းျဖစ္ေၾကာင္း ေ၀ါၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာ ၾကားသည္။


‘‘မ်က္ႏွာခ်င္းဆိုင္ ၀င္တိုက္ တဲ့အရွိန္ေၾကာင့္ ေနရာမွာတင္ ႏွစ္ေယာက္ကေတာ့ ေသသြား တယ္။ က်န္တဲ့သံုးေယာက္မွာ တစ္ေယာက္ကေတာ့ ေဆး႐ံုအ သြားမွာ ထပ္ေသတယ္။ ယာဥ္ ေမာင္းႏွစ္ေယာက္ကိုေတာ့ ေဆး ႐ံုတင္ထားတယ္’’ဟု အဆိုပါရဲ အရာရွိကေျပာသည္။

ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ တိုယိုတာ (Wish) ယာဥ္ေပၚတြင္ အမ်ိဳးသမီးသံုးဦးႏွင့္ အမ်ိဳးသား တစ္ဦးပါ၀င္ၿပီး မတ္တူးယာဥ္ေပၚ တြင္ အမ်ိဳးသားႏွစ္ဦး လိုက္ပါစီး နင္းလာကာ ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းမိုင္တိုင္အမွတ္ ၆၆ မိုင္ ၅ ဖာလံုအေက်ာ္တြင္ စက္တင္ ဘာ ၃ ရက္ ေန႔လယ္ ၂ နာရီေက်ာ္ တြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

‘‘အရွိိန္ေတာ့မ်ားတယ္။ မိုး လည္းရြာေနေတာ့ မ်က္ႏွာခ်င္း ဆိုင္တိုက္တာ။ တစ္စီးကေတာ့ ေ၀ါၿမိဳ႕နယ္က ကားပါ။ ယာဥ္ ေမာင္းႏွစ္ေယာက္လည္း အေျခ အေနမေကာင္းဘူး။ အမ်ိဳးသမီး တစ္ေယာက္ပဲ အေျခအေန ေကာင္းတယ္။ သတိထားေမာင္း ၾကပါလို႔ ေျပာခ်င္ပါတယ္’’ ဟု ယာဥ္တိုက္မႈကို မ်က္ျမင္ေတြ႕ရွိ သူ အမ်ိဳးသားတစ္ဦးက ေျပာ သည္။

ယာဥ္တိုက္မႈ ျဖစ္ပြားသည့္ အတြက္ ယာဥ္ႏွစ္စီး ပ်က္စီးမႈ တန္ဖိုး က်ပ္ ၂၂ သိန္းခန္႔ ရွိခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ အသက္(၂၄)ႏွစ္အရြယ္ ေက်ာ္သူေအာင္ႏွင့္ (၃၀)ႏွစ္အရြယ္ရွိ ေအာင္ထက္သူ တို႔ကို ေ၀ါၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၃၇/၃၃၈/၃၀၄-က ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဧကရာဇ်ကျေးရွာအနီး အိမ်ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မျက်နှာချင်းဆိုင် တိုက်မိခဲ့ သည့် ယာဉ်နှစ်စီးမှာ ဘုရားကြီးမှ ကျိုက်ထိုသို့ မောင်းနှင်လာသည့် တိုယိုတာ(Wish)ယာဉ်နှင့် ကျိုက်ထိုမှ ဘုရားကြီးဘက်သို့ မောင်း နှင်လာသည့် မတ်တူးယာဉ်တို့ အရှိန်လွန်ကာ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ဝေါမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော ကြားသည်။


‘‘မျက်နှာချင်းဆိုင် ဝင်တိုက် တဲ့အရှိန်ကြောင့် နေရာမှာတင် နှစ်ယောက်ကတော့ သေသွား တယ်။ ကျန်တဲ့သုံးယောက်မှာ တစ်ယောက်ကတော့ ဆေးရုံအ သွားမှာ ထပ်သေတယ်။ ယာဉ် မောင်းနှစ်ယောက်ကိုတော့ ဆေး ရုံတင်ထားတယ်’’ဟု အဆိုပါရဲ အရာရှိကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် တိုယိုတာ (Wish) ယာဉ်ပေါ်တွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသား တစ်ဦးပါဝင်ပြီး မတ်တူးယာဉ်ပေါ် တွင် အမျိုးသားနှစ်ဦး လိုက်ပါစီး နင်းလာကာ ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် ၆၆ မိုင် ၅ ဖာလုံအကျော်တွင် စက်တင် ဘာ ၃ ရက် နေ့လယ် ၂ နာရီကျော် တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘အရှိန်တော့များတယ်။ မိုး လည်းရွာနေတော့ မျက်နှာချင်း ဆိုင်တိုက်တာ။ တစ်စီးကတော့ ဝေါမြို့နယ်က ကားပါ။ ယာဉ် မောင်းနှစ်ယောက်လည်း အခြေ အနေမကောင်းဘူး။ အမျိုးသမီး တစ်ယောက်ပဲ အခြေအနေ ကောင်းတယ်။ သတိထားမောင်း ကြပါလို့ ပြောချင်ပါတယ်’’ ဟု ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိ သူ အမျိုးသားတစ်ဦးက ပြော သည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် အတွက် ယာဉ်နှစ်စီး ပျက်စီးမှု တန်ဖိုး ကျပ် ၂၂ သိန်းခန့် ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက်(၂၄)နှစ်အရွယ် ကျော်သူအောင်နှင့် (၃၀)နှစ်အရွယ်ရှိ အောင်ထက်သူ တို့ကို ဝေါမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top