Kantharyar Centre
×

ျပင္ဦးလြင္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အင္န္အယ္လ္ဒီ) အလုပ္အမႈေဆာင္
အမ်ဳိးသမီးတစ္ဦး၏ လူမႈကြန္ရက္ေပၚတင္ထားသည့္ ဓာတ္ပံုေအာက္တြင္ အမ်ဳိးသမီးမ်ား
ဂုဏ္သိကၡာထိခိုက္နစ္နာေစရန္ ႐ိုင္းပ်စြာေရးသားခဲ့သည္ဟုဆိုကာ ၿမိဳ႕နယ္အလုပ္
အမႈေဆာင္ တစ္ဦးကို တရားစြဲဆိုရန္ စီစဥ္လ်က္ရွိသည္။

“သူေရးလိုက္တာ ပံုထဲမွာပါတဲ့ အမ်ဳိးသမီးေတြကို ဂိုဒါးအိမ္ ပို႔မယ္လို႔ေရးလိုက္တယ္။
ပထမေတာ့ မသိပါဘူး။ ေနာက္ပိုင္းမွ ဂိုဒါးအိမ္ဆိုတာမေကာင္းတာလုပ္စားတဲ့ အိမ္မွန္း
သိရတယ္။ ကြ်န္မ အခု ဥပေဒအၾကံဉာဏ္ ရယူေနပါၿပီ။ ဆက္ၿပီးလုပ္စရာရွိတာ လုပ္သြား
မွာပါ”ဟု အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ၀င္ ေဒၚခ်ယ္ရီ၀င္းက ျမန္မာတိုင္း(မ္)ကို
စက္တင္ဘာ ၁၂ ရက္ေန႔တြင္ ေျပာသည္။

အင္န္အယ္ဒီပါတီမွ ျပင္ဦးလြင္ၿမိဳ႕နယ္ ဘ႑ာေရးမႉး၊ ရပ္ေက်းအလုပ္အမႈေဆာင္၊
အဖြဲ႕ခ်ဳပ္ပါတီ၀င္တစ္ဦးျဖစ္သူ ေဒၚခ်ဳိခ်ဳိေအးႏွင့္အတူ ဒီမိုကရက္တစ္ ျမန္မာ့အသံ
(ဒီဗြီဘီ)သတင္းဌာနမွ အမ်ဳိးသမီး သတင္းေထာက္တို႔ ႐ိုက္ကူးထားသည့္ ယင္းဓာတ္ပံု
ေအာက္၌ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ အဖြဲ႕၀င္ ဦးသိန္းေဇာ္က စက္တင္ဘာ ၄ ရက္၌
အဆိုပါညစ္ညမ္းစာမ်ား ၀င္ေရာက္ ေရးသားခဲ့ျခင္းျဖစ္သည္။ “အြန္လိုင္းေပၚမွာ ေရးတာဆိုေတာ့ေတာ္ေတာ္ဆိုး၀ါးသြားတယ္လို႔ေျပာခ်င္တယ္။
အျခားသူေတြက တရားဥပေဒအရ ဆက္လုပ္သြားမယ္ဆိုရင္ေတာ့ သက္ေသအေနနဲ႔
လိုက္ရမယ္ဆိုရင္လိုက္ေပးမွာပါ” ဟု ေဒၚခ်ဳိခ်ဳိေအးက ဆုိသည္။

အြန္လိုင္းေပၚတြင္ ေရးသားခဲ့သည့္ဦးသိန္းေဇာ္က “အင္မတန္မွ ခင္မင္လို႔ အခုလို
စေနာက္ၿပီး ေရးမိတာပါ။ ႐ံုးတြင္းမွာလည္း စေန ေနာက္ေနက်ပါပဲ။ ကာယကံရွင္
ေတြကိုလည္း လိုင္းေပၚကေနပဲ ေတာင္းပန္ၿပီးပါၿပီ၊ ေနာက္ေနာင္ ဘယ္ေသာအခါမွ
အခုလို စေနာက္တာေတြ မလုပ္ေတာ့ပါဘူး”ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

#Unicode Version
ပြင်ဦးလွင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အလုပ်အမှုဆောင်
အမျိုးသမီးတစ်ဦး၏ လူမှုကွန်ရက်ပေါ်တင်ထားသည့် ဓာတ်ပုံအောက်တွင် အမျိုးသမီးများ
ဂုဏ်သိက္ခာထိခိုက်နစ်နာစေရန် ရိုင်းပျစွာရေးသားခဲ့သည်ဟုဆိုကာ မြို့နယ်အလုပ်
အမှုဆောင် တစ်ဦးကို တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်။

“သူရေးလိုက်တာ ပုံထဲမှာပါတဲ့ အမျိုးသမီးတွေကို ဂိုဒါးအိမ် ပို့မယ်လို့ရေးလိုက်တယ်။
ပထမတော့ မသိပါဘူး။ နောက်ပိုင်းမှ ဂိုဒါးအိမ်ဆိုတာမကောင်းတာလုပ်စားတဲ့ အိမ်မှန်း
သိရတယ်။ ကျွန်မ အခု ဥပဒေအကြံဉာဏ် ရယူနေပါပြီ။ ဆက်ပြီးလုပ်စရာရှိတာ လုပ်သွား
မှာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်ချယ်ရီဝင်းက မြန်မာတိုင်း(မ်)ကို
စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြောသည်။

အင်န်အယ်ဒီပါတီမှ ပြင်ဦးလွင်မြို့နယ် ဘဏ္ဍာရေးမှူး၊ ရပ်ကျေးအလုပ်အမှုဆောင်၊
အဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်သူ ဒေါ်ချိုချိုအေးနှင့်အတူ ဒီမိုကရက်တစ် မြန်မာ့အသံ
(ဒီဗွီဘီ)သတင်းဌာနမှ အမျိုးသမီး သတင်းထောက်တို့ ရိုက်ကူးထားသည့် ယင်းဓာတ်ပုံ
အောက်၌ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသိန်းဇော်က စက်တင်ဘာ ၄ ရက်၌
အဆိုပါညစ်ညမ်းစာများ ဝင်ရောက် ရေးသားခဲ့ခြင်းဖြစ်သည်။ “အွန်လိုင်းပေါ်မှာ ရေးတာဆိုတော့တော်တော်ဆိုးဝါးသွားတယ်လို့ပြောချင်တယ်။
အခြားသူတွေက တရားဥပဒေအရ ဆက်လုပ်သွားမယ်ဆိုရင်တော့ သက်သေအနေနဲ့
လိုက်ရမယ်ဆိုရင်လိုက်ပေးမှာပါ” ဟု ဒေါ်ချိုချိုအေးက ဆိုသည်။

အွန်လိုင်းပေါ်တွင် ရေးသားခဲ့သည့်ဦးသိန်းဇော်က “အင်မတန်မှ ခင်မင်လို့ အခုလို
စနောက်ပြီး ရေးမိတာပါ။ ရုံးတွင်းမှာလည်း စနေ နောက်နေကျပါပဲ။ ကာယကံရှင်
တွေကိုလည်း လိုင်းပေါ်ကနေပဲ တောင်းပန်ပြီးပါပြီ၊ နောက်နောင် ဘယ်သောအခါမှ
အခုလို စနောက်တာတွေ မလုပ်တော့ပါဘူး”ဟု ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top