Property Expo
×

ဘယ္သူကမွေတာ့ ေရခ်ိဳးသန္႔စင္ျခင္းကုိ တစ္ရက္၊ႏွစ္ရက္ထက္ ပုိၿပီးေတာ့ မလုပ္ပဲမေနႏုိင္ၾကပါဘူး။ တစ္ရက္တစ္ေလေလာက္ ေရ မခ်ိဳးခဲ့ရင္ျဖင့္ တစ္ကုိယ္လံုးယားယံလာသလုိ စိတ္သန္႔သန္႔လည္း မေနႏုိင္ၾကလုိ႔ ေရခ်ိဳးသန္႔စင္ျခင္းကုိ ေန႔တုိင္းနီးပါး ျပဳလုပ္တတ္ၾက ပါတယ္။

ဒါေပမဲ့ ကမာၻ႔အနံ႔အသက္ျပင္းဆံုး လူသားလုိ႔ နာမည္ေပးမွည့္ေခၚ ထားရေလာက္ေအာင္ကုိ အိႏၵိယႏုိင္ငံက အသက္ ၆၆ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက လံုးဝေရမခ်ိဳးခဲ့သည္မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီလုိ ေရမခ်ိဳးခဲ့လုိ႔လည္း သူ႔အတြက္ ဘယ္ လုိမွ အေျပာင္းအလဲ မခံစားရဘူးလုိ႔လည္း ဆုိပါတယ္။

ကုိင္လက္ရွ္ဆုိသူ အဆုိပါ အဘိုးအုိအမ်ိဳးသားက လြန္ခဲ့တဲ့ ၁၉၇၄ ခုႏွစ္အခ်ိန္ သူအိမ္ေထာင္ျပဳၿပီးေနာက္ပုိင္းကစတင္ၿပီးေတာ့ ႏွစ္ ေပါင္း ၃၈ ေက်ာ္ၾကာခဲ့သည္တုိင္ေအာင္ကုိပဲ လံုးဝကုိပဲေရခ်ိဳး ျခင္း မျပဳခဲ့ဘူးလုိ႔ သိရပါတယ္။

ခႏၶာကုိယ္၊ ေျခလက္ေတြကုိ ေရခ်ိဳးသန္႔စင္ျခင္းမရွိခဲ့သလုိ ဦးေခါင္း က ဆံပင္နဲ႔ မုတ္ဆိတ္အစရွိတာတုိ႔ကုိလည္း ေဆးေၾကာသန္႔စင္ ျခင္းမရွိခဲ့လုိ႔ သူ႔ရဲ႕ခႏၶာကုိယ္ေပၚမွာ ညစ္ေထးေပက်ံၿပီး အနံ႔ဆိုးဆိုး ရြားရြားေတြလည္း ထြက္ေနပါတယ္။ သူ႔အေနနဲ႔ ဒီလုိမ်ိဳး ခႏၶာကုိယ္ ေရခ်ိဳးသန႔္စင္ျခင္း မျပဳရတဲ့အေၾကာင္းအရင္းက သားေယာက်္ား ေလး တစ္ဦးလုိခ်င္ခဲ့တဲ့ သူ႔ဆႏၵကသမီး မိန္းကေလးေတြခ်ည္းပဲ ၇ ဦးရခဲ့လုိ႔ ဒီဆႏၵကုိ သားတစ္ဦးေမြးဖြားခ်ိန္မွသာ ေျပာင္းလဲလိမ့္မယ္ လုိ႔ ဆိုပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ဘယ်သူကမှတော့ ရေချိုးသန့်စင်ခြင်းကို တစ်ရက်၊နှစ်ရက်ထက် ပိုပြီးတော့ မလုပ်ပဲမနေနိုင်ကြပါဘူး။ တစ်ရက်တစ်လေလောက် ရေ မချိုးခဲ့ရင်ဖြင့် တစ်ကိုယ်လုံးယားယံလာသလို စိတ်သန့်သန့်လည်း မနေနိုင်ကြလို့ ရေချိုးသန့်စင်ခြင်းကို နေ့တိုင်းနီးပါး ပြုလုပ်တတ်ကြ ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အနံ့အသက်ပြင်းဆုံး လူသားလို့ နာမည်ပေးမှည့်ခေါ် ထားရလောက်အောင်ကို အိန္ဒိယနိုင်ငံက အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးက လုံးဝရေမချိုးခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရေမချိုးခဲ့လို့လည်း သူ့အတွက် ဘယ် လိုမှ အပြောင်းအလဲ မခံစားရဘူးလို့လည်း ဆိုပါတယ်။

ကိုင်လက်ရှ်ဆိုသူ အဆိုပါ အဘိုးအိုအမျိုးသားက လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ်အချိန် သူအိမ်ထောင်ပြုပြီးနောက်ပိုင်းကစတင်ပြီးတော့ နှစ် ပေါင်း ၃၈ ကျော်ကြာခဲ့သည်တိုင်အောင်ကိုပဲ လုံးဝကိုပဲရေချိုး ခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။

ခန္ဓာကိုယ်၊ ခြေလက်တွေကို ရေချိုးသန့်စင်ခြင်းမရှိခဲ့သလို ဦးခေါင်း က ဆံပင်နဲ့ မုတ်ဆိတ်အစရှိတာတို့ကိုလည်း ဆေးကြောသန့်စင် ခြင်းမရှိခဲ့လို့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ညစ်ထေးပေကျံပြီး အနံ့ဆိုးဆိုး ရွားရွားတွေလည်း ထွက်နေပါတယ်။ သူ့အနေနဲ့ ဒီလိုမျိုး ခန္ဓာကိုယ် ရေချိုးသန့်စင်ခြင်း မပြုရတဲ့အကြောင်းအရင်းက သားယောကျ်ား လေး တစ်ဦးလိုချင်ခဲ့တဲ့ သူ့ဆန္ဒကသမီး မိန်းကလေးတွေချည်းပဲ ၇ ဦးရခဲ့လို့ ဒီဆန္ဒကို သားတစ်ဦးမွေးဖွားချိန်မှသာ ပြောင်းလဲလိမ့်မယ် လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top