Property Expo
×

ဆီနီေဂါႏိုင္ငံ၊ ဒါကာၿမိဳ႕တြင္ျဖစ္သည္။ အသက္ ၅၀ အ႐ြယ္ခန္႔ အမ်ိဳးသမီးတစ္ဦးက သူမ ငယ္စဥ္ ဘဝက ေမ့မရႏိုင္ခဲ့ေသာ နာၾကည္း ခ်က္မ်ားကို ျပန္ေျပာင္းေျပာျပေနသည္။ သူ႕အမည္က မဒီနာ ဘိုကြန္ဒပ္ဖ္ျဖစ္သည္။

မဒီနာ အပ်ိဳေဖာ္ဝင္စ အ႐ြယ္တြင္ျဖစ္သည္။ အာဖရိကတိုက္ႏိုင္ငံ အေတာ္မ်ားမ်ား တြင္ အမ်ိဳးသမီး တို႔ဘဝ ေရွာင္လႊဲ၍ မရခဲ့ေသာ မသဘာဝျဖတ္ေတာက္ျခင္း FGM (female genital mutilation) ကို သူမလည္း ခံစားခဲ့ရသည္။

 အသက္ငယ္လြန္းေသးသျဖင့္ အဘယ္ေၾကာင့္ ဤသို႔လုပ္ၾကရ သနည္းဆိုျခင္းကို မဒီနာ နားမလည္ခဲ့ေပ။ သူမလိုပင္ မာလီႏိုင္ငံ အတြင္းရွိ ဖူလာနီ မ်ိဳးႏြယ္စု တို႔အတြင္း မိန္ကေလးတိုင္း သည္ မသဘာဝ ကို ျဖတ္ေတာက္ျခင္း ခံၾက ရသည္။ အပ်ိဳေဖာ္ဝင္ ခ်ိန္မတိုင္မီ ႐ိုးရာ ဓေလ့အတိုင္း မသဘာဝ ကို ျဖတ္ေတာက္ျခင္းခံရ မည္မွာ ထုံးစံသာျဖစ္သည္။

အာဖရိကတိုက္ရွိ လူမ်ိဳးစု မ်ားအတြင္း အမ်ိဳးသမီး တို႔ကို အပ်ိဳေဖာ္ မဝင္မီ မအဂၤါ အစိတ္အပိုင္း ကို ျဖတ္ေတာက္ျခင္းျဖင့္၊ ဆီးသြား ရန္ေကာင္း မြန္ျခင္း၊ ရာသီေသြး ဆင္းရန္ အဆင္ေျပျခင္း တို႔ျဖစ္ေစသည္ ဟု အယူရွိခဲ့ၾကသည္။ ထို႔ျပင္ ပိုဆိုးသည္က အဂၤါကိုခ်ဳပ္ကာ တစ္လခန္႔ ေျခလက္တို႔ကို တုတ္ေႏွာင္ထားမႈ ခံရျခင္းျဖစ္သည္။

“ကၽြန္မသိလိုက္တာကေတာ့ သူတို႔ေျပာသလို မဟုတ္ဘဲ နာက်င္တဲ့ေဝဒနာကို အရမ္းခံစား ခဲ့ရတယ္။ အမ်ိဳးသမီးတို ႔သဘာဝ ရာသီေသြးေပၚခ်ိန္ မွာလည္း မခ်ိမဆန္ ႔ခံစားရတယ္။ ပိုဆိုးတာက အရွက္ရေအာင္ လုပ္သလိုမ်ိဳး အၿမဲ ခံစားေနရတယ္” ဟု မဒီနာကေျပာသည္။

အာဖရိက ႏိုင္ငံတကာ ကေလးမ်ားေန႔တြင္ လူ႕အခြင့္အေရးႏွင့္ က်န္းမာေရး အဖြဲ႕အစည္းမ်ားက အမ်ိဳးသမီးမ်ား သဘာဝကို ျဖတ္ေတာက္ျခင္း ဓေလ့ အား အျပင္းအထန္ ဆန္႔က်င္ကန္႔ကြက္ေလ့ရွိသည္။
ကမၻာ့႔ က်န္းမာေရး အဖြဲ႕ (WHO) ၏ထုတ္ျပန္ခ်က္ အရ ကမၻာေပၚရွိ အမ်ိဳးသမီးေပါင္း သန္း ၁၄၀ ခန္႔သည္ ထိုဓေလ့ဆိုး၏ အဓမၼက်င့္ျခင္းကို ခံေနၾကရသည္ဟုဆိုသည္။ ထိုဓေလ့၏ ျပဳက်င့္ျခင္းခံေနရေသာ အမ်ိဳးသမီး အမ်ားစုမွာ အာဖရိကတိုက္မွ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံတြင္ ယေန႔တိုင္ လုပ္ေဆာင္ေနၾက ဆဲျဖစ္သည္။

အသက္ ၁၀ ႏွင့္ အထက္ မိန္းကေလး ၁၀၁ သန္း ခန္႔သည္ အာဖရိကတိုက္ တြင္ နည္းမ်ိဳးစုံျဖင့္ မသဘာဝျဖတ္ေတာက္ျခင္း ကို ခံေနၾကရသည္။

၂၀၁၀ ျပည့္ႏွစ္တြင္ မာလီႏိုင္ငံ၌ ကေလးသူငယ္မ်ား ဖြံ႕ၿဖိဳးေရးႏွင့္ အခြင့္အေရးအတြက္ ထူေထာင္ထား သည့္ Plan Internation အဖြဲ႕သည္ အမ်ိဳးသမီး ငယ္မ်ား မသဘာဝျဖတ္ေတာက္ျခင္းႏွင့္ ပတ္သက္ၿပီး စစ္တမ္းေကာက္ခံ ခဲ့ရာ ဖခင္အားလုံး၏ ထက္ဝက္ခန္႔ႏွင့္ မိခင္သုံးပုံ တစ္ပုံတို႔သည္ ထိုဓေလ့ကို သေဘာက်ေနေၾကာင္း ေတြ႕ရသည္။


“ဒီဓေလ့က စိုးရိမ္စရာမွ မလိုတာ။ ကၽြန္ေတာ္တို႔ ရာစုႏွစ္ေပါင္း မ်ားစြာ အစဥ္အလာ အေနနဲ႔ လုပ္ခဲ့ၾကတာပဲ” ဟု သမီးႏွစ္ေယာက္ ဖခင္ျဖစ္သူ အဘၻဒူက သုေတသီမ်ားကို ေျပာၾကားခဲ့သည္။

အႏၲရာယ္မ်ားေသာ ခြဲစိတ္မႈ

မိသားစုမ်ားတြင္ မိန္းကေလးမ်ားကို လက္မထပ္မီ မသဘာဝကို ပိတ္ထားျခင္း သည္ မိသားစု၏ ဂုဏ္သိကၡာကို ကာကြယ္ျခင္း ဟု ယူဆၾကသည္။ မသဘာဝကို ငယ္စဥ္ ကတည္းက ပိတ္ျခင္းခံရေသာ မိန္းကေလးမ်ား ဘဝသည္ တစ္ႀကိမ္ႏွင့္ ကိစၥၿပီးသည္ မ ဟုတ္ေပ။ သူတို႔ လက္ထပ္ ထိမ္းျမားခ်ိန္တြင္ တစ္ႀကိမ္ျပန္ဖြင့္ ခ်ိန္ၾကရ သျဖင့္ ေနာက္ထပ္ နာက်င္မႈေဝဒနာကို ခံစားၾကရျပန္သည္။ အပ်ိဳစစ္ ေၾကာင္းျပ လိုသျဖင့္ ႐ိုးရာက တားျမစ္ထားသည့္ ဒုကၡမ်ားကို အမ်ိဳးသမီးတို႔ မ႐ႈမလွ ခံစားၾက႐ုံသာရွိသည္။

“ဘယ္ေလာက္ ထိတ္လန္႔ေၾကာက္႐ြံ႕ရတယ္ဆိုတာ ေျပာျပလို႔ေတာင္ မရဘူး။ ဒါေၾကာင့္ လက္ထပ္ရေတာ့ မယ္ဆိုရင္ ကၽြန္မတို႔ ေသမေလာက္ေၾကာက္လြန္း လို႔ ေတြးေတာင္ မေတြးဝံ့ဘူး” ဟု မဒီနာကဆိုသည္။
႐ိုးရာအရ မသဘာဝ ပိတ္ပြဲ၊ ဖြင့္ပြဲမ်ားကို ျပဳလုပ္ရာတြင္ ေမ့ေဆး၊ ထုံေဆးမ်ားကို အသုံးျပဳခြင့္မရွိေပ။ ထို႔ျပင္ သန္႔ရွင္းစြာျဖင့္ ေဆာင္႐ြက္ေပးေသာ ကိစၥလည္းမဟုတ္။


ဘလိတ္ဓား၊ သာမန္ဓား သို႔မဟုတ္ ကတ္ေၾကးမ်ားကို အသုံးျပဳၿပီး ပိုးသတ္ရသည္ ဆိုျခင္းမွာ လုံးဝနားမလည္ၾကေပ။ ျဖတ္ေတာက္ျခင္း၊ ပိတ္ဆို႔ျခင္းတို႔ကို ျပဳလုပ္ေပးသူကလည္း ႀကဳံသည့္ေနရာတြင္ သင့္သလို ျပဳလုပ္ေပးလိုက္ သည္သာျဖစ္ သည္။ အိမ္ေရွ႕တြင္ လုပ္ခ်င္လည္း လုပ္မည္၊ ေရခ်ိဳး သည့္ေနရာတြင္ လုပ္ခ်င္လည္း လုပ္လိုက္မည္ သာျဖစ္သည္။

“လုပ္ေဆာင္စရာေတြ လုပ္ေဆာင္ေပးၿပီးရင္ သတို႔ သမီးဘဝကို အဲဒီေယာက္်ားက ပိုင္သြားၿပီ။ တစ္ေန႔ ထဲမွာ မသဘာဝကို လြတ္ေျမာက္ေအာင္ အလုပ္ခံရျခင္းအျပင္ ေယာက္်ားနဲ႔ အတူေနရျခင္းဆိုတဲ့ ဒုကၡႏွစ္မ်ိဳးကို တစ္ၿပိဳင္တည္းခံစားရတဲ့ အမ်ိဳးသမီးေတြရဲ႕ဘဝ ေတြးသာၾကည့္ေပေတာ့” ဟု မဒီနာကဆိုသည္။

ေနရာတိုင္းတြင္ မသဘာဝျဖတ္ေတာက္ျခင္းဓေလ့ကို အေတြ႕အႀကဳံရွိသူေတြက ျပဳလုပ္ေနၾကျခင္းျဖစ္ သည္။ သူတို႔ က မိန္းကေလး ဘဝကို အပ်ိဳေဖာ္ဝင္ျခင္းႏွင့္ လက္ထပ္ရန္ျပင္ဆင္ျခင္းကို တစ္ၿပိဳင္တည္း ႐ိုးရာ အရ ျပဳလုပ္ေပးၾကျခင္းျဖစ္ သည္။

လက္မထပ္မီ အပ်ိဳရည္ ထိန္းသိမ္းျခင္းႏွင့္ ၊ အိမ္ေထာင္မျ ပဳမီ သစၥာရွိျခင္း တို႔ကို ဤနည္းျဖင့္ျပသျခင္း ကိုသာ သူတို႔ ဓေလ့က လက္ခံၾကသည္။ အ႐ြယ္ေရာက္လာ သည္ႏွင့္ မိန္းကေလး တိုင္း ထိုဓေလ့ကို လိုက္နာက်င့္သုံးရန္ သူတို႔လူေနမႈ ဘဝ ေတြက တြန္း အားေပးခဲ့ၾကသည္။

မသဘာဝ ပိတ္ျခင္းခံရေသာ မိန္းကေလးတိုင္းသည္ ႏွစ္စဥ္ က်န္းမာေရးဆိုင္ရာ ျပႆေပါင္းမ်ားစြာႏွင့္ ရင္ဆိုင္ၾကရသည္။ နာက်င္ျခင္း၊ ေျခာက္ျခားျခင္း၊ ကူးစက္ေရာဂါဝင္ၿပီး ေသြး ဆင္းျခင္းစသည့္   ေဝဒနာမ်ား ကို ခံစားၾကရသည္။ ဘဝတစ္ေလၽွာက္လုံး ကိုယ္ဝန္မရႏိုင္ျခင္း၊ ကေလးေမြးဖြားရ ခက္ခဲျခင္း၊ သားပ်က္ျခင္း စသည့္ ဒုကၡေပါင္းစုံကိုလည္း ခံစား ၾကရသည္။

မၾကာေသးမီက အီဂ်စ္ႏိုင္ငံတြင္ အသက္ ၁၃ ႏွစ္အ႐ြယ္ ဆိုဟီရာ ဘာေတးဆိုသည့္ မိန္ကေလး တစ္ဦးသည္ အပ်ိဳဇာတ္ သြင္းစဥ္ အခ်ိန္တြင္ ေသဆုံးသြားခဲ့ရသည္။ ဆိုဟီရာ ေသဆုံးျခင္းႏွင့္ ပတ္သက္ၿပီး တစ္ႏိုင္ငံလုံးတြင္ ဆူဆူညံညံမ်ား ျဖစ္သြား ခဲ့ရသည္။

တစ္ႏိုင္ငံလုံးတြင္ ထိုဓေလ့ကို ပိတ္ပင္ေပးရန္ ေတာင္းဆိုမႈမ်ား ျဖစ္ပြားခဲ့သည္။ အီဂ်စ္ႏိုင္ငံတြင္ ထိုဓေလ့ကို ပိတ္ပင္ ထားေသာ္လည္း အမ်ိဳးသမီး သုံးပုံႏွစ္ပုံေလာက္ ခံစားေနၾကရဆဲ ဒုကၡျဖစ္ေနေသးသည္။

မည္သို႔ အသနားခံ သည္ ဆိုေစ ႐ိုးရာအရ မိဘမ်ားက ႏႈတ္အားျဖင့္ ၿခိမ္းေျခာက္ျခင္း၊ ႐ိုက္ပုတ္ႏွိပ္စက္ ကာ အတင္းအဓမၼ ျပဳလုပ္ခံေစျခင္းတို႔ေၾကာင့္လည္း အမ်ိဳးသမီးတို႔ဘဝ ဒုကၡေတြ႕ေနၾကရဆဲျဖစ္သည္။

“အဲဒီေန႔ကို သမီး ဘယ္ေတာ့မွ မေမ့ဘူး။ အေမ က သမီးကို ေစာေစာ လာႏႈိးတယ္။ ၿပီးေတာ့ ျဖတ္ေတာက္ခံ ဖို႔ အသင့္ျပင္ ထားလို႔ ခပ္မာမာ ေျပာတယ္” ဟု အသက္ ၁၃ ႏွစ္အ႐ြယ္ အာလမ္ဆိုသူ မိန္းကေလးကဆိုသည္။

“အခန္းထဲကို မိန္းမႀကီးႏွစ္ေယာက္ ဝင္လာတယ္။ အိတ္ထဲက ဘလိတ္ဓားကို ဆြဲထုတ္လိုက္ၾကတယ္။ အေမက သမီး လက္ေမာင္းေတြကို မလႈပ္ႏိုင္ေအာင္ ခ်ဳပ္လိုက္တယ္။ မိန္းမႀကီးေတြက ဘလိတ္ဓားနဲ႔ သမီးကို ျဖတ္ေတာက္ၾကတယ္။ သမီး နာလြန္းလို႔ ေအာ္လိုက္မိတယ္။ ဒါေပမဲ့ ဘယ္သူကမွ ဂ႐ု မစိုက္ၾကပါဘူး။

ကိစၥၿပီးေတာ့ အေမက အဲဒီမိန္းမႀကီးေတြကို ပိုက္ဆံ ေပးလိုက္တယ္။ နာရီပိုင္း အတြင္းမွာပဲ ေသြးေတြ အရမ္းထြက္လာတယ္”
ဂ်ဘူတီး၊ ဆီရီယာ လီယြန္၊ မာလီ၊ ဆိုမာလီႏွင့္ ဂီနီႏိုင္ငံမ်ားတြင္ ထိုဓေလ့က စြဲၿမဲေနဆဲျဖစ္သည္။ အမ်ိဳးသမီး ၁၀ ဦးတိုင္းတြင္ ၉ ဦးသည္ မသဘာဝျဖတ္ေတာက္ ပိတ္ဆို႔ျခင္းမ်ားကို ခံစားေနၾကရသည္။

စိုးရိမ္ရသည့္ေန႔
 

အသက္ ၁၁ ႏွစ္အ႐ြယ္ မာရီယာမာသည္ ထိုေန႔က ထိတ္လန္႔ေၾကာက္႐ြံ႕ေနခဲ့သည္။ ယေန႔ သူမကို ႐ိုးရာဓေလ့ အတိုင္း အပ်ိဳဇာတ္သြင္းမည္ျဖစ္သည္။ အၾကမ္းဖက္မႈမ်ားေၾကာင့္ သူတို႔မိသားစု သည္ မာလီေျမာက္ပိုင္းမွ ၿမိဳ႕ေတာ္ ဘာမာကိုသို႔ လပိုင္းေလးအတြင္းကမွ ေရာက္ရွိလာၾကျခင္းျဖစ္သည္။

ဤၿမိဳ႕သို႔ေရာက္ကတည္းက သူမစိတ္ထဲတြင္ တစ္ေန႔ေန႔ ဓေလ့ႏွင့္ ရင္ဆိုင္ ရေတာ့မည္ကို စိုးရိမ္ၿပီး ေသာကေရာက္ေန ရရွာ သည္။ နာက်င္စြာ ခံစားရမည့္ေန႔ကို ေစာင့္ေနရသလိုျဖစ္သည္။

“အိမ္နီးခ်င္း သမီး သူငယ္ခ်င္းရဲ႕ အစ္မ က အဲဒီလို လုပ္ၿပီး ေသသြားတယ္။ သမီး အလွည့္ေရာက္ရင္ အဲဒီ လိုျဖစ္ မွာ အရမ္း ေၾကာက္ေနတယ္” ဟု မာရီယာမာကဆိုသည္။

ဘာသာေရးေခါင္းေဆာင္ မ်ားသည္ ထိုဓေလ့ႏွင့္ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေဆြးေႏြးခဲ့ၾကသည္။ အခ်ိဳ႕က ဆက္လုပ္ရန္ တိုက္တြန္းၿပီး အခ်ိဳ႕ကလည္း ရပ္ဆိုင္းပစ္ရန္ တိုက္တြန္းေတာင္းဆိုၾကသည္။
အယ္လ္ ရွိတ္ ဆဒ္ ဆိုသူ သည္ အီဂ်စ္ႏိုင္ငံ အတြင္းရွိ ေက်း႐ြာ တစ္႐ြာမွ ဘာ သာေရးေခါင္းေဆာင္ တစ္ေယာက္ျဖစ္သည္။

အသက္ ၇ ႏွစ္အ႐ြယ္ သမီးေလး၏ ဖခင္တစ္ဦးလည္းျဖစ္သည္။ ဆဒ္သည္ ထိုဓေလ့က က်န္းမာေရးကို ထိခိုက္ေစႏိုင္ ေၾကာင္း ေကာင္းစြာ သိထားသူျဖစ္သည္။ သို႔ျဖစ္ရာ သမီးအတြက္ ထိုဓေလ့ကို မျပဳလုပ္ရန္ ဘာသာေရးေခါင္းေဆာင္မ်ားကို သြားေရာက္ေဆြးေႏြးခဲ့သည္။

“ကၽြန္ေတာ္ကေတာ့ အဲဒီ ဓေလ့ကို လက္မခံဘူး။ ဒါေၾကာင့္ ဘာသာေရးေခါင္းေဆာင္ေတြ နဲ႔ ဒီဓေလ့ဟာ လက္ေတြ႕ မဆန္ဘူးလို႔ သြားေဆြးေႏြးခဲ့တယ္”

မာလီတြင္ မိန္းကေလးတိုင္းကို အသက္ ၅ ႏွစ္ေရာက္သည္ႏွင့္ မသဘာဝျဖတ္ေတာက္ျခင္းကို စတင္ျပဳလုပ္သည္။ အခ်ိဳ႕ေသာ ၿမိဳ႕ျပမ်ားတြင္ မိန္းကေလးမ်ားကို ေမြးၿပီးၿပီးခ်င္း ရက္ေပါင္း ၄၀ တြင္ ျပဳလုပ္ေပးေလ့ရွိသည္။

 ႏိုင္ငံတကာ စံျဖင့္ၾကည့္လၽွင္ ဤအျပဳအမူသည္ အၾကမ္းဖက္သည့္ လုပ္ရပ္သာျဖစ္သည္။ သို႔ေသာ္ ယေန႔တိုင္ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံမွ ၂၈ ႏိုင္ငံအတြင္း မသဘာဝျဖတ္ေတာက္ျခင္းကို ဓေလ့တစ္ခုအေနျဖင့္ လုပ္ေဆာင္ေနၾကဆဲျဖစ္သည္။ အာဖရိကတြင္ ထိုဓေလ့ကို ဥပေဒျဖင့္ တားျမစ္ခဲ့ေသာ္လည္း လူမ်ိဳးစုမ်ား အတြင္း တရားမဝင္ လုပ္ေဆာင္ေနၾကဆဲျဖစ္သည္။ ဥပေဒရွိေသာ္ လည္း ဥပေဒအရ အေရးယူမႈမွာ ခပ္ရွားရွားျဖစ္သည္။

ကေလးမ်ား အခြင့္အေရးကို အကာအကြယ္ေပးပါမည္ဟု အာဖရိကသည္ ႏိုင္ငံ တကာ အဖြဲ႕အစည္း မ်ားႏွင့္အတူ လက္မွတ္မ်ား ေရးထိုးခဲ့ေသာ္လည္း ဥပေဒကို မ်က္ကြယ္ျပဳျခင္း၊ ခ်ိဳးေဖာက္ မႈမ်ားကို မသိခ်င္ေယာင္ေဆာင္ျခင္း မ်ား ျပဳလုပ္ေနေသးသည္။

ဘဝႏွင့္ရင္းၿပီး ခံစားခဲ့ရေသာ မဒီနာတစ္ေယာက္ ယခု မာလီႏိုင္ငံတြင္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ား အခြင့္ အေရး အတြက္ လႈပ္ရွားေနေသာ Plan International တြင္ ဝင္ေရာက္ေဆာင္႐ြက္ေပးေနသည္။ သူမတို႔လုပ္ငန္း ေအာင္ျမင္မႈမ်ား ရေနသည္ဟုဆိုသည္။

“သူတို႔ကို ပညာေပးၾကရတယ္။ ကၽြန္မတို႔ လုပ္ေနတဲ့ ႐ြာေပါင္း ၄၄ ႐ြာေလာက္မွာ မသဘာဝျဖတ္ေတာက္ တဲ့ ဓေလ့ ကင္းစင္တဲ့ ႐ြာေတြျဖစ္ကုန္ၿပီ” ဟု မဒီနာက ဝမ္းသာအားရဆိုသည္။

“မိဘေတြ သက္ႀကီးဝါႀကီးေတြကို ကၽြန္မတို႔ မခ်ဥ္းကပ္ဘူး။ ကေလးေတြ ကို အဓိက ထားၿပီး ကၽြန္မတို႔ ခ်ဥ္းကပ္ၾကတယ္။ မိန္းကေလး နဲ႔ ေယာက္်ားေလး ဆိုတာ အခြင့္အေရး မတူၾကဘူး။

 ေနာင္တစ္ခ်ိန္မွာ မိဘေတြျဖစ္လာၾကမယ့္ မ်ိဳးဆက္သစ္ ေတြကို ကၽြန္မ တို႔က ဆိုးေမြေတြ လက္ဆင့္ မကမ္းေစခ်င္ဘူး” ဟု မဒီနာ ၏ေျပာစကား မွာ အားတက္စရာျဖစ္ေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Star

#Unicode Version
ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ် ဘဝက မေ့မရနိုင်ခဲ့သော နာကြည်း ချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ်သည်။


မဒီနာ အပျိုဖော်ဝင်စ အရွယ်တွင်ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံ အတော်များများ တွင် အမျိုးသမီး တို့ဘဝ ရှောင်လွှဲ၍ မရခဲ့သော မသဘာဝဖြတ်တောက်ခြင်း FGM (female genital mutilation) ကို သူမလည်း ခံစားခဲ့ရသည်။

 အသက်ငယ်လွန်းသေးသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ကြရ သနည်းဆိုခြင်းကို မဒီနာ နားမလည်ခဲ့ပေ။ သူမလိုပင် မာလီနိုင်ငံ အတွင်းရှိ ဖူလာနီ မျိုးနွယ်စု တို့အတွင်း မိန်ကလေးတိုင်း သည် မသဘာဝ ကို ဖြတ်တောက်ခြင်း ခံကြ ရသည်။ အပျိုဖော်ဝင် ချိန်မတိုင်မီ ရိုးရာ ဓလေ့အတိုင်း မသဘာဝ ကို ဖြတ်တောက်ခြင်းခံရ မည်မှာ ထုံးစံသာဖြစ်သည်။

အာဖရိကတိုက်ရှိ လူမျိုးစု များအတွင်း အမျိုးသမီး တို့ကို အပျိုဖော် မဝင်မီ မအင်္ဂါ အစိတ်အပိုင်း ကို ဖြတ်တောက်ခြင်းဖြင့်၊ ဆီးသွား ရန်ကောင်း မွန်ခြင်း၊ ရာသီသွေး ဆင်းရန် အဆင်ပြေခြင်း တို့ဖြစ်စေသည် ဟု အယူရှိခဲ့ကြသည်။ ထို့ပြင် ပိုဆိုးသည်က အင်္ဂါကိုချုပ်ကာ တစ်လခန့် ခြေလက်တို့ကို တုတ်နှောင်ထားမှု ခံရခြင်းဖြစ်သည်။

“ကျွန်မသိလိုက်တာကတော့ သူတို့ပြောသလို မဟုတ်ဘဲ နာကျင်တဲ့ဝေဒနာကို အရမ်းခံစား ခဲ့ရတယ်။ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်ချိန် မှာလည်း မချိမဆန့်ခံစားရတယ်။ ပိုဆိုးတာက အရှက်ရအောင် လုပ်သလိုမျိုး အမြဲ ခံစားနေရတယ်” ဟု မဒီနာကပြောသည်။

အာဖရိက နိုင်ငံတကာ ကလေးများနေ့တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေး အဖွဲ့အစည်းများက အမျိုးသမီးများ သဘာဝကို ဖြတ်တောက်ခြင်း ဓလေ့ အား အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ထုတ်ပြန်ချက် အရ ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း သန်း ၁၄၀ ခန့်သည် ထိုဓလေ့ဆိုး၏ အဓမ္မကျင့်ခြင်းကို ခံနေကြရသည်ဟုဆိုသည်။ ထိုဓလေ့၏ ပြုကျင့်ခြင်းခံနေရသော အမျိုးသမီး အများစုမှာ အာဖရိကတိုက်မှ ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ယနေ့တိုင် လုပ်ဆောင်နေကြ ဆဲဖြစ်သည်။

အသက် ၁၀ နှင့် အထက် မိန်းကလေး ၁၀၁ သန်း ခန့်သည် အာဖရိကတိုက် တွင် နည်းမျိုးစုံဖြင့် မသဘာဝဖြတ်တောက်ခြင်း ကို ခံနေကြရသည်။

၂၀၁၀ ပြည့်နှစ်တွင် မာလီနိုင်ငံ၌ ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် အခွင့်အရေးအတွက် ထူထောင်ထား သည့် Plan Internation အဖွဲ့သည် အမျိုးသမီး ငယ်များ မသဘာဝဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခံ ခဲ့ရာ ဖခင်အားလုံး၏ ထက်ဝက်ခန့်နှင့် မိခင်သုံးပုံ တစ်ပုံတို့သည် ထိုဓလေ့ကို သဘောကျနေကြောင်း တွေ့ရသည်။


“ဒီဓလေ့က စိုးရိမ်စရာမှ မလိုတာ။ ကျွန်တော်တို့ ရာစုနှစ်ပေါင်း များစွာ အစဉ်အလာ အနေနဲ့ လုပ်ခဲ့ကြတာပဲ” ဟု သမီးနှစ်ယောက် ဖခင်ဖြစ်သူ အဘ္ဘဒူက သုတေသီများကို ပြောကြားခဲ့သည်။

အန္တရာယ်များသော ခွဲစိတ်မှု

မိသားစုများတွင် မိန်းကလေးများကို လက်မထပ်မီ မသဘာဝကို ပိတ်ထားခြင်း သည် မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဟု ယူဆကြသည်။ မသဘာဝကို ငယ်စဉ် ကတည်းက ပိတ်ခြင်းခံရသော မိန်းကလေးများ ဘဝသည် တစ်ကြိမ်နှင့် ကိစ္စပြီးသည် မ ဟုတ်ပေ။ သူတို့ လက်ထပ် ထိမ်းမြားချိန်တွင် တစ်ကြိမ်ပြန်ဖွင့် ချိန်ကြရ သဖြင့် နောက်ထပ် နာကျင်မှုဝေဒနာကို ခံစားကြရပြန်သည်။ အပျိုစစ် ကြောင်းပြ လိုသဖြင့် ရိုးရာက တားမြစ်ထားသည့် ဒုက္ခများကို အမျိုးသမီးတို့ မရှုမလှ ခံစားကြရုံသာရှိသည်။

“ဘယ်လောက် ထိတ်လန့်ကြောက်ရွံ့ရတယ်ဆိုတာ ပြောပြလို့တောင် မရဘူး။ ဒါကြောင့် လက်ထပ်ရတော့ မယ်ဆိုရင် ကျွန်မတို့ သေမလောက်ကြောက်လွန်း လို့ တွေးတောင် မတွေးဝံ့ဘူး” ဟု မဒီနာကဆိုသည်။
ရိုးရာအရ မသဘာဝ ပိတ်ပွဲ၊ ဖွင့်ပွဲများကို ပြုလုပ်ရာတွင် မေ့ဆေး၊ ထုံဆေးများကို အသုံးပြုခွင့်မရှိပေ။ ထို့ပြင် သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးသော ကိစ္စလည်းမဟုတ်။


ဘလိတ်ဓား၊ သာမန်ဓား သို့မဟုတ် ကတ်ကြေးများကို အသုံးပြုပြီး ပိုးသတ်ရသည် ဆိုခြင်းမှာ လုံးဝနားမလည်ကြပေ။ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ပေးသူကလည်း ကြုံသည့်နေရာတွင် သင့်သလို ပြုလုပ်ပေးလိုက် သည်သာဖြစ် သည်။ အိမ်ရှေ့တွင် လုပ်ချင်လည်း လုပ်မည်၊ ရေချိုး သည့်နေရာတွင် လုပ်ချင်လည်း လုပ်လိုက်မည် သာဖြစ်သည်။

“လုပ်ဆောင်စရာတွေ လုပ်ဆောင်ပေးပြီးရင် သတို့ သမီးဘဝကို အဲဒီယောက်ျားက ပိုင်သွားပြီ။ တစ်နေ့ ထဲမှာ မသဘာဝကို လွတ်မြောက်အောင် အလုပ်ခံရခြင်းအပြင် ယောက်ျားနဲ့ အတူနေရခြင်းဆိုတဲ့ ဒုက္ခနှစ်မျိုးကို တစ်ပြိုင်တည်းခံစားရတဲ့ အမျိုးသမီးတွေရဲ့ဘဝ တွေးသာကြည့်ပေတော့” ဟု မဒီနာကဆိုသည်။

နေရာတိုင်းတွင် မသဘာဝဖြတ်တောက်ခြင်းဓလေ့ကို အတွေ့အကြုံရှိသူတွေက ပြုလုပ်နေကြခြင်းဖြစ် သည်။ သူတို့ က မိန်းကလေး ဘဝကို အပျိုဖော်ဝင်ခြင်းနှင့် လက်ထပ်ရန်ပြင်ဆင်ခြင်းကို တစ်ပြိုင်တည်း ရိုးရာ အရ ပြုလုပ်ပေးကြခြင်းဖြစ် သည်။

လက်မထပ်မီ အပျိုရည် ထိန်းသိမ်းခြင်းနှင့် ၊ အိမ်ထောင်မြ ပုမီ သစ္စာရှိခြင်း တို့ကို ဤနည်းဖြင့်ပြသခြင်း ကိုသာ သူတို့ ဓလေ့က လက်ခံကြသည်။ အရွယ်ရောက်လာ သည်နှင့် မိန်းကလေး တိုင်း ထိုဓလေ့ကို လိုက်နာကျင့်သုံးရန် သူတို့လူနေမှု ဘဝ တွေက တွန်း အားပေးခဲ့ကြသည်။

မသဘာဝ ပိတ်ခြင်းခံရသော မိန်းကလေးတိုင်းသည် နှစ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။ နာကျင်ခြင်း၊ ခြောက်ခြားခြင်း၊ ကူးစက်ရောဂါဝင်ပြီး သွေး ဆင်းခြင်းစသည့်   ဝေဒနာများ ကို ခံစားကြရသည်။ ဘဝတစ်လျှောက်လုံး ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမွေးဖွားရ ခက်ခဲခြင်း၊ သားပျက်ခြင်း စသည့် ဒုက္ခပေါင်းစုံကိုလည်း ခံစား ကြရသည်။

မကြာသေးမီက အီဂျစ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ဆိုဟီရာ ဘာတေးဆိုသည့် မိန်ကလေး တစ်ဦးသည် အပျိုဇာတ် သွင်းစဉ် အချိန်တွင် သေဆုံးသွားခဲ့ရသည်။ ဆိုဟီရာ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ဆူဆူညံညံများ ဖြစ်သွား ခဲ့ရသည်။

တစ်နိုင်ငံလုံးတွင် ထိုဓလေ့ကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်နိုင်ငံတွင် ထိုဓလေ့ကို ပိတ်ပင် ထားသော်လည်း အမျိုးသမီး သုံးပုံနှစ်ပုံလောက် ခံစားနေကြရဆဲ ဒုက္ခဖြစ်နေသေးသည်။

မည်သို့ အသနားခံ သည် ဆိုစေ ရိုးရာအရ မိဘများက နှုတ်အားဖြင့် ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်နှိပ်စက် ကာ အတင်းအဓမ္မ ပြုလုပ်ခံစေခြင်းတို့ကြောင့်လည်း အမျိုးသမီးတို့ဘဝ ဒုက္ခတွေ့နေကြရဆဲဖြစ်သည်။

“အဲဒီနေ့ကို သမီး ဘယ်တော့မှ မမေ့ဘူး။ အမေ က သမီးကို စောစော လာနှိုးတယ်။ ပြီးတော့ ဖြတ်တောက်ခံ ဖို့ အသင့်ပြင် ထားလို့ ခပ်မာမာ ပြောတယ်” ဟု အသက် ၁၃ နှစ်အရွယ် အာလမ်ဆိုသူ မိန်းကလေးကဆိုသည်။

“အခန်းထဲကို မိန်းမကြီးနှစ်ယောက် ဝင်လာတယ်။ အိတ်ထဲက ဘလိတ်ဓားကို ဆွဲထုတ်လိုက်ကြတယ်။ အမေက သမီး လက်မောင်းတွေကို မလှုပ်နိုင်အောင် ချုပ်လိုက်တယ်။ မိန်းမကြီးတွေက ဘလိတ်ဓားနဲ့ သမီးကို ဖြတ်တောက်ကြတယ်။ သမီး နာလွန်းလို့ အော်လိုက်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂရု မစိုက်ကြပါဘူး။

ကိစ္စပြီးတော့ အမေက အဲဒီမိန်းမကြီးတွေကို ပိုက်ဆံ ပေးလိုက်တယ်။ နာရီပိုင်း အတွင်းမှာပဲ သွေးတွေ အရမ်းထွက်လာတယ်”
ဂျဘူတီး၊ ဆီရီယာ လီယွန်၊ မာလီ၊ ဆိုမာလီနှင့် ဂီနီနိုင်ငံများတွင် ထိုဓလေ့က စွဲမြဲနေဆဲဖြစ်သည်။ အမျိုးသမီး ၁၀ ဦးတိုင်းတွင် ၉ ဦးသည် မသဘာဝဖြတ်တောက် ပိတ်ဆို့ခြင်းများကို ခံစားနေကြရသည်။

စိုးရိမ်ရသည့်နေ့

အသက် ၁၁ နှစ်အရွယ် မာရီယာမာသည် ထိုနေ့က ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယနေ့ သူမကို ရိုးရာဓလေ့ အတိုင်း အပျိုဇာတ်သွင်းမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သူတို့မိသားစု သည် မာလီမြောက်ပိုင်းမှ မြို့တော် ဘာမာကိုသို့ လပိုင်းလေးအတွင်းကမှ ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤမြို့သို့ရောက်ကတည်းက သူမစိတ်ထဲတွင် တစ်နေ့နေ့ ဓလေ့နှင့် ရင်ဆိုင် ရတော့မည်ကို စိုးရိမ်ပြီး သောကရောက်နေ ရရှာ သည်။ နာကျင်စွာ ခံစားရမည့်နေ့ကို စောင့်နေရသလိုဖြစ်သည်။

“အိမ်နီးချင်း သမီး သူငယ်ချင်းရဲ့ အစ်မ က အဲဒီလို လုပ်ပြီး သေသွားတယ်။ သမီး အလှည့်ရောက်ရင် အဲဒီ လိုဖြစ် မှာ အရမ်း ကြောက်နေတယ်” ဟု မာရီယာမာကဆိုသည်။

ဘာသာရေးခေါင်းဆောင် များသည် ထိုဓလေ့နှင့်ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးခဲ့ကြသည်။ အချို့က ဆက်လုပ်ရန် တိုက်တွန်းပြီး အချို့ကလည်း ရပ်ဆိုင်းပစ်ရန် တိုက်တွန်းတောင်းဆိုကြသည်။
အယ်လ် ရှိတ် ဆဒ် ဆိုသူ သည် အီဂျစ်နိုင်ငံ အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဘာ သာရေးခေါင်းဆောင် တစ်ယောက်ဖြစ်သည်။

အသက် ၇ နှစ်အရွယ် သမီးလေး၏ ဖခင်တစ်ဦးလည်းဖြစ်သည်။ ဆဒ်သည် ထိုဓလေ့က ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကောင်းစွာ သိထားသူဖြစ်သည်။ သို့ဖြစ်ရာ သမီးအတွက် ထိုဓလေ့ကို မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်များကို သွားရောက်ဆွေးနွေးခဲ့သည်။

“ကျွန်တော်ကတော့ အဲဒီ ဓလေ့ကို လက်မခံဘူး။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေ နဲ့ ဒီဓလေ့ဟာ လက်တွေ့ မဆန်ဘူးလို့ သွားဆွေးနွေးခဲ့တယ်”

မာလီတွင် မိန်းကလေးတိုင်းကို အသက် ၅ နှစ်ရောက်သည်နှင့် မသဘာဝဖြတ်တောက်ခြင်းကို စတင်ပြုလုပ်သည်။ အချို့သော မြို့ပြများတွင် မိန်းကလေးများကို မွေးပြီးပြီးချင်း ရက်ပေါင်း ၄၀ တွင် ပြုလုပ်ပေးလေ့ရှိသည်။

 နိုင်ငံတကာ စံဖြင့်ကြည့်လျှင် ဤအပြုအမူသည် အကြမ်းဖက်သည့် လုပ်ရပ်သာဖြစ်သည်။ သို့သော် ယနေ့တိုင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ၂၈ နိုင်ငံအတွင်း မသဘာဝဖြတ်တောက်ခြင်းကို ဓလေ့တစ်ခုအနေဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။ အာဖရိကတွင် ထိုဓလေ့ကို ဥပဒေဖြင့် တားမြစ်ခဲ့သော်လည်း လူမျိုးစုများ အတွင်း တရားမဝင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဥပဒေရှိသော် လည်း ဥပဒေအရ အရေးယူမှုမှာ ခပ်ရှားရှားဖြစ်သည်။

ကလေးများ အခွင့်အရေးကို အကာအကွယ်ပေးပါမည်ဟု အာဖရိကသည် နိုင်ငံ တကာ အဖွဲ့အစည်း များနှင့်အတူ လက်မှတ်များ ရေးထိုးခဲ့သော်လည်း ဥပဒေကို မျက်ကွယ်ပြုခြင်း၊ ချိုးဖောက် မှုများကို မသိချင်ယောင်ဆောင်ခြင်း များ ပြုလုပ်နေသေးသည်။

ဘဝနှင့်ရင်းပြီး ခံစားခဲ့ရသော မဒီနာတစ်ယောက် ယခု မာလီနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများ အခွင့် အရေး အတွက် လှုပ်ရှားနေသော Plan International တွင် ဝင်ရောက်ဆောင်ရွက်ပေးနေသည်။ သူမတို့လုပ်ငန်း အောင်မြင်မှုများ ရနေသည်ဟုဆိုသည်။

“သူတို့ကို ပညာပေးကြရတယ်။ ကျွန်မတို့ လုပ်နေတဲ့ ရွာပေါင်း ၄၄ ရွာလောက်မှာ မသဘာဝဖြတ်တောက် တဲ့ ဓလေ့ ကင်းစင်တဲ့ ရွာတွေဖြစ်ကုန်ပြီ” ဟု မဒီနာက ဝမ်းသာအားရဆိုသည်။

“မိဘတွေ သက်ကြီးဝါကြီးတွေကို ကျွန်မတို့ မချဉ်းကပ်ဘူး။ ကလေးတွေ ကို အဓိက ထားပြီး ကျွန်မတို့ ချဉ်းကပ်ကြတယ်။ မိန်းကလေး နဲ့ ယောက်ျားလေး ဆိုတာ အခွင့်အရေး မတူကြဘူး။

 နောင်တစ်ချိန်မှာ မိဘတွေဖြစ်လာကြမယ့် မျိုးဆက်သစ် တွေကို ကျွန်မ တို့က ဆိုးမွေတွေ လက်ဆင့် မကမ်းစေချင်ဘူး” ဟု မဒီနာ ၏ပြောစကား မှာ အားတက်စရာဖြစ်တော့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Daily Star
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top