Property Expo
×

       ေစ်းကြက္တြင္ ေရာင္းခ်ေနေသာ ဆီမ်ားကို ျခင္တြယ္ေနစဥ္ (ဓာတ္ပံု − ေက်ာ္ဇင္သန္း)

အစိုးရသစ္အေနျဖင့္ ကုန္ေဈးႏႈန္းႀကီးျမင့္လာမည္ကို စိုးရိမ္၍ ျပည္ပမွ စားအုန္းဆီတင္သြင္းမႈကို ေလွ်ာ့ခ်ရန္ လတ္တေလာတြင္ ေဆာင္ရြက္မည္ မဟုတ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းျမင့္က ေျပာၾကားသည္။

 တစ္ႏွစ္လွ်င္ စားအုန္းဆီ တန္ခ်ိန္ ကိုးသိန္းခန္႔ ျပည္ပမွ တင္သြင္းေနျခင္းေၾကာင့္ ျပည္တြင္း ေဈးကြက္တြင္ ပဲဆီထုတ္လုပ္မႈ အခက္အခဲမ်ား ျဖစ္လာၿပီး ဆီ စက္လုပ္ငန္းမ်ား လုပ္ငန္းလုပ္ကိုင္ႏုိင္မႈ ေလ်ာ့က်လာသျဖင့္ ျပည္ပမွ စားအုန္းဆီတင္သြင္းမႈ ကို ေလွ်ာ့ခ်ေပးရန္ ဆီစက္လုပ္ငန္းရွင္မ်ားက ျပည္ေထာင္စုဝန္ႀကီးထံ ေတာင္းဆိုျခင္းျဖစ္သည္။

‘‘လူထုက ကုန္ေဈးႏႈန္းနည္း နည္းတက္တာနဲ႔ ေအာ္တာပဲ။ ဒါ ေၾကာင့္ ကြၽန္ေတာ္တုိ႔အစိုးရက လည္း ကုန္ေဈးႏႈန္းတက္မွာ သိပ္ ေၾကာက္တယ္’’ဟု ျပည္ေထာင္စု ဝန္ႀကီး ဦးသန္းျမင့္က စက္တင္ ဘာ ၂၄ ရက္တြင္ UMFCCI ၌ ျပဳလုပ္ေသာ ျပည္တြင္းစ ားသံုးဆီက႑ ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ျမန္မာႏုိင္ငံ ဆီစက္ပိုင္ရွင္မ်ားအ သင္း ေရွ႕လုပ္ငန္းစဥ္မ်ား ညႇိႏိႈင္း အစည္းအေဝး၌ ေျပာၾကားသည္။

အစိုးရသစ္လက္ထက္တြင္ ေငြေၾကးေဖာင္းပြမႈေၾကာင့္ အေျခ ခံ ကုန္ေဈးႏႈန္း ျမင့္တက္လာမႈကို ျပည္သူအမ်ား  ႀကံဳေတြ႕ေနရ သည္။

 ထို႔အျပင္ ေငြလဲႏႈန္းမတည္ ၿငိမ္မႈႏွင့္ ေငြလဲႏႈန္းျမင့္တက္မႈတုိ႔ ေၾကာင့္လည္း သြင္းကုန္ပစၥည္း မ်ား ေဈးျမင့္တက္လာေၾကာင္း ထိုင္း-ျမန္မာနယ္စပ္မွ ကုန္ပစၥည္းတင္သြင္းေနသည့္ လုပ္ငန္းရွင္ အခ်ိဳ႕က ေျပာသည္။

လူတစ္စုက လက္ဝါးႀကီး အုပ္လုပ္ကိုင္ခဲ့သည့္ ျပည္ပမွ စားအုန္းဆီ တင္သြင္းမႈကို ယခင္အစိုးရလက္ထက္တြင္ ဖယ္ရွားခဲ့ၿပီး လူအမ်ားလုပ္ကိုင္ႏုိင္ရန္ ဖြင့္ေပးခဲ့သည္။ ထိုသို႔ ျပည္ပမွ စားအုန္းဆီတင္သြင္းမႈ ဖြင့္ေပးျခင္းေၾကာင့္ ျပည္တြင္းစားအုန္းဆီေဈးႏႈန္းမွာ သိသာစြာ က်ဆင္းခဲ့သည္။

ထို႔အျပင္ ျပည္ပမွ စားအုန္း ဆီတင္သြင္းမႈကို လြတ္လပ္စြာ တင္သြင္းခြင့္ျပဳၿပီးေနာက္ အရည္ အေသြးပိုင္းတြင္ ပိုမိုေကာင္းမြန္ သည့္ ဆီမ်ားတင္သြင္းလာႏုိင္ျခင္းႏွင့္ အေျခခံလူတန္းစားမ်ားပဲဆီႏွင့္ စားအုန္းဆီေဈးႏႈန္းကြာျခားျခင္းေၾကာင့္ ေဈးသက္သာသည့္ စားအုန္းဆီကိုသာ ျပည္တြင္းတြင္ ပိုမိုစားသံုးျခင္းျဖစ္သည္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဈေးကွက်တွင် ရောင်းချနေသော ဆီများကို ခြင်တွယ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

အစိုးရသစ်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို စိုးရိမ်၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို လျှော့ချရန် လတ်တလောတွင် ဆောင်ရွက်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

 တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် ကိုးသိန်းခန့် ပြည်ပမှ တင်သွင်းနေခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲဆီထုတ်လုပ်မှု အခက်အခဲများ ဖြစ်လာပြီး ဆီ စက်လုပ်ငန်းများ လုပ်ငန်းလုပ်ကိုင်နိုင်မှု လျော့ကျလာသဖြင့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု ကို လျှော့ချပေးရန် ဆီစက်လုပ်ငန်းရှင်များက ပြည်ထောင်စုဝန်ကြီးထံ တောင်းဆိုခြင်းဖြစ်သည်။

‘‘လူထုက ကုန်ဈေးနှုန်းနည်း နည်းတက်တာနဲ့ အော်တာပဲ။ ဒါ ကြောင့် ကျွန်တော်တို့အစိုးရက လည်း ကုန်ဈေးနှုန်းတက်မှာ သိပ် ကြောက်တယ်’’ဟု ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်က စက်တင် ဘာ ၂၄ ရက်တွင် UMFCCI ၌ ပြုလုပ်သော ပြည်တွင်းစ ားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအ သင်း ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး၌ ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် ငွေကြေးဖောင်းပွမှုကြောင့် အခြေ ခံ ကုန်ဈေးနှုန်း မြင့်တက်လာမှုကို ပြည်သူအများ  ကြုံတွေ့နေရ သည်။

 ထို့အပြင် ငွေလဲနှုန်းမတည် ငြိမ်မှုနှင့် ငွေလဲနှုန်းမြင့်တက်မှုတို့ ကြောင့်လည်း သွင်းကုန်ပစ္စည်း များ ဈေးမြင့်တက်လာကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းနေသည့် လုပ်ငန်းရှင် အချို့က ပြောသည်။

လူတစ်စုက လက်ဝါးကြီး အုပ်လုပ်ကိုင်ခဲ့သည့် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို ယခင်အစိုးရလက်ထက်တွင် ဖယ်ရှားခဲ့ပြီး လူအများလုပ်ကိုင်နိုင်ရန် ဖွင့်ပေးခဲ့သည်။ ထိုသို့ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု ဖွင့်ပေးခြင်းကြောင့် ပြည်တွင်းစားအုန်းဆီဈေးနှုန်းမှာ သိသာစွာ ကျဆင်းခဲ့သည်။

ထို့အပြင် ပြည်ပမှ စားအုန်း ဆီတင်သွင်းမှုကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီးနောက် အရည် အသွေးပိုင်းတွင် ပိုမိုကောင်းမွန် သည့် ဆီများတင်သွင်းလာနိုင်ခြင်းနှင့် အခြေခံလူတန်းစားများပဲဆီနှင့် စားအုန်းဆီဈေးနှုန်းကွာခြားခြင်းကြောင့် ဈေးသက်သာသည့် စားအုန်းဆီကိုသာ ပြည်တွင်းတွင် ပိုမိုစားသုံးခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top