Property Expo
×

ေရမေဆးေက်ာက္ ​ေရမေဆးေက်ာက္ ရွာေဖြတာ၊ ေက်ာက္စိမ္း လက္ဝယ္ ထားၿပီး ေရာင္းတာ ဝယ္တာေတြ မလုပ္ဖို႔ အာဏာပိုင္ေတြက တားျမစ္ လိုက္ပါတယ္။
လုံးခင္း ေက်ာက္စိမ္း တူးေဖၚ ေရး ဌာနက ပိုစတာေတြ စိုက္ထူကာ အခုလို တားျမစ္ လိုက္တာ ျဖစ္ၿပီး၊ က်ဴးလြန္ရင္ ေထာင္ ၁ ႏွစ္ ကေန ၃ ႏွစ္ ထိ ခ်မွတ္ နိုင္တယ္လို႔ အသိ ေပးထား ပါတယ္။

ဩဂုတ္လ ၁၅ ရက္က က်င္းပတဲ့ လႊတ္ေတာ္မွာ အမ်ိဳးသား လႊတ္ေတာ္ အမတ္ တဦးက ေရမေဆး ေက်ာက္ ရွာသူေတြေၾကာင့္ လုပ္ငန္းရွင္ေတြ ထိခိုက္မႈ ဘယ္လို ေျဖရွင္း မလဲ ဆိုတဲ့ အေမးကို သယံဇာတနဲ႕ သဘာဝ ပတ္ဝန္းက်င္ ထိမ္းသိမ္းေရး ဝန္ႀကီးက ေရမေဆး ေက်ာက္ရွာ သူေတြကို ကန႔္သတ္ မယ္လို႔ ေျဖခဲ့ ပါတယ္။

အဲလို ေရမေဆး သမားေတြကို ေနရပ္ ျပန္ပို႔ မယ္လို႔ ဝန္ႀကီးက ေျပာခဲ့ၿပီးတဲ့ ေနာက္ ခုရက္ပိုင္းမွာ ဒီထုတ္ျပန္ သတိေပး ခ်က္ကို ပိုစတာေတြ စိုက္ၿပီး လူထုကို အသိေပး ခဲ့တာ ျဖစ္ပါတယ္။
ဒီေၾကာ္ျငာ ခ်က္ေၾကာင့္ ေရမေဆး သမားေတြနဲ႕ ေက်ာက္စိမ္း ေရာင္းဝယ္သူေတြ အခက္ခဲ ျဖစ္ကုန္ ေတာ့မွာမို႔ စိုးရိမ္ ေနၾက ပါတယ္။

ဖားကန႔္ ျပည္သူ႕ လႊတ္ေတာ္ အမတ္ ဦးတင္စိုး ကေတာ့ ဒီကိစၥ အစိုးရ ပိုင္းကို တင္ျပၿပီး တတိယ အႀကိမ္ ေက်ာက္မ်က္ ဥပေဒ ျပင္ဆင္တဲ့ ဥပေဒကို အျမန္ ထြက္ရွိဖို႔ ေနာက္လာ မယ့္ လႊတ္ေတာ္မွာ တင္ျပမယ္လို႔ ေျပာပါတယ္။
ဒီလို ေရမေဆးေက်ာက္ သမားေတြကို ကန႔္သတ္ လိုက္မယ္ ဆိုရင္ ဖားကန႔္ ေဒသမွာ ေရမေဆးရွာသူ ၅ သိန္း ေက်ာ္နဲ႕ မႏၲေလး စစ္ကိုင္း စတဲ့ ေနရာေတြမွာ ေရမေဆး ေက်ာက္နဲ႕ အေရာင္း အဝယ္ ျဖစ္ေနသူ ၅ သိန္း စုစုေပါင္း လူဦးေရ တသန္းေလာက္ ထိခိုက္ နိုင္တယ္ လို႔လည္း ဆိုပါတယ္။

ခုထုတ္ျပန္ သတိေပးခ်က္ေၾကာင့္ လူအမ်ား ထိခိုက္ တာမို႔ ကန႔္ကြက္တဲ့ အေၾကာင္း မႏၲေလး မဟာေအာင္ေျမ ေက်ာက္မ်က္ ရတနာေဈး အဆင့္ ျမင့္တင္ေရး ေကာ္မတီ ဥကၠဌ ဦးသန္းဝင္းက က ေျပာပါတယ္။
သတၱဳတြင္း ဝန္ႀကီး ဌာန ဘက္က ထုတ္ျပန္ ထားတဲ့ အတိုင္း ေရမေဆး သမားေတြ ကိုသာ အေရးယူမယ္ ဆိုရင္ေတာ့ ဖားကန႔္ ေဒသ တည္ၿငိမ္ဖို႔ ခက္သြား နိုင္တယ္လို႔ ေဒသခံ လႊတ္ေတာ္ အမတ္ေတြနဲ႕ ေရမေဆးေက်ာက္ တူးေဖၚ ေရာင္းဝယ္ သူေတြ ဘက္က ေျပာပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
ရေမဆေးကျောက် ရေမဆေးကျောက် ရှာဖွေတာ၊ ကျောက်စိမ်း လက်ဝယ် ထားပြီး ရောင်းတာ ဝယ်တာတွေ မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ် လိုက်ပါတယ်။
လုံးခင်း ကျောက်စိမ်း တူးဖေါ် ရေး ဌာနက ပိုစတာတွေ စိုက်ထူကာ အခုလို တားမြစ် လိုက်တာ ဖြစ်ပြီး၊ ကျူးလွန်ရင် ထောင် ၁ နှစ် ကနေ ၃ နှစ် ထိ ချမှတ် နိုင်တယ်လို့ အသိ ပေးထား ပါတယ်။

ဩဂုတ်လ ၁၅ ရက်က ကျင်းပတဲ့ လွှတ်တော်မှာ အမျိုးသား လွှတ်တော် အမတ် တဦးက ရေမဆေး ကျောက် ရှာသူတွေကြောင့် လုပ်ငန်းရှင်တွေ ထိခိုက်မှု ဘယ်လို ဖြေရှင်း မလဲ ဆိုတဲ့ အမေးကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးက ရေမဆေး ကျောက်ရှာ သူတွေကို ကန့်သတ် မယ်လို့ ဖြေခဲ့ ပါတယ်။

အဲလို ရေမဆေး သမားတွေကို နေရပ် ပြန်ပို့ မယ်လို့ ဝန်ကြီးက ပြောခဲ့ပြီးတဲ့ နောက် ခုရက်ပိုင်းမှာ ဒီထုတ်ပြန် သတိပေး ချက်ကို ပိုစတာတွေ စိုက်ပြီး လူထုကို အသိပေး ခဲ့တာ ဖြစ်ပါတယ်။
ဒီကြော်ငြာ ချက်ကြောင့် ရေမဆေး သမားတွေနဲ့ ကျောက်စိမ်း ရောင်းဝယ်သူတွေ အခက်ခဲ ဖြစ်ကုန် တော့မှာမို့ စိုးရိမ် နေကြ ပါတယ်။

ဖားကန့် ပြည်သူ့ လွှတ်တော် အမတ် ဦးတင်စိုး ကတော့ ဒီကိစ္စ အစိုးရ ပိုင်းကို တင်ပြပြီး တတိယ အကြိမ် ကျောက်မျက် ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကို အမြန် ထွက်ရှိဖို့ နောက်လာ မယ့် လွှတ်တော်မှာ တင်ပြမယ်လို့ ပြောပါတယ်။
ဒီလို ရေမဆေးကျောက် သမားတွေကို ကန့်သတ် လိုက်မယ် ဆိုရင် ဖားကန့် ဒေသမှာ ရေမဆေးရှာသူ ၅ သိန်း ကျော်နဲ့ မန္တလေး စစ်ကိုင်း စတဲ့ နေရာတွေမှာ ရေမဆေး ကျောက်နဲ့ အရောင်း အဝယ် ဖြစ်နေသူ ၅ သိန်း စုစုပေါင်း လူဦးရေ တသန်းလောက် ထိခိုက် နိုင်တယ် လို့လည်း ဆိုပါတယ်။

ခုထုတ်ပြန် သတိပေးချက်ကြောင့် လူအများ ထိခိုက် တာမို့ ကန့်ကွက်တဲ့ အကြောင်း မန္တလေး မဟာအောင်မြေ ကျောက်မျက် ရတနာဈေး အဆင့် မြင့်တင်ရေး ကော်မတီ ဥက္ကဌ ဦးသန်းဝင်းက က ပြောပါတယ်။
သတ္တုတွင်း ဝန်ကြီး ဌာန ဘက်က ထုတ်ပြန် ထားတဲ့ အတိုင်း ရေမဆေး သမားတွေ ကိုသာ အရေးယူမယ် ဆိုရင်တော့ ဖားကန့် ဒေသ တည်ငြိမ်ဖို့ ခက်သွား နိုင်တယ်လို့ ဒေသခံ လွှတ်တော် အမတ်တွေနဲ့ ရေမဆေးကျောက် တူးဖေါ် ရောင်းဝယ် သူတွေ ဘက်က ပြောပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top