Property Expo
×

 စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ တုိက္ခန္းတစ္ခုအတြင္း ပုပ္ပြေသ ဆုံးေနသည့္ မိန္းကေလးသည္ျပည္ၿမိဳ႕တြင္ေနထုိင္သူျဖစ္ၿပီး ယခုအခါ မိသားစု၀င္မ်ားႏွင့္ ဆက္သြယ္မႈရရွိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူ မိန္းကေလး၏ မိသားစုမ်ားသည္ ျပည္ၿမိဳ႕တြင္ေန ထုိင္သူမ်ားျဖစ္ၿပီး မိဘမ်ားကြယ္လြန္ခဲ့ၿပီးေနာက္ ဦးေလးႏွင့္အတူ ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္ သုိ႔ လာေရာက္ေနထုိင္ခဲ့ျခင္း ျဖစ္သည္။ ယင္းသို႔ေနထုိင္စဥ္ ဦးေလးႏွင့္ အဆင္မေျပ၍ ၂၀၁၄ က ေနအိမ္မွဆင္းသြားခဲ့ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ဇာတိကေတာ့ ျပည္ဘက္ ကပါ။ မိဘေတြဆုံးၿပီး ဦးေလးျဖစ္ တဲ့သူနဲ႔အတူေနတယ္။ ရွစ္တန္းအ ထိ ပညာသင္ဖူးတယ္။ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားတတ္လုိ႔ ဦး ေလးက ဆုံးမတယ္။ ဒါကိုမေက် နပ္ေတာ့ အိမ္ေပၚကေန ဆင္းၿပီး အျပင္မွာတစ္ေယာက္တည္းေန တယ္။ မိဘေတြကေတာ့ ငယ္ငယ္ ကတည္းက ဆုံးသြားတယ္လို႔ သိရ ပါတယ္’’ဟု အဆုိပါရဲအရာရွိက ေျပာသည္။


 ေသဆုံးသူအမ်ဳိးသမီးကုိ စစ္ေဆးသည့္ ေဆးစစ္ခ်က္၌ အဆုတ္တြင္ ျပည္တည္ေနသည္ ဟု ေဖာ္ျပထားသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ ဇူလုိင္ခန္႔က ပုဂၢလိကေဆး ခန္းတစ္ခုတြင္ ေဆးကုသမႈခံယူ ထားေသာ မွတ္တမ္း၌မူ ေသြးလြန္တုပ္ေကြးေရာဂါရွိေၾကာင္း ေဖာ္ျပထားသည္။ ထိုအမ်ဳိးသမီးတြင္ ႏုိင္ငံသားစိစစ္ေရးကတ္ မရွိသကဲ့သို႔ မေသဆုံးမီအထိ ၎အသုံးျပဳခဲ့သည့္ အမည္မွာလည္း အမည္ရင္းမဟုတ္ဘဲ အစ္မ၀မ္းကဲြေတာ္ သူ၏ အမည္ျဖစ္ေၾကာင္းသိရ သည္။

စက္တင္ဘာ ၆ ရက္ ညေန ၆ နာရီခဲြခန္႔က စမ္းေခ်ာင္းၿမိဳ႕နယ္ လင္းလြန္း (ေတာင္)ရပ္ကြက္ တေကာင္းလမ္းရွိ ေနအိမ္တုိက္ခန္းတစ္ခုအတြင္း ၀င္ေရာက္စစ္ေဆးရာ အသက္(၂၁) ႏွစ္အရြယ္အမ်ဳိးသမီးပုပ္ပြေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုအတွင်း ပုပ်ပွသေ ဆုံးနေသည့် မိန်းကလေးသည်ပြည်မြို့တွင်နေထိုင်သူဖြစ်ပြီး ယခုအခါ မိသားစုဝင်များနှင့် ဆက်သွယ်မှုရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသူ မိန်းကလေး၏ မိသားစုများသည် ပြည်မြို့တွင်နေ ထိုင်သူများဖြစ်ပြီး မိဘများကွယ်လွန်ခဲ့ပြီးနောက် ဦးလေးနှင့်အတူ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် သို့ လာရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့နေထိုင်စဉ် ဦးလေးနှင့် အဆင်မပြေ၍ ၂၀၁၄ က နေအိမ်မှဆင်းသွားခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဇာတိကတော့ ပြည်ဘက် ကပါ။ မိဘတွေဆုံးပြီး ဦးလေးဖြစ် တဲ့သူနဲ့အတူနေတယ်။ ရှစ်တန်းအ ထိ ပညာသင်ဖူးတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတတ်လို့ ဦး လေးက ဆုံးမတယ်။ ဒါကိုမကျေ နပ်တော့ အိမ်ပေါ်ကနေ ဆင်းပြီး အပြင်မှာတစ်ယောက်တည်းနေ တယ်။ မိဘတွေကတော့ ငယ်ငယ် ကတည်းက ဆုံးသွားတယ်လို့ သိရ ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။


 သေဆုံးသူအမျိုးသမီးကို စစ်ဆေးသည့် ဆေးစစ်ချက်၌ အဆုတ်တွင် ပြည်တည်နေသည် ဟု ဖော်ပြထားသည်။ ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်ခန့်က ပုဂ္ဂလိကဆေး ခန်းတစ်ခုတွင် ဆေးကုသမှုခံယူ ထားသော မှတ်တမ်း၌မူ သွေးလွန်တုပ်ကွေးရောဂါရှိကြောင်း ဖော်ပြထားသည်။ ထိုအမျိုးသမီးတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသကဲ့သို့ မသေဆုံးမီအထိ ၎င်းအသုံးပြုခဲ့သည့် အမည်မှာလည်း အမည်ရင်းမဟုတ်ဘဲ အစ်မဝမ်းကွဲတော် သူ၏ အမည်ဖြစ်ကြောင်းသိရ သည်။

စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် လင်းလွန်း (တောင်)ရပ်ကွက် တကောင်းလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုအတွင်း ဝင်ရောက်စစ်ဆေးရာ အသက်(၂၁) နှစ်အရွယ်အမျိုးသမီးပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top