Kantharyar Centre
×

ပါကစၥတန္အလယ္ပိုင္းတြင္ တိုက္မိခဲ့သည့္ ရထားႏွစ္စင္းအားေတြ႕ရစဥ္ (ဓါတ္ပံု-အင္တာနက္)
    အစၥလာမ္မာဘတ္၊ စက္တင္ဘာ ၁၅ ရက္ (ဆင္ဟြာ)

    ပါကစၥတန္ႏိုင္ငံ အလယ္ပိုင္း Multan ခရိုင္ တြင္ စက္တင္ဘာလ ၁၅ရက္ နံနက္ပိုင္းက  ခရီးသည္တင္ရထားတစ္စီး ႏွင့္ ကုန္တင္ရထားတစ္စီး တုိက္မိခဲ့ရာ အနည္းဆံုး လူေျခာက္ဦးေသဆံုးၿပီး လူ ၁၅၀ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံ တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။

ၿမိဳ႕နယ္ရဲအရာရွိ Muhammad Rizwan က ဒဏ္ရာရရွိသူ မ်ားအနက္ အခ်ဳိ႕မွာ ဒဏ္ရာျပင္းထန္ေသာေၾကာင့္ ေသဆံုးသူဦးေရသည္ ၁၅ဦးအထိ ျမင့္တက္လာႏိုင္ေၾကာင္း ႏွင့္ ခရီးသည္တင္ရထား၏ အင္ဂ်င္စက္ခန္းႏွင့္ တြဲေလးတြဲမွာ လမ္းေခ်ာ္ခဲ့ေၾကာင္း သိရသည္။

ခရီးသည္တင္ရထား သည္ ႏိုင္ငံအေနာက္ေျမာက္ဘက္ ပက္ရွ္ဝါၿမိဳ႕မွ ေတာင္ဘက္ ကရာခ်ိဆိပ္ကမ္းၿမိဳ႕သုိ႕ သြားေနစဥ္ Multan ခရိုင္ ရွိ Bucch ဘူတာရံု မွ ထြက္ခြာၿပီး ၁၅မိနစ္အၾကာတြင္ ကုန္တင္ရထားႏွင့္  တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ၄င္းက ေျပာၾကားခဲ့သည္။

ဒုတိယေကာ္မရွင္နာမင္းႀကီး Multan Nadir Chattha က ကုန္တင္ရထား သည္ ကိုယ့္ကိုကုိယ္ သတ္ေသရန္ ၾကံစည္ေနသည့္ အမ်ဳိးသားတစ္ဦးအား တက္ႀကိတ္ၿပီးေနာက္ ရပ္တန္႕ခဲ့ရာ တူညီေသာ ဦးတည္ခ်က္မွ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ရထားႏွင့္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဒဏ္ရာရရွိသူမ်ားအား ၿမိဳ႕အတြင္းရွိ ေဆးရံုမ်ားသုိ႔ ကယ္ဆယ္ေရးအဖြဲ႔မ်ားက ပို႔ေဆာင္ေပးခဲ့ၿပီး တစ္ခ်ိန္တည္းမွာပင္ ရထားလမ္းအာဏာပိုင္မ်ားက အသက္ရွင္က်န္ရစ္သူမ်ား လိုရာခရီးျဖစ္သည့္ Karachi သို႔ ဆက္လက္သြားရာက္ႏုိင္ရန္ အျခား ရထားတစ္စီးျဖင့္ ေျပာင္းလဲစီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးအဖြဲ႔က ခရီးသည္တင္ရထား၏ ေအာက္တြင္ ပိတ္မိေနသည့္ လူတစ္ခ်ဳိ႕က်န္ရွိေနေသး၍ ေသဆံုးသူမ်ားျပားလာႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

Punjab ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Shahbaz Sharif က မေတာ္တဆျဖစ္ရပ္အတြက္ ဝမ္းနည္းပါေၾကာင္း ႏွင့္ ဒဏ္ရာရရွိသူမ်ားအား အေကာင္းဆံုး ေဆးကုသမႈမ်ား ေဆာင္ရြက္ေပးသြားရန္ ေဆးရံုအာဏာပိုင္မ်ားကို ညႊန္ၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ပါကစ္စတန်အလယ်ပိုင်းတွင် တိုက်မိခဲ့သည့် ရထားနှစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan ခရိုင် တွင် စက်တင်ဘာလ ၁၅ရက် နံနက်ပိုင်းက  ခရီးသည်တင်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး လူ ၁၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြို့နယ်ရဲအရာရှိ Muhammad Rizwan က ဒဏ်ရာရရှိသူ များအနက် အချို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေသည် ၁၅ဦးအထိ မြင့်တက်လာနိုင်ကြောင်း နှင့် ခရီးသည်တင်ရထား၏ အင်ဂျင်စက်ခန်းနှင့် တွဲလေးတွဲမှာ လမ်းချော်ခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ရထား သည် နိုင်ငံအနောက်မြောက်ဘက် ပက်ရှ်ဝါမြို့မှ တောင်ဘက် ကရာချိဆိပ်ကမ်းမြို့သို့ သွားနေစဉ် Multan ခရိုင် ရှိ Bucch ဘူတာရုံ မှ ထွက်ခွာပြီး ၁၅မိနစ်အကြာတွင် ကုန်တင်ရထားနှင့်  တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယကော်မရှင်နာမင်းကြီး Multan Nadir Chattha က ကုန်တင်ရထား သည် ကိုယ့်ကိုကိုယ် သတ်သေရန် ကြံစည်နေသည့် အမျိုးသားတစ်ဦးအား တက်ကြိတ်ပြီးနောက် ရပ်တန့်ခဲ့ရာ တူညီသော ဦးတည်ချက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား မြို့အတွင်းရှိ ဆေးရုံများသို့ ကယ်ဆယ်ရေးအဖွဲ့များက ပို့ဆောင်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရထားလမ်းအာဏာပိုင်များက အသက်ရှင်ကျန်ရစ်သူများ လိုရာခရီးဖြစ်သည့် Karachi သို့ ဆက်လက်သွားရာက်နိုင်ရန် အခြား ရထားတစ်စီးဖြင့် ပြောင်းလဲစီစဉ်ပေးခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့က ခရီးသည်တင်ရထား၏ အောက်တွင် ပိတ်မိနေသည့် လူတစ်ချို့ကျန်ရှိနေသေး၍ သေဆုံးသူများပြားလာနိုင်ကြောင်း ပြောကြားခဲ့သည်။

Punjab ပြည်နယ် ဝန်ကြီးချုပ် Shahbaz Sharif က မတော်တဆဖြစ်ရပ်အတွက် ဝမ်းနည်းပါကြောင်း နှင့် ဒဏ်ရာရရှိသူများအား အကောင်းဆုံး ဆေးကုသမှုများ ဆောင်ရွက်ပေးသွားရန် ဆေးရုံအာဏာပိုင်များကို ညွှန်ကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top