Kantharyar Centre
×

အႏုပညာသက္တမ္း ၄ ႏွစ္ဆိုတဲ့ အတုိင္းအတာတစ္ခုမွာ ေၾကာ္ျငာေတြ၊ ေဘလ္ဘုတ္ေတြအျပင္ အမ္တီဗီေတာ္ေတာ္မ်ားမ်ားမွာပါ ေတြ႕လာရသူကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ ပိုင္တံခြန္ပါ။ လက္ရွိမွာလဲ ဗီဒီယိုကားေလးတစ္ကားကို စတင္ရုိက္ကူးေနၿပီျဖစ္သလို မၾကာခင္မွာလဲ သရုပ္ေဆာင္ေဖြးေဖြးနဲ႕အတူ ဗီယက္နမ္မွာ အလွကုန္စၥည္းေၾကာ္ျငာတစ္ခုသြားရုိက္ဖို႕ရွိတယ္လို႕သိရပါတယ္။ ဒါ့အျပင္လဲ မေလးရွားကိုသြားၿပီး အႏုပညာရွင္အခ်ိဳ႕နဲ႕အတူ camp တစ္ခုအေနနဲ႕ခရီးထြက္ဖို႕ရွိတယ္လို႕လည္း သိရတာေၾကာင့္ သူဆက္လုပ္သြားမဲ့ အႏုပညာလႈပ္ရွားမႈမ်ားနဲ႕သူလက္ရွိမွာ ရုိက္ကူးေနတဲ့ဗီဒီယိုကားေလးအေၾကာင္းကိုေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဒီကားေလးက ကုိေဇရဲထက္ ကၽြန္ေတာ့္ကို ကမ္းလွမ္းထားတဲ့ ကားေလးေပါ့။ ကၽြန္ေတာ္အပါအ၀င္ မင္းသားငါးေယာက္ပါတယ္။ မင္းသမီးကဆုအိမ့္စံ၊ ဒါရိုက္တာကကိုဂ်ဳိးပါ။ ကၽြန္ေတာ္တုိ႕ငါးေယာက္စလံုးက မိဘမဲ့ေတြေပါ့။ အားလံုးကလဲ လူလိမ္ေတြေပါ့။ ဒီကားေလးကို ကိုေဇရဲထက္က လာျပေတာ့ ကၽြန္ေတာ္နဲ႕လုိက္တယ္ဆိုတာနဲ႕ရုိက္ျဖစ္ခဲ့တာပါ။

-ဒီကားအေရွ႕မွာေရာ ရုိက္ထားတဲ့ကားေတြရွိဦးမလား။

အေရွ႕မွာမရွိဘူး။ ဒါေပမဲ့ လြန္ခဲ့တဲ့ ၂ႏွစ္တုန္းကေတာ့ ကူညီၿပီးရုိက္ေပးထားတဲ့ သံမဏိဖဲေမြ႕ယာဆိုတဲ့ ကားေလးေတာ့ရွိတယ္။ ကိုထူးနဲ႕ေပါ့။ အဲ့ဒီကားေလးက man to man ကားမဟုတ္ဘူး။ ေဖ့စ္ဘြတ္မွာတင္ထားတာကအဲ့ဒီလိုကားဆိုၿပီးတင္ထားတာပါ။ ဒါေပမဲ့ၾကည့္ၿပီးတဲ့သူတိုင္းသိပါတယ္။ အဲ့ဒီလိုကားမဟုတ္ပါဘူး။

-တျခားအႏုပညာလႈပ္ရွားမႈအေနနဲ႕ေရာဘာေတြလုပ္ျဖစ္ေသးလဲ။

အခုလက္ရွိကေတာ့ ေလာေလာဆယ္မွာ ေဘဘုတ္ေတြ၊ ေၾကာ္ျငာေတြနဲ႕အမ္တီဗီေလးေတြရုိက္ထားတယ္။ အခုလာမဲ့ ၂၇ဆို ဗီယက္နမ္မွာ တံခြန္ရယ္၊ ေဖြးေဖြးရယ္၊ ယြန္းယြန္းရယ္ အလွကုန္ပစၥည္းေၾကာ္ျငာတစ္ခုသြားရုိက္ဖုိ႕ရွိတယ္။ ျပန္လာရင္ မဂၢဇင္းရုိက္၊ ေဘဘုတ္ရုိက္ေတြရွိတယ္။ ၂ရက္ေန႕မွာတံခြန္ ကိုဆန္းတိုးႏိုင္နဲ႕အက်ီၤေၾကာ္ျငာရုိက္ရမယ္။ ၅ရက္ေန႕မွာဆိုမနန္းစုရယ္၊ အမရာျငိမ္းရယ္၊ တံခြန္ရယ္ သံုးေယာက္ မေလးရွားႏုိင္ငံ ကြာလာလန္ပူျမိဳ႕နဲ႕ေနာက္ထပ္ျမိဳ႕တစ္ျမိဳ႕ကို သြားၿပီး အာဆီယံဆယ္ႏုိင္ငံမွာရွိတဲ့ အႏုပညာရွင္ေတြစုၿပီး camp တစ္ခုအေနနဲ႕ခရီးထြက္ရမယ္။ အဲ့ဒါကေတာ့ ဆယ္ရက္ေလာက္ၾကာပါမယ္။ ျပန္လာရင္ တျခားဗီဒီယိုကားေလးေတြရုိက္ဖို႕ရွိတယ္။ ၁၂လပိုင္းမွာေတာ့ ကိုေဇရဲထက္တို႕နဲ႕ပဲကားၾကီးႏွစ္ကားရုိက္ဖို႕ရွိပါတယ္။

-အစ္ကုိ႕ကဆို မိန္းကေလးပရိသတ္မ်ားတယ္။ ဒါေပမဲ့အခ်ိဳ႕ေသာ အမ်ိဳးသားပရိသတ္ေတြက်ေတာ့လဲ အစ္ကို႕ကုိမၾကိဳက္ၾကဘူး။ ေ၀ဖန္ၾကတယ္။ ဆိုေတာ့ အဲ့ဒီပရိသတ္ႏွစ္ခုအေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

အျမင္ကေတာ့ အဓိကေယာက်ာ္းေလးကေတာ့ ေယာက်ာ္းေလးအခ်င္းခ်င္း အားေပးတယ္ဆိုတာ ရွားတယ္ေလ။ မိန္းကေလးဆို ေယာက်ာ္းေလးအားေပးတယ္။ ေယာက်ာ္းေလးဆုိရင္ေတာ့ မိန္းကေလးအားေပးတယ္။ ဒါကေတာ့ သဘာ၀ပါပဲ။ ဘယ္လုိပဲျဖစ္ျဖစ္ ေ၀ဖန္သည္ျဖစ္ေစ၊ အားေပးသည္ျဖစ္ေစ ကၽြန္ေတာ္ကေတာ့ အဲ့ဒီႏွစ္ခုလံုးကို ယူသလုိ ဆိုးတာကုိလဲယူတယ္။ ဘာလို႕လဲဆိုေတာ့ တစ္ခ်ိန္လံုးေကာင္းတယ္လို႕ပဲၾကားေနရင္လဲ အဆင္မေျပသလုိ ဆိုးတာၾကီးပဲ တစ္ခ်ိန္လံုးၾကားေနရင္လဲ အဆင္မေျပႏုိင္ဘူးေလ။ အဆိုးေျပာတဲ့အထဲကမွ ကုိယ့္အတြက္ေကာင္းႏုိင္တာေလးတစ္ခုကို ကိုယ့္အတြက္ျပန္သံုးလုိက္တယ္။ အဆိုးထဲမွာေကာင္းတာေလးေတြရွိလာတာမ်ိဳးလဲပါပါတယ္။

-တခ်ိဳ႕ဆို အစ္ကို႕ကုိ troll ၾကတယ္ေလ။ အဲ့ဒီဟာေတြအေပၚမွာေရာ ဘယ္လိုစိတ္မ်ိဳးနဲ႕ထားၿပီးဆက္ဆံျဖစ္လဲ။

ပထမအစတုန္းကေတာ့ ေတာ္ေတာ္ေလးကိုစိတ္ညစ္ခဲ့ရတယ္။ ဘာလို႕လဲဆိုေတာ့ ကိုယ္ကိုတိုင္လဲ တစ္ခါမွ အဲ့ဒီလိုမ်ိဳးမၾကံဳခဲ့ရဘူးေလ။ အခုေနာက္ပိုင္းခဏခဏျဖစ္ေနတယ္။ ေျခလႈပ္၊ ေျခရုိက္၊ လက္လႈပ္လက္ရုိက္ဆိုေတာ့ ဘာလုပ္လုပ္ကို troll ေနတဲ့အတြက္ ဘာမွကိုမေျပာေတာ့ဘူး။ ဒီတိုင္းပဲထားလိုက္တယ္။ တခါတေလ သူတို႕troll လုိက္တဲ့ဟာသေလးေတြက ကိုယ့္ဟာကုိယ္ၾကည့္ၿပီးေတာင္ troll တတ္လိုက္ၾကတာဆိုၿပီးေတာင္ ရယ္ၿပီးေပ်ာ္ရပါတယ္။

-body ပိုင္းနဲ႕ပတ္သက္ၿပီး Gym ေဆာ့တာဘာညာေရာ ရွိလား။

ရွိတယ္ခင္ဗ်။ Gym ကေတာ့ ပံုမွန္ေဆာ့ျဖစ္တယ္။ ဒါေပမဲ့အခုေနာက္ပုိင္းကေတာ့ တစ္လလံုးကို ရႈတင္ေတြဆက္၊ ခရီးေတြထြက္ေနရေတာ့ သိပ္မေဆာ့ျဖစ္ဘူး။ အရင္ကေတာ့ အားရင္အားသလိုသြားေဆာ့ျဖစ္ပါတယ္။

-အားလံုးသိခ်င္ေနၾကတဲ့ အေၾကာင္းအရာေလးတစ္ခုေလာက္ေမးခ်င္တယ္။ ထပ္ဆင့္အကယ္ဒမီမင္းသမီးနဲ႕တြဲေနတာလားဆိုတဲ့အေၾကာင္းအရာေလးကိုလဲအတည္ျပဳေပးပါဦး။

မဟုတ္ဘူးဗ်။ အဓိကဘယ္လိုေၾကာင့္ ဒီအသံေတြ ထြက္လာလဲဆိုတာေတာ့မသိဘူး။ အဓိက သူနဲ႕တံခြန္ေၾကာ္ျငာေလး တစ္ခုရိုက္တယ္။ အဲ့ဒီဟာေလးကို ေဆးကုမၸဏီက အကူအညီေတာင္းတဲ့အတြက္ ကာဗာေလးခ်ိန္းေပးလို႕ရလားဆိုေတာ့ ရပါတယ္ဆုိၿပီး ကၽြန္ေတာ္က ကာဗာခ်ိန္းလုိက္တာပါ။ ကာဗာခ်ိန္းၿပီးေနာက္ပိုင္းမွာ ပရိုဖိုင္းပါခ်ိန္းလိုက္ေတာ့ အားလံုးက အဲ့ဒီလိုထင္ၾကတယ္။ ပထမကေတာ့ ရိုးရိုးေလာက္ပဲေပါ့။ ဘာမွမေျပာဘူး။ ဒါေပမဲ့ troller ေတြကေတာ့ troll ၾကတာေပါ့ေနာ္။ ၿပီးေတာ့ ကၽြန္ေတာ္ကပရိသတ္နည္းတယ္။ အသစ္တစ္ေယာက္ေပါ့။ သူကေတာ့ ပရိသတ္မ်ားတယ္ေပါ့။ တခ်ိဳ႕ troller ေတြကလဲ ေကာင္းေစခ်င္လို႕troll တယ္။ တခ်ိဳ႕ troller ေတြက်ေတာ့လဲ ဆဲခံရေအာင္ troll ၾကတယ္။ ေနာက္ပိုင္းက်ေတာ့ အဲ့ဒီလိုသတင္းထြက္လာတဲ့အခါက်ေတာ့ကိုယ့္စိတ္ထဲမွာကေတာ့ အလုပ္လို႕ပဲစိတ္ထဲမွာရွိတယ္။ ဒါေပမဲ့ ကိုယ့္အေမကိုလဲျပန္ၾကည့္ရေသးတဲ့အခါက်ေတာ့ ကၽြန္ေတာ္ျပန္ဖ်က္လိုက္တယ္။ သူနဲ႕ကလဲေမာင္ႏွမေတြလိုပါပဲ။ ဘာမွမရွိပါဘူး။

-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

ကၽြန္ေတာ္ Single ပါပဲ။ ရည္းစားေတြကေတာ့ အရင္ကအမ်ားၾကီးထားခဲ့ဖူးပါတယ္။ ဒါေပမဲ့အခုခ်ိန္မွာေတာ့ ေအးေဆးပဲ။ ကၽြန္ေတာ္တစ္ေယာက္တည္းပါ။

-အခ်စ္ကိုေရာ ဘယ္လိုမ်ိဳးနားလည္ထားလဲ။

အႏုပညာရွင္ပဲျဖစ္ျဖစ္၊ အျပင္လူပဲျဖစ္ျဖစ္ အခ်စ္ဆိုတာ တစ္ခ်စ္တည္းရွိပါတယ္။ ကၽြန္ေတာ္လဲ ခ်စ္တတ္ပါတယ္။ တခါတေလ အႏုပညာရွင္မျဖစ္ခ်င္ဘူး။ အျပင္ကလူေတြလိုပဲ အခ်စ္ကို လြတ္လြတ္လပ္လပ္ေလးခံစားၾကည့္ခ်င္တယ္။ အျပင္လူလိုမ်ိဳးေပါ့။ အခုအေျခအေနမွာဆုိရင္ မိန္းကေလးတစ္ေယာက္ေယာက္နဲ႕ကိုယ္ရည္းစားထားလိုက္ၿပီဆုိပါစို႕ဘယ္လိုပဲျဖစ္ျဖစ္သြားခ်င္တဲ့ေနရာသြားလို႕မရဘူး။ ကိုယ့္ကိုအားေပးေနတဲ့ ပရိသတ္ရွိတဲ့အတြက္ကိုယ္ကေလးစားရမယ္။ အစစအရာရာ ဆင္ျခင္ရမယ္။ အႏုပညာရွင္မဟုတ္တဲ့သာမန္လူတစ္ေယာက္ဆုိရင္ေတာ့ ေအးေဆးပဲေပါ့ေနာ္။ ပိုၿပီးလြတ္လပ္မႈရွိတယ္လို႕ထင္တယ္။

-အစ္ကို႕ကိုအားေပးေနတဲ့ပရိသတ္ေတြကုိေရာ ဘာမ်ားထပ္ေျပာခ်င္ေသးလဲ။

အခုလက္ရွိမွာ ကၽြန္ေတာ္ကားေလးေတြလရိုက္ေနတယ္။ ေၾကာ္ျငာ၊ ေဘလ္ဘုတ္ေတြလဲအမ်ားၾကီးရိုက္ေနတယ္။ ပရိသတ္ရဲ႕အားေပးမႈနဲကလက္ခုပ္သံေတြကိုေတာင့္တေနတယ္။ ပရိသတ္ၾကီးအားေပးရက်ိဳးနပ္ေအာင္ ကၽြန္ေတာ့္ဖက္ကအစစအရာရာကို ၾကိဳးစားသြားပါ့မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အနုပညာသက်တမ်း ၄ နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ ကြော်ငြာတွေ၊ ဘေလ်ဘုတ်တွေအပြင် အမ်တီဗီတော်တော်များများမှာပါ တွေ့လာရသူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ပိုင်တံခွန်ပါ။ လက်ရှိမှာလဲ ဗီဒီယိုကားလေးတစ်ကားကို စတင်ရိုက်ကူးနေပြီဖြစ်သလို မကြာခင်မှာလဲ သရုပ်ဆောင်ဖွေးဖွေးနဲ့အတူ ဗီယက်နမ်မှာ အလှကုန်စ္စည်းကြော်ငြာတစ်ခုသွားရိုက်ဖို့ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင်လဲ မလေးရှားကိုသွားပြီး အနုပညာရှင်အချို့နဲ့အတူ camp တစ်ခုအနေနဲ့ခရီးထွက်ဖို့ရှိတယ်လို့လည်း သိရတာကြောင့် သူဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုများနဲ့သူလက်ရှိမှာ ရိုက်ကူးနေတဲ့ဗီဒီယိုကားလေးအကြောင်းကိုမေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီကားလေးက ကိုဇေရဲထက် ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့ ကားလေးပေါ့။ ကျွန်တော်အပါအဝင် မင်းသားငါးယောက်ပါတယ်။ မင်းသမီးကဆုအိမ့်စံ၊ ဒါရိုက်တာကကိုဂျိုးပါ။ ကျွန်တော်တို့ငါးယောက်စလုံးက မိဘမဲ့တွေပေါ့။ အားလုံးကလဲ လူလိမ်တွေပေါ့။ ဒီကားလေးကို ကိုဇေရဲထက်က လာပြတော့ ကျွန်တော်နဲ့လိုက်တယ်ဆိုတာနဲ့ရိုက်ဖြစ်ခဲ့တာပါ။

-ဒီကားအရှေ့မှာရော ရိုက်ထားတဲ့ကားတွေရှိဦးမလား။

အရှေ့မှာမရှိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ ကူညီပြီးရိုက်ပေးထားတဲ့ သံမဏိဖဲမွေ့ယာဆိုတဲ့ ကားလေးတော့ရှိတယ်။ ကိုထူးနဲ့ပေါ့။ အဲ့ဒီကားလေးက man to man ကားမဟုတ်ဘူး။ ဖေ့စ်ဘွတ်မှာတင်ထားတာကအဲ့ဒီလိုကားဆိုပြီးတင်ထားတာပါ။ ဒါပေမဲ့ကြည့်ပြီးတဲ့သူတိုင်းသိပါတယ်။ အဲ့ဒီလိုကားမဟုတ်ပါဘူး။

-တခြားအနုပညာလှုပ်ရှားမှုအနေနဲ့ရောဘာတွေလုပ်ဖြစ်သေးလဲ။

အခုလက်ရှိကတော့ လောလောဆယ်မှာ ဘေဘုတ်တွေ၊ ကြော်ငြာတွေနဲ့အမ်တီဗီလေးတွေရိုက်ထားတယ်။ အခုလာမဲ့ ၂၇ဆို ဗီယက်နမ်မှာ တံခွန်ရယ်၊ ဖွေးဖွေးရယ်၊ ယွန်းယွန်းရယ် အလှကုန်ပစ္စည်းကြော်ငြာတစ်ခုသွားရိုက်ဖို့ရှိတယ်။ ပြန်လာရင် မဂ္ဂဇင်းရိုက်၊ ဘေဘုတ်ရိုက်တွေရှိတယ်။ ၂ရက်နေ့မှာတံခွန် ကိုဆန်းတိုးနိုင်နဲ့အကျီၤကြော်ငြာရိုက်ရမယ်။ ၅ရက်နေ့မှာဆိုမနန်းစုရယ်၊ အမရာငြိမ်းရယ်၊ တံခွန်ရယ် သုံးယောက် မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့နဲ့နောက်ထပ်မြို့တစ်မြို့ကို သွားပြီး အာဆီယံဆယ်နိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေစုပြီး camp တစ်ခုအနေနဲ့ခရီးထွက်ရမယ်။ အဲ့ဒါကတော့ ဆယ်ရက်လောက်ကြာပါမယ်။ ပြန်လာရင် တခြားဗီဒီယိုကားလေးတွေရိုက်ဖို့ရှိတယ်။ ၁၂လပိုင်းမှာတော့ ကိုဇေရဲထက်တို့နဲ့ပဲကားကြီးနှစ်ကားရိုက်ဖို့ရှိပါတယ်။

-အစ်ကို့ကဆို မိန်းကလေးပရိသတ်များတယ်။ ဒါပေမဲ့အချို့သော အမျိုးသားပရိသတ်တွေကျတော့လဲ အစ်ကို့ကိုမကြိုက်ကြဘူး။ ဝေဖန်ကြတယ်။ ဆိုတော့ အဲ့ဒီပရိသတ်နှစ်ခုအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

အမြင်ကတော့ အဓိကယောကျာ်းလေးကတော့ ယောကျာ်းလေးအချင်းချင်း အားပေးတယ်ဆိုတာ ရှားတယ်လေ။ မိန်းကလေးဆို ယောကျာ်းလေးအားပေးတယ်။ ယောကျာ်းလေးဆိုရင်တော့ မိန်းကလေးအားပေးတယ်။ ဒါကတော့ သဘာဝပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်သည်ဖြစ်စေ၊ အားပေးသည်ဖြစ်စေ ကျွန်တော်ကတော့ အဲ့ဒီနှစ်ခုလုံးကို ယူသလို ဆိုးတာကိုလဲယူတယ်။ ဘာလို့လဲဆိုတော့ တစ်ချိန်လုံးကောင်းတယ်လို့ပဲကြားနေရင်လဲ အဆင်မပြေသလို ဆိုးတာကြီးပဲ တစ်ချိန်လုံးကြားနေရင်လဲ အဆင်မပြေနိုင်ဘူးလေ။ အဆိုးပြောတဲ့အထဲကမှ ကိုယ့်အတွက်ကောင်းနိုင်တာလေးတစ်ခုကို ကိုယ့်အတွက်ပြန်သုံးလိုက်တယ်။ အဆိုးထဲမှာကောင်းတာလေးတွေရှိလာတာမျိုးလဲပါပါတယ်။

-တချို့ဆို အစ်ကို့ကို troll ကြတယ်လေ။ အဲ့ဒီဟာတွေအပေါ်မှာရော ဘယ်လိုစိတ်မျိုးနဲ့ထားပြီးဆက်ဆံဖြစ်လဲ။

ပထမအစတုန်းကတော့ တော်တော်လေးကိုစိတ်ညစ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုတိုင်လဲ တစ်ခါမှ အဲ့ဒီလိုမျိုးမကြုံခဲ့ရဘူးလေ။ အခုနောက်ပိုင်းခဏခဏဖြစ်နေတယ်။ ခြေလှုပ်၊ ခြေရိုက်၊ လက်လှုပ်လက်ရိုက်ဆိုတော့ ဘာလုပ်လုပ်ကို troll နေတဲ့အတွက် ဘာမှကိုမပြောတော့ဘူး။ ဒီတိုင်းပဲထားလိုက်တယ်။ တခါတလေ သူတို့troll လိုက်တဲ့ဟာသလေးတွေက ကိုယ့်ဟာကိုယ်ကြည့်ပြီးတောင် troll တတ်လိုက်ကြတာဆိုပြီးတောင် ရယ်ပြီးပျော်ရပါတယ်။

-body ပိုင်းနဲ့ပတ်သက်ပြီး Gym ဆော့တာဘာညာရော ရှိလား။

ရှိတယ်ခင်ဗျ။ Gym ကတော့ ပုံမှန်ဆော့ဖြစ်တယ်။ ဒါပေမဲ့အခုနောက်ပိုင်းကတော့ တစ်လလုံးကို ရှုတင်တွေဆက်၊ ခရီးတွေထွက်နေရတော့ သိပ်မဆော့ဖြစ်ဘူး။ အရင်ကတော့ အားရင်အားသလိုသွားဆော့ဖြစ်ပါတယ်။

-အားလုံးသိချင်နေကြတဲ့ အကြောင်းအရာလေးတစ်ခုလောက်မေးချင်တယ်။ ထပ်ဆင့်အကယ်ဒမီမင်းသမီးနဲ့တွဲနေတာလားဆိုတဲ့အကြောင်းအရာလေးကိုလဲအတည်ပြုပေးပါဦး။

မဟုတ်ဘူးဗျ။ အဓိကဘယ်လိုကြောင့် ဒီအသံတွေ ထွက်လာလဲဆိုတာတော့မသိဘူး။ အဓိက သူနဲ့တံခွန်ကြော်ငြာလေး တစ်ခုရိုက်တယ်။ အဲ့ဒီဟာလေးကို ဆေးကုမ္ပဏီက အကူအညီတောင်းတဲ့အတွက် ကာဗာလေးချိန်းပေးလို့ရလားဆိုတော့ ရပါတယ်ဆိုပြီး ကျွန်တော်က ကာဗာချိန်းလိုက်တာပါ။ ကာဗာချိန်းပြီးနောက်ပိုင်းမှာ ပရိုဖိုင်းပါချိန်းလိုက်တော့ အားလုံးက အဲ့ဒီလိုထင်ကြတယ်။ ပထမကတော့ ရိုးရိုးလောက်ပဲပေါ့။ ဘာမှမပြောဘူး။ ဒါပေမဲ့ troller တွေကတော့ troll ကြတာပေါ့နော်။ ပြီးတော့ ကျွန်တော်ကပရိသတ်နည်းတယ်။ အသစ်တစ်ယောက်ပေါ့။ သူကတော့ ပရိသတ်များတယ်ပေါ့။ တချို့ troller တွေကလဲ ကောင်းစေချင်လို့troll တယ်။ တချို့ troller တွေကျတော့လဲ ဆဲခံရအောင် troll ကြတယ်။ နောက်ပိုင်းကျတော့ အဲ့ဒီလိုသတင်းထွက်လာတဲ့အခါကျတော့ကိုယ့်စိတ်ထဲမှာကတော့ အလုပ်လို့ပဲစိတ်ထဲမှာရှိတယ်။ ဒါပေမဲ့ ကိုယ့်အမေကိုလဲပြန်ကြည့်ရသေးတဲ့အခါကျတော့ ကျွန်တော်ပြန်ဖျက်လိုက်တယ်။ သူနဲ့ကလဲမောင်နှမတွေလိုပါပဲ။ ဘာမှမရှိပါဘူး။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

ကျွန်တော် Single ပါပဲ။ ရည်းစားတွေကတော့ အရင်ကအများကြီးထားခဲ့ဖူးပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ အေးဆေးပဲ။ ကျွန်တော်တစ်ယောက်တည်းပါ။

-အချစ်ကိုရော ဘယ်လိုမျိုးနားလည်ထားလဲ။

အနုပညာရှင်ပဲဖြစ်ဖြစ်၊ အပြင်လူပဲဖြစ်ဖြစ် အချစ်ဆိုတာ တစ်ချစ်တည်းရှိပါတယ်။ ကျွန်တော်လဲ ချစ်တတ်ပါတယ်။ တခါတလေ အနုပညာရှင်မဖြစ်ချင်ဘူး။ အပြင်ကလူတွေလိုပဲ အချစ်ကို လွတ်လွတ်လပ်လပ်လေးခံစားကြည့်ချင်တယ်။ အပြင်လူလိုမျိုးပေါ့။ အခုအခြေအနေမှာဆိုရင် မိန်းကလေးတစ်ယောက်ယောက်နဲ့ကိုယ်ရည်းစားထားလိုက်ပြီဆိုပါစို့ဘယ်လိုပဲဖြစ်ဖြစ်သွားချင်တဲ့နေရာသွားလို့မရဘူး။ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်ရှိတဲ့အတွက်ကိုယ်ကလေးစားရမယ်။ အစစအရာရာ ဆင်ခြင်ရမယ်။ အနုပညာရှင်မဟုတ်တဲ့သာမန်လူတစ်ယောက်ဆိုရင်တော့ အေးဆေးပဲပေါ့နော်။ ပိုပြီးလွတ်လပ်မှုရှိတယ်လို့ထင်တယ်။

-အစ်ကို့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများထပ်ပြောချင်သေးလဲ။

အခုလက်ရှိမှာ ကျွန်တော်ကားလေးတွေလရိုက်နေတယ်။ ကြော်ငြာ၊ ဘေလ်ဘုတ်တွေလဲအများကြီးရိုက်နေတယ်။ ပရိသတ်ရဲ့အားပေးမှုနဲကလက်ခုပ်သံတွေကိုတောင့်တနေတယ်။ ပရိသတ်ကြီးအားပေးရကျိုးနပ်အောင် ကျွန်တော့်ဖက်ကအစစအရာရာကို ကြိုးစားသွားပါ့မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top