Property Expo
×

အရက္သမား ေတြအတြက္ သတင္းေကာင္းေရာ ၊ သတင္းဆိုးပါ ပါလာပါတယ္။

အရြယ္ေရာက္ၿပီး အရက္ေသာက္တတ္သူ ေတြဟာ အရက္ေရွာင္ၾကဥ္သူေတြထက္ ႏွလံုးေရာဂါ ျဖစ္ပြားဖို႔ ၂၄ ရာခိုင္ႏႈန္း ျဖစ္ႏိုင္ေခ်နည္းတယ္လို႔ သုေတသန တစ္ခုက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း အရက္ေသာက္တတ္သူေတြဟာ ကင္ဆာ ေရာဂါ ျဖစ္ပြားဖို႔ အခြင့္အေရးကေတာ့ အရက္မေသာက္တတ္သူေတြထက္ ပိုမ်ားေနတာကို ေတြ႕ရပါတယ္။

တစ္ပတ္ ကို ၁၄ ယူနစ္ ခန္႔ အရက္ပံုမွန္ေသာက္သံုးတဲ့ အမ်ိဳးသမီး ေတြနဲ႔ တစ္ပတ္ ကို ၂၁ ယူနစ္ ခန္႔ ပံုမွန္ေသာက္သံုးတဲ့ အမ်ိဳးသားေတြဟာ ေစာေစာ စီးစီး ေသဆံုးဖို႔ အခြင့္အေရး ပိုမ်ားတယ္လို႔ Lancet ေလ့လာမႈ က ေဖာ္ျပခဲ့ပါတယ္။

ထို ေလ့လာမႈ မွာေတာ့ ဆြီဒင္ ၊ ကေနဒါ ၊ အာဂ်င္တီးနား ၊ ဘရာဇီးလ္ ၊ အိႏၵိယ နဲ႔ တူရကီ ႏိုင္ငံ တို႔ အပါအ၀င္ ႏိုင္ငံ ေပါင္း ၁၂ ႏိုင္ငံက အမ်ိဳးသားနဲ႔ အမ်ဳိးသမီး အေရအတြက္ ၁၁၄၉၇၀ ေယာက္တို႔ကို ေလ့လာၾကည့္ခဲ့ပါတယ္။ သူတို႔ဟာ တစ္ပတ္ မွာ တစ္ႀကိမ္ သို႔ ႏွစ္ႀကိမ္ အရက္ေသာက္သံုးတတ္သူေတြျဖစ္ၿပီး တစ္ညကို ၀ိုင္ အနည္းငယ္ေသာက္သံုးေလ့ရွိသူေတြပဲ ျဖစ္ပါတယ္။

သုေတသီေတြဟာ သူတို႔ကို ၃ ႏွစ္ခန္႔အထိ ေစာင့္ၾကည့္ေလ့လာခဲ့တဲ့အခါမွာ သူတို႔ဟာ အရက္မေသာက္တတ္သူေတြထက္ ႏွလံုးေရာဂါ ျဖစ္ပြားဖို႔ ၂၄ ရာခိုင္ႏႈန္း ေလ်ာ့နည္းေနတာကိုေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ အရက္မေသာက္တတ္သူေတြထက္ ရင္သား ၊ သားအိမ္ ၊ အသည္း ၊ အစာအိမ္ စတဲ့ ကင္ဆာ ေရာဂါ ေတြျဖစ္ပြားဖို႔ ၅၁ ရာခိုင္ႏႈန္ခန္႔ အထိ အခြင့္အေရးပိုမ်ားေနပါတယ္။

ဒါ့အျပင္ အရက္ ပံုမွန္ေသာက္သံုးသူေတြဟာ ကိုယ့္ကိုကိုယ္ထိခိုက္နာက်င္ေစျခင္းေတြ ျဖစ္ေပၚေစဖို႔ အရက္မေသာက္တတ္သူေတြထက္ ၂၉ ရာခိုင္ႏႈန္း ပိုမ်ားေနပါတယ္။ ဥပမာ ေခ်ာ္လဲတာမ်ိဳးပါ။

ေနာက္ဆံုးမွာေတာ့ သုေတသီေတြ ပ်မ္းမွ် သတ္မွတ္ခဲ့ၾကတာ အရက္ေသာက္ျခင္းဟာ ေရရွည္အတြက္ ေကာင္းက်ိဳးတစ္စံုတစ္ရာ ေပးႏုိင္ျခင္း မရွိဘူးဆိုတာပါပဲ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
အရက်သမား တွေအတွက် သတင်းကောင်းရော ၊ သတင်းဆိုးပါ ပါလာပါတယ်။

အရွယ်ရောက်ပြီး အရက်သောက်တတ်သူ တွေဟာ အရက်ရှောင်ကြဉ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းတယ်လို့ သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အရက်သောက်တတ်သူတွေဟာ ကင်ဆာ ရောဂါ ဖြစ်ပွားဖို့ အခွင့်အရေးကတော့ အရက်မသောက်တတ်သူတွေထက် ပိုများနေတာကို တွေ့ရပါတယ်။

တစ်ပတ် ကို ၁၄ ယူနစ် ခန့် အရက်ပုံမှန်သောက်သုံးတဲ့ အမျိုးသမီး တွေနဲ့ တစ်ပတ် ကို ၂၁ ယူနစ် ခန့် ပုံမှန်သောက်သုံးတဲ့ အမျိုးသားတွေဟာ စောစော စီးစီး သေဆုံးဖို့ အခွင့်အရေး ပိုများတယ်လို့ Lancet လေ့လာမှု က ဖော်ပြခဲ့ပါတယ်။

ထို လေ့လာမှု မှာတော့ ဆွီဒင် ၊ ကနေဒါ ၊ အာဂျင်တီးနား ၊ ဘရာဇီးလ် ၊ အိန္ဒိယ နဲ့ တူရကီ နိုင်ငံ တို့ အပါအဝင် နိုင်ငံ ပေါင်း ၁၂ နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီး အရေအတွက် ၁၁၄၉၇၀ ယောက်တို့ကို လေ့လာကြည့်ခဲ့ပါတယ်။ သူတို့ဟာ တစ်ပတ် မှာ တစ်ကြိမ် သို့ နှစ်ကြိမ် အရက်သောက်သုံးတတ်သူတွေဖြစ်ပြီး တစ်ညကို ဝိုင် အနည်းငယ်သောက်သုံးလေ့ရှိသူတွေပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ သူတို့ကို ၃ နှစ်ခန့်အထိ စောင့်ကြည့်လေ့လာခဲ့တဲ့အခါမှာ သူတို့ဟာ အရက်မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း လျော့နည်းနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အရက်မသောက်တတ်သူတွေထက် ရင်သား ၊ သားအိမ် ၊ အသည်း ၊ အစာအိမ် စတဲ့ ကင်ဆာ ရောဂါ တွေဖြစ်ပွားဖို့ ၅၁ ရာခိုင်နှုန်ခန့် အထိ အခွင့်အရေးပိုများနေပါတယ်။

ဒါ့အပြင် အရက် ပုံမှန်သောက်သုံးသူတွေဟာ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေခြင်းတွေ ဖြစ်ပေါ်စေဖို့ အရက်မသောက်တတ်သူတွေထက် ၂၉ ရာခိုင်နှုန်း ပိုများနေပါတယ်။ ဥပမာ ချော်လဲတာမျိုးပါ။

နောက်ဆုံးမှာတော့ သုတေသီတွေ ပျမ်းမျှ သတ်မှတ်ခဲ့ကြတာ အရက်သောက်ခြင်းဟာ ရေရှည်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိဘူးဆိုတာပါပဲ။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top