Property Expo
×

 ညမအိပ္ခင္ လိမ္းထားတဲ့မိတ္ကပ္ေတြကို စင္ၾကယ္ေအာင္ေဆးၿပီးမွ အိပ္စက္တာဟာ အလွအပ ဂရုျပဳသူတုိင္းအတြက္ အေျခခံက်တဲ့အခ်က္ဆုိတာ နားလည္ၾကမွာပါ။ အိမ္ျပန္ေနာက္က်တဲ့ ညေတြမွာ ေဒါက္ဖိနပ္ကို ကန္ထုတ္လုိက္ၿပီး အိပ္ရာေပၚ တန္းပစ္လွဲလိုက္ခ်င္ၾကသူ ခ်ည္းပါပဲ။

        မိတ္ကပ္ဖ်က္ျခင္းဟာ ဘာေၾကာင့္အေရးပါသလဲဆုိတာ အနည္းငယ္ ရွင္းျပပါရေစ။ ပံုမွန္အားျဖင့္ အလြန္စြဲၿမဲေစတဲ့ ေရစိုခံ မ်က္ေတာင္ေကာ့ေဆးေတြဟာ မ်က္လံုးမွာ တစ္ညလံုးရွိေနတဲ့ အခါ အျမင္အာရံုနဲ႕ပတ္သက္ၿပီး ပိုးမႊား၀င္တာေတြ ျဖစ္ႏုိင္ပါတယ္။ ပိုးမႊားေတြဟာ လုိင္နာရဲ႕ gel အရည္မ်ိဳးထဲမွာ ပိုမိုလွ်င္ျမန္စြာ ၀င္ေရာက္ႏုိင္ပါတယ္။

အသက္အရြယ္ရလာတဲ့ သူေတြအဖို႕ ပိုၿပီးေတာင္ သတိထားသင့္ပါတယ္။ မိတ္ကပ္လိမ္းၿပီး တစ္ညတာလံုး မိတ္ကပ္နဲ႕အတူ အိပ္စက္လုိက္တဲ့အခါ ေခၽြးေပါက္ပိတ္ၿပီး အသားအေရကို ပုပ္သိုးသြားေစပါတယ္။

-      မ်က္ႏွာသစ္ ပု၀ါေတြဟာ တကယ္အသံုး၀င္ရဲ႕လား?

ညအခ်ိန္မေတာ္ ျပန္လာတတ္သူ မိန္းမပ်င္းေလးမ်ားအတြက္ ဒီမိတ္ကပ္ဖ်က္ ပု၀ါေလးေတြဟာ အက်ိဳးေက်းဇူးထူး တစ္ခုလုိ႕ထင္ႏုိင္ပါတယ္။ စသံုးလိုက္ခ်ိန္မွာ ပါးေလးေတြနီရဲသြားတဲ့အတြက္ သိပ္ႏွစ္သက္စရာေကာင္းတာပဲလုိ႕ ထင္ႏုိင္ပါတယ္။ တကယ့္အမွန္တရားအစစ္ကေတာ့ ႏွင္းဆီေသြးေရာင္ျဖစ္သြားတာမ်ိဳး မဟုတ္ပါဘူး။

          အလြတ္တန္းမိတ္ကပ္ပညာရွင္ Larry Yeoက “ေရနဲ႕ေကာင္းစြာေဆးေၾကာျခင္း မရွိဘဲနဲ႕ေတာ့ အညစ္အေၾကးေတြဟာ အလႊာပါးေလးတစ္လႊာစာေလာက္ေတာ့ က်န္ခဲ့မွာပါပဲ။” လုိ႕ ဆုိပါတယ္။ ဆုိေတာ့ ဒီပု၀ါမ်ိဳးဟာ လံုး၀ကိုအသံုးမ၀င္ေတာ့ဘူးလား။

-      သန္႕စင္ပု၀ါမ်ားအား မွန္ကန္စြာအသံုးျပဳနည္း

တကယ္လုိ႕မ်ား မ်က္ႏွာသန္႕စင္ပု၀ါကို အသံုးျပဳမယ္ဆုိရင္ ႏူးညံ့တဲ့ မ်က္လံုးနားတစ္၀ိုက္နဲ႕ ႏႈတ္ခမ္းသားတုိ႕ကို ေရွာင္ရွားၿပီး သုတ္ပါ။ ၿပီးတာနဲ႕ ခ်က္ခ်င္း ေရေႏြးေႏြးေလးနဲ႕ သစ္လုိက္ပါ။

          တလက္လက္ ေတာက္ပေနတဲ့ အုိင္းရွဲဒိုးမ်ိဳး ဆိုးထားမိတယ္ဆုိရင္ေတာ့ သာမန္ မိတ္ကပ္ဖ်က္ပု၀ါထက္ တစ္ဆင့္ပိုေကာင္းၿပီး ပိုထိေရာက္တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမွမဟုတ္) Shiseido’s Ultimate Cleansing Oil တုိ႕ကို ၾကားခံအျဖစ္သံုးေပးပါ။

          သံုးနည္းကေတာ့ ဖ်က္ေဆးရည္ဆြတ္ထားတဲ့ မိတ္ကပ္ဖ်က္ပု၀ါကို ဖ်က္လုိတဲ့ မ်က္လံုး ဧရိယာနားတစ္၀ိုက္မွာ ၅-၁၀ စကၠန္႕ေလာက္ ဖိထားေပးပါ။ ၿပီးတာနဲ႕ တစ္ခ်က္တည္း ဆဲြသုတ္ၿပီး ဖယ္လုိက္ပါ။ က်န္ခဲ့တဲ့အပိုင္းအစေလးေတြကိုေတာ့ တျခားပု၀ါနဲ႕ စင္ၾကယ္သည္အထိ ထပ္ခါထပ္ပြတ္ေပးလုိက္ပါ။

          ဒီေလာက္ဆုိရင္ေတာ့ မွန္ကန္တဲ့ မိတ္ကပ္ဖ်က္နည္းနဲ႕ မိတ္ကပ္ဖ်က္ပု၀ါ အသံုးျပဳနည္းကို ရရွိႏုိင္ၿပီလုိ႕ ေမွ်ာ္လင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

 ညမအိပ်ခင် လိမ်းထားတဲ့မိတ်ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

        မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

-      မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

          အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမဝင်တော့ဘူးလား။

-      သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

တကယ်လို့များ မျက်နှာသန့်စင်ပုဝါကို အသုံးပြုမယ်ဆိုရင် နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းသားတို့ကို ရှောင်ရှားပြီး သုတ်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေနွေးနွေးလေးနဲ့ သစ်လိုက်ပါ။

          တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးမျိုး ဆိုးထားမိတယ်ဆိုရင်တော့ သာမန် မိတ်ကပ်ဖျက်ပုဝါထက် တစ်ဆင့်ပိုကောင်းပြီး ပိုထိရောက်တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမှမဟုတ်) Shiseido’s Ultimate Cleansing Oil တို့ကို ကြားခံအဖြစ်သုံးပေးပါ။

          သုံးနည်းကတော့ ဖျက်ဆေးရည်ဆွတ်ထားတဲ့ မိတ်ကပ်ဖျက်ပုဝါကို ဖျက်လိုတဲ့ မျက်လုံး ဧရိယာနားတစ်ဝိုက်မှာ ၅-၁၀ စက္ကန့်လောက် ဖိထားပေးပါ။ ပြီးတာနဲ့ တစ်ချက်တည်း ဆွဲသုတ်ပြီး ဖယ်လိုက်ပါ။ ကျန်ခဲ့တဲ့အပိုင်းအစလေးတွေကိုတော့ တခြားပုဝါနဲ့ စင်ကြယ်သည်အထိ ထပ်ခါထပ်ပွတ်ပေးလိုက်ပါ။

          ဒီလောက်ဆိုရင်တော့ မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်းနဲ့ မိတ်ကပ်ဖျက်ပုဝါ အသုံးပြုနည်းကို ရရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top