Property Expo
×
Credit:  7 day daily
#Unicode Version
အများပြည်သူပိုင်လမ်းတွေပေါ်မှာ ပုဂ္ဂလိကပိုင်လိုလုပ်ဆောင်နေတာတွေကို ဖယ်ရှားရှင်းလင်းပြီး အများပြည်သူသွားလာနိုင်ဖို့ ဆက်တိုက် အကောင် အထည်ဖော်ဆောင်ရွက်သွားမယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
‘‘အဲဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် လုပ်နေတယ်။ လမ်းတံတားဌာနကလည်း ခွင့်မပြုဘူး။ ဟိုတယ်တွေ၊ ပေါ်တီကိုတွေ ဆောက်လုပ်ဖို့ တောင်းဆိုထား တာတွေရှိတယ်။ ဆောက်လုပ်ခွင့်မပေးဘဲ လုပ်ပြီးသားဆိုလည်း ပြည်သူပိုင်လမ်းဖြစ်ဖို့ ဆက်လုပ်သွားမယ်’’လို့ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့လယ် ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့က အများပြည်သူပိုင်လမ်းကို ကားပါကင်လုပ်ထားတာ ဒီလ ၁၃ ရက်ကစပြီး ပြည်သူတွေ သွားလာနိုင်ဖို့  ရှင်းလင်းနေပြီး ဒီလိုလုပ်ထားတာတွေကို အများပြည်သူပိုင်လမ်းဖြစ်ဖို့ ပြန်လုပ်သွားမယ်လို့ မြို့တော်စည်ပင် အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
‘‘အများပြည်သူပိုင်အဖြစ် ပြောင်းလဲလာတာ တချို့ကိုလည်း တွေ့ရတယ်။ ဘာမှမထူးခြားသေးတာလည်း ရှိသေးတာပေါ့။ ရှေ့ပြေးစီမံချက် အနေနဲ့ မြို့တွင်းမြို့ နယ်တွေမှာ လမ်းဘေးကျူးထားတာတွေကို ဖြေရှင်းလုပ်ဆောင်နေတာ တွေ့ရတယ်။ ဒါကကောင်းပါတယ်။ ဒါပေမဲ့ အားလုံးတစ်ပြေး ညီဖြစ်ဖို့တော့ လိုအပ်တယ်’’လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  7 day daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top