Kantharyar Centre
×

 ၿမိဳ႕ေတာ္ဝန္ ဘဝက ေခ်မႈန္းသုတ္သင္ေရး လက္မ႐ြံ႕ တပ္ဖဲြ႕မ်ားကို အသံုးျပဳကာ ရာဇဝတ္ဂိုဏ္းမ်ားကို ၾကမ္းၾကမ္းတမ္းတမ္း စည္းလြတ္ဝါးလြတ္ ၿဖိဳခြင္းခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားကို ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတး၏ ႐ံုးအဖဲြ႕က ျငင္းဆိုခဲ့သည္။

ဒူတာေတးသည္ ေမြးရပ္ဇာတိ ဒါဗာအိုၿမိဳ႕တြင္ ၿမိဳ႕ေတာ္ဝန္အျဖစ္ ကာလရွည္ၾကာ တာဝန္ယူခဲ့ဖူးသည္။ ဒါဗာအိုသည္ မူးယစ္ေမွာင္ခိုႏွင့္ ရာဇဝတ္ဂိုဏ္းမ်ား အင္အားႀကီးမားစြာ က်က္စားခဲ့သည့္ ေဒသတစ္ခု ျဖစ္ေသာ္လည္း ၎ၿမိဳ႕ေတာ္ဝန္အျဖစ္ ေဆာင္ရြက္စဉ္ လက္သံေျပာင္ေျပာင္ ႏွိမ္နင္းမႈမ်ားေၾကာင့္ မႈခင္းအကင္းစင္ဆံုး ေဒသတစ္ခု ျဖစ္လာသည္။

ဖိလစ္ပိုင္ ႏုိင္ငံတလႊားတြင္ ရာဇဝတ္မႈ ထူေျပာလြန္းသည့္ အေျခအေနမ်ားေၾကာင့္လည္း ယင္းအခ်က္ကို ျပည္သူမ်ားက အႀကိဳက္ေတြ႕ကာ ေရြးေကာက္ပြဲတြင္ ဒူတာေတး အႏုိင္ရခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ၎အာဏာရလာၿပီးေနာက္ မူးယစ္ေဆးဝါး ေမွာင္ခိုမႈမ်ားကို ျပင္းထန္စြာ ၿဖိဳခြင္းျခင္းက လူ႔အခြင့္အေရး ေဖာက္ဖ်က္မႈမ်ား ျဖစ္လာေစေၾကာင္း စြပ္စြဲခ်က္မ်ားႏွင့္အတူ လႊတ္ေတာ္က စစ္ေဆးလ်က္ ရွိသည္။

လႊတ္ေတာ္တြင္ မ်က္ျမင္တစ္ဦးက ဒါဗာအို ၿမိဳ႕ေတာ္ဝန္အျဖစ္ ဒူတာေတး တာဝန္ယူခ်ိန္တြင္ သုတ္သင္ရွင္းလင္းေရး တပ္ဖြဲ႕မ်ားကို အသံုးျပဳခဲ့သည္ဟု ထြက္ဆိုခဲ့ရာ ယင္းအခ်က္ကို သမၼတ႐ံုးက ျငင္းဆိုခဲ့ျခင္း ျဖစ္သည္။ အက္ဒ္ဂါ မာတိုဘာတိုဆိုေသာ အမ်ိဳးသားက ဒါဗာအို ေခ်မႈန္းေရးတပ္ဖြဲ႕ (ဒီဒီအက္စ္)ဆိုေသာ တပ္ဖြဲ႕ကို လူအင္အား ၃၀၀ မွ်ျဖင့္ ဖြဲ႕စည္းထားၿပီး ဒူတာေတး ေစခိုင္းသမွ် အၾကမ္းနည္းျဖင့္ ေဆာင္ရြက္ေလ့ရွိေၾကာင္း စြပ္စြဲခဲ့သည္။

ထိုအခ်ိန္က ဖိလစ္ပိုင္ေတာင္ပိုင္း၊ ဒါဗာအိုတြင္ ဒီဒီအက္စ္မ်ားသည္ မူးယစ္ေဆးဝါး ေမွာင္ခုိေရာင္းဝယ္သူမ်ား၊ ရာဇဝတ္ဂိုဏ္းသားမ်ားကို အစစ္အေဆး အေမးအျမန္းမရွိ သုတ္သင္ရွင္းလင္း သတ္ျဖတ္ခဲ့ေၾကာင္း မာတိုဘာတိုက ဆိုသည္။ ဒူတာေတးသည္ ၁၉၈၈ မွ ၂၀၁၃ ထိ ဒါဗာအို၏ ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ယူခဲ့ၿပီး လက္ရွိ ၿမိဳ႕ေတာ္ဝန္မွာလည္း ၎၏ သမီးပင္ ျဖစ္သည္။ ဒူတာေတး ၿမိဳ႕ေတာ္ဝန္ ျဖစ္ေနခ်ိန္တြင္ လက္မ႐ြံ႕တပ္ဖြဲ႕၏ လက္ခ်က္ေၾကာင့္ အနည္းဆံုး လူ ၁၀၀၀ မွ် ေသဆံုးခဲ့ေၾကာင္း မာတိုဘာတိုက ထြက္ဆိုခဲ့သည္။

ဒူတာေတး ကိုယ္တုိင္က ဒီဒီအက္စ္ႏွင့္ ပတ္သက္ေသာ စြပ္စြဲခ်က္မ်ားကို ေျဖရွင္းျခင္း မရွိသည့္တိုင္ သမၼတ႐ံုးက ယင္းကိစၥသည္ မွန္ကန္မႈ မရွိဟု ျငင္းဆိုခ်က္ ထုတ္ျပန္ခဲ့သည္။ ဒူတာေတး၏ ကိုယ္စားလွယ္ မာတင္ အန္ဒါနာက “သမၼတက ၿမိဳ႕ေတာ္ဝန္အျဖစ္ ရွိေနစဉ္ ကတည္းက အလားတူ စြပ္စြဲမႈေတြအေပၚ လူ႔အခြင့္အေရး ေကာ္မရွင္က စံုစမ္းခဲ့ပါတယ္။ မွန္ကန္မႈ မရွိတဲ့အတြက္ စြဲခ်က္မတင္ခဲ့ပါဘူး။ သူတို႔က တိက်တဲ့ ဘာအေထာက္အထားမွ မေတြ႕ရေၾကာင္း ဆံုးျဖတ္ခဲ့ၿပီးသားပါ”ဟု ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ လႊတ္ေတာ္သည္ ဒူတာေတး၏ မူးယစ္ေဆးဝါး ေမွာင္ခိုမႈ တိုက္ဖ်က္ေရး လုပ္ငန္းစဉ္မ်ားႏွင့္ ပတ္သက္၍ စံုစမ္းေနဆဲျဖစ္ၿပီး ေနာက္ေၾကာင္းျပန္ ေဖာ္ထုတ္စစ္ေဆး ၾကားနာမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မြို့တော်ဝန် ဘဝက ချေမှုန်းသုတ်သင်ရေး လက်မရွံ့ တပ်ဖွဲ့များကို အသုံးပြုကာ ရာဇဝတ်ဂိုဏ်းများကို ကြမ်းကြမ်းတမ်းတမ်း စည်းလွတ်ဝါးလွတ် ဖြိုခွင်းခဲ့ကြောင်း စွပ်စွဲချက်များကို ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၏ ရုံးအဖွဲ့က ငြင်းဆိုခဲ့သည်။

ဒူတာတေးသည် မွေးရပ်ဇာတိ ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် ကာလရှည်ကြာ တာဝန်ယူခဲ့ဖူးသည်။ ဒါဗာအိုသည် မူးယစ်မှောင်ခိုနှင့် ရာဇဝတ်ဂိုဏ်းများ အင်အားကြီးမားစွာ ကျက်စားခဲ့သည့် ဒေသတစ်ခု ဖြစ်သော်လည်း ၎င်းမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ် လက်သံပြောင်ပြောင် နှိမ်နင်းမှုများကြောင့် မှုခင်းအကင်းစင်ဆုံး ဒေသတစ်ခု ဖြစ်လာသည်။

ဖိလစ်ပိုင် နိုင်ငံတလွှားတွင် ရာဇဝတ်မှု ထူပြောလွန်းသည့် အခြေအနေများကြောင့်လည်း ယင်းအချက်ကို ပြည်သူများက အကြိုက်တွေ့ကာ ရွေးကောက်ပွဲတွင် ဒူတာတေး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းအာဏာရလာပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများကို ပြင်းထန်စွာ ဖြိုခွင်းခြင်းက လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ဖြစ်လာစေကြောင်း စွပ်စွဲချက်များနှင့်အတူ လွှတ်တော်က စစ်ဆေးလျက် ရှိသည်။

လွှတ်တော်တွင် မျက်မြင်တစ်ဦးက ဒါဗာအို မြို့တော်ဝန်အဖြစ် ဒူတာတေး တာဝန်ယူချိန်တွင် သုတ်သင်ရှင်းလင်းရေး တပ်ဖွဲ့များကို အသုံးပြုခဲ့သည်ဟု ထွက်ဆိုခဲ့ရာ ယင်းအချက်ကို သမ္မတရုံးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ အက်ဒ်ဂါ မာတိုဘာတိုဆိုသော အမျိုးသားက ဒါဗာအို ချေမှုန်းရေးတပ်ဖွဲ့ (ဒီဒီအက်စ်)ဆိုသော တပ်ဖွဲ့ကို လူအင်အား ၃၀၀ မျှဖြင့် ဖွဲ့စည်းထားပြီး ဒူတာတေး စေခိုင်းသမျှ အကြမ်းနည်းဖြင့် ဆောင်ရွက်လေ့ရှိကြောင်း စွပ်စွဲခဲ့သည်။

ထိုအချိန်က ဖိလစ်ပိုင်တောင်ပိုင်း၊ ဒါဗာအိုတွင် ဒီဒီအက်စ်များသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများ၊ ရာဇဝတ်ဂိုဏ်းသားများကို အစစ်အဆေး အမေးအမြန်းမရှိ သုတ်သင်ရှင်းလင်း သတ်ဖြတ်ခဲ့ကြောင်း မာတိုဘာတိုက ဆိုသည်။ ဒူတာတေးသည် ၁၉၈၈ မှ ၂၀၁၃ ထိ ဒါဗာအို၏ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ မြို့တော်ဝန်မှာလည်း ၎င်း၏ သမီးပင် ဖြစ်သည်။ ဒူတာတေး မြို့တော်ဝန် ဖြစ်နေချိန်တွင် လက်မရွံ့တပ်ဖွဲ့၏ လက်ချက်ကြောင့် အနည်းဆုံး လူ ၁၀၀၀ မျှ သေဆုံးခဲ့ကြောင်း မာတိုဘာတိုက ထွက်ဆိုခဲ့သည်။

ဒူတာတေး ကိုယ်တိုင်က ဒီဒီအက်စ်နှင့် ပတ်သက်သော စွပ်စွဲချက်များကို ဖြေရှင်းခြင်း မရှိသည့်တိုင် သမ္မတရုံးက ယင်းကိစ္စသည် မှန်ကန်မှု မရှိဟု ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ ဒူတာတေး၏ ကိုယ်စားလှယ် မာတင် အန်ဒါနာက “သမ္မတက မြို့တော်ဝန်အဖြစ် ရှိနေစဉ် ကတည်းက အလားတူ စွပ်စွဲမှုတွေအပေါ် လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းခဲ့ပါတယ်။ မှန်ကန်မှု မရှိတဲ့အတွက် စွဲချက်မတင်ခဲ့ပါဘူး။ သူတို့က တိကျတဲ့ ဘာအထောက်အထားမှ မတွေ့ရကြောင်း ဆုံးဖြတ်ခဲ့ပြီးသားပါ”ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင် လွှတ်တော်သည် ဒူတာတေး၏ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ပြီး နောက်ကြောင်းပြန် ဖော်ထုတ်စစ်ဆေး ကြားနာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top