Property Expo
×

ဆီရီးယားႏုိင္ငံ ေအလက္ပုိၿမဳိ႕ ဆင္ေျခဖုံးေဒသမွာ အစိုးရစစ္တပ္က ကလုိရင္းဓာတ္ေငြ႕ပါဝင္တဲ့ စည္ပီပါမ်ားကုိ ရဟတ္ယာဥ္ျဖင့္ ႀကဲခ်တုိက္ခုိက္ခဲ့မႈေၾကာင့္ လူ ၈၀ ဓာတ္ေငြ႕သင့္ခဲ့ေၾကာင္း စြပ္စြဲမႈထြက္ေပၚလာပါတယ္။ အေရးေပၚ အကူအညီေပးေရး ဝန္ထမ္းမ်ားက ဆီးရီးယားစစ္တပ္က ဆူကာရီေဒသမွာ တုိက္ခိုက္ခဲ့ၿပီးေနာက္ အဆုိပါ ေဒသမွာေနထုိင္သူေတြဟာ အသက္႐ႈရခက္ခဲတဲ့ ေဝဒနာမ်ား ခံစားခဲ့ရေၾကာင္း ေျပာပါတယ္။

ၾသဂုတ္လအတြင္း ျပဳလုပ္ခဲ့တဲ့ ကုလသမဂၢ ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးမႈအရ ဆီးရီးယား အစုိးရစစ္တပ္က ကလုိရင္းဓာတ္ေငြ႕ အသုံးျပဳမႈ အနည္းဆုံး ၂ ႀကိမ္ ႐ွိခဲ့ဖူးေၾကာင္း သိရပါတယ္။ ဆီးရီးယားအစိုးရကေတာ့ ဓာတုလက္နက္မ်ား အသုံးျပဳမႈကုိ အစဥ္တစုိက္ ျငင္းဆုိထားပါတယ္။

ဆီးရီးယားစစ္တပ္က ရဟတ္ယာဥ္ျဖင့္ စည္ပီပါမ်ား ႀကဲခ်ခဲ့ရာ ေနရာကုိ ခ်က္ခ်င္းေရာက္႐ွိခဲ့ၿပီး ကလုိရင္းဓာတ္ေငြ႕ ဘူးမ်ားကုိ ေတြ႕ခဲ့ရေၾကင္း ဆီးရီးယား ျပည္သူ႕ကာကြယ္ေရးအဖြဲ႕မွ ကယ္ဆယ္ေရးဝန္ထမ္းက ဆုိပါတယ္။ အဆုိပါအဖြဲ႕ဟာ အစိုးရအတိုက္အခံ လက္နက္ကုိင္မ်ား ထိန္းခ်ဳပ္ထားရာ ေနရာေဒသေတြမွာ အေရးေပၚ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ဆီးရီးယား ျပည္သူ႕ကာကြယ္ေရးအဖြဲ႕က ေဖ့စ္ဘြတ္မွာ လႊင့္တင္ခဲ့တဲ့ ဗီဒီယုိအရ ေအာက္စီဂ်င္ေပးထားရသူေတြကုိ ေတြ႕ရပါတယ္။ အဆုိပါအဖြဲ႕ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းကလည္း ဆီးရီးယားအစိုးရက ကလုိရင္းဓာတ္ေငြ႕ အသုံးျပဳတုိက္ခိုက္ေၾကာင္း ေျပာၾကားထားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆီရီးယားနိုင်ငံ အေလက်ပိုမြို့ ဆင်ခြေဖုံးဒေသမှာ အစိုးရစစ်တပ်က ကလိုရင်းဓာတ်ငွေ့ပါဝင်တဲ့ စည်ပီပါများကို ရဟတ်ယာဉ်ဖြင့် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် လူ ၈၀ ဓာတ်ငွေ့သင့်ခဲ့ကြောင်း စွပ်စွဲမှုထွက်ပေါ်လာပါတယ်။ အရေးပေါ် အကူအညီပေးရေး ဝန်ထမ်းများက ဆီးရီးယားစစ်တပ်က ဆူကာရီဒေသမှာ တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ဒေသမှာနေထိုင်သူတွေဟာ အသက်ရှုရခက်ခဲတဲ့ ဝေဒနာများ ခံစားခဲ့ရကြောင်း ပြောပါတယ်။

သြဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုအရ ဆီးရီးယား အစိုးရစစ်တပ်က ကလိုရင်းဓာတ်ငွေ့ အသုံးပြုမှု အနည်းဆုံး ၂ ကြိမ် ရှိခဲ့ဖူးကြောင်း သိရပါတယ်။ ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်များ အသုံးပြုမှုကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဆီးရီးယားစစ်တပ်က ရဟတ်ယာဉ်ဖြင့် စည်ပီပါများ ကြဲချခဲ့ရာ နေရာကို ချက်ချင်းရောက်ရှိခဲ့ပြီး ကလိုရင်းဓာတ်ငွေ့ ဘူးများကို တွေ့ခဲ့ရကြေင်း ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးဝန်ထမ်းက ဆိုပါတယ်။ အဆိုပါအဖွဲ့ဟာ အစိုးရအတိုက်အခံ လက်နက်ကိုင်များ ထိန်းချုပ်ထားရာ နေရာဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုအရ အောက်စီဂျင်ပေးထားရသူတွေကို တွေ့ရပါတယ်။ အဆိုပါအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ဆီးရီးယားအစိုးရက ကလိုရင်းဓာတ်ငွေ့ အသုံးပြုတိုက်ခိုက်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top