Kantharyar Centre
×

ARTPOP ေတးအယ္လ္ ဘမ္ထြက္ရွိၿပီးေနာက္ သံုးႏွစ္ အတြင္း ေလဒီဂါဂါ၏ ပထမဆံုး အယ္လ္ဘမ္အသစ္အျဖစ္ Joanne ဟု အမည္ေပးထားေသာ ေတးအယ္လ္ဘမ္သစ္ကို ေအာက္တိုဘာ ၂၁ ရက္တြင္ ျဖန္႔ခ်ိမည္ ဟု ၎ကေၾကညာလိုက္သည္။

ေပါ့ပ္ဂီတၾကယ္ပြင့္ ေလဒီ ဂါဂါ (၃၀)ႏွစ္က Beats ေရဒီယို ႏွင့္ ေတြ႕ဆံုေမးျမန္းမႈတစ္ခုတြင္ ၎၏ အယ္လ္ဘမ္အသစ္ Joanne ကို Interscope ေတးသံ သြင္း ကုမၸဏီ၊ Stream Line ကုမၸဏီတို႔မွတစ္ဆင့္ ထုတ္ေဝ မည္ဟုေျပာသည္။

ယင္းအယ္လ္ဘမ္၏ ေခါင္း စဥ္သီခ်င္းအမည္ကို အသက္ (၁၉)ႏွစ္အရြယ္တြင္ ျပင္းထန္ ေသာ အေရျပားေရာဂါေၾကာင့္ ေသဆံုးသြားေသာ ၎အေဒၚ၏ အမည္ေပးထားသည္ဟု ေလဒီ ဂါဂါက ေျပာသည္။

Joanne ဆိုေသာနာမည္ သည္ ေလဒီဂါဂါ၏ အမည္ရင္း Stefani Joanne Angelina Germanotta အမည္တြင္ပါဝင္ ေသာ မ်ဳိး႐ုိးနာမည္ျဖစ္သည္။ ၎၏ မိဘမ်ားလည္း နယူး ေယာက္စီးတီးတြင္ Joanne Trattoria ဟု အမည္ေပးထား ေသာ အီတလီစားေသာက္ဆိုင္ တစ္ဆိုင္ ဖြင့္ထားသည္။

ေလဒီဂါဂါသည္ ၎၏ ေတးသီခ်င္းအသစ္ Perfect Illusion ကို ျဖန႔္ခ်ိၿပီး ၆ ရက္အၾကာတြင္ ေတးအယ္လ္ဘမ္အသစ္ ထြက္ မည္ဟု ေၾကညာျခင္းျဖစ္သည္။

Joanne သီခ်င္းကို ေတးေရးဟီလာရီလင္ေဆးက ေရးစပ္ထား ၿပီး သီခ်င္း ၁၂ ပုဒ္ပါဝင္ေသာ္ လည္း ၁၁ ပုဒ္သို႔ ေလွ်ာ့ခ်မည္ဟု ေလဒီဂါဂါက ေျပာသည္။

၎သည္ စက္တင္ဘာ ၁၀ ရက္က လန္ဒန္ၿမိဳ႕ အေရွ႕ပိုင္း Moth ႏိုက္ကလပ္တြင္ သီခ်င္း သစ္အခ်ဳိ႕ကို သီဆိုေဖ်ာ္ေျဖခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ARTPOP တေးအယ်လ် ဘမ်ထွက်ရှိပြီးနောက် သုံးနှစ် အတွင်း လေဒီဂါဂါ၏ ပထမဆုံး အယ်လ်ဘမ်အသစ်အဖြစ် Joanne ဟု အမည်ပေးထားသော တေးအယ်လ်ဘမ်သစ်ကို အောက်တိုဘာ ၂၁ ရက်တွင် ဖြန့်ချိမည် ဟု ၎င်းကကြေညာလိုက်သည်။

ပေါ့ပ်ဂီတကြယ်ပွင့် လေဒီ ဂါဂါ (၃၀)နှစ်က Beats ရေဒီယို နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ၎င်း၏ အယ်လ်ဘမ်အသစ် Joanne ကို Interscope တေးသံ သွင်း ကုမ္ပဏီ၊ Stream Line ကုမ္ပဏီတို့မှတစ်ဆင့် ထုတ်ဝေ မည်ဟုပြောသည်။

ယင်းအယ်လ်ဘမ်၏ ခေါင်း စဉ်သီချင်းအမည်ကို အသက် (၁၉)နှစ်အရွယ်တွင် ပြင်းထန် သော အရေပြားရောဂါကြောင့် သေဆုံးသွားသော ၎င်းအဒေါ်၏ အမည်ပေးထားသည်ဟု လေဒီ ဂါဂါက ပြောသည်။

Joanne ဆိုသောနာမည် သည် လေဒီဂါဂါ၏ အမည်ရင်း Stefani Joanne Angelina Germanotta အမည်တွင်ပါဝင် သော မျိုးရိုးနာမည်ဖြစ်သည်။ ၎င်း၏ မိဘများလည်း နယူး ယောက်စီးတီးတွင် Joanne Trattoria ဟု အမည်ပေးထား သော အီတလီစားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားသည်။

လေဒီဂါဂါသည် ၎င်း၏ တေးသီချင်းအသစ် Perfect Illusion ကို ဖြန့်ချိပြီး ၆ ရက်အကြာတွင် တေးအယ်လ်ဘမ်အသစ် ထွက် မည်ဟု ကြေညာခြင်းဖြစ်သည်။

Joanne သီချင်းကို တေးရေးဟီလာရီလင်ဆေးက ရေးစပ်ထား ပြီး သီချင်း ၁၂ ပုဒ်ပါဝင်သော် လည်း ၁၁ ပုဒ်သို့ လျှော့ချမည်ဟု လေဒီဂါဂါက ပြောသည်။

၎င်းသည် စက်တင်ဘာ ၁၀ ရက်က လန်ဒန်မြို့ အရှေ့ပိုင်း Moth နိုက်ကလပ်တွင် သီချင်း သစ်အချို့ကို သီဆိုဖျော်ဖြေခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top