Property Expo
×

သြားရဲ႕ အေပၚယံေႂကြသားဟာ သဘာ၀အားျဖင့္ အျဖဴေရာင္ျဖစ္ေပမယ့္ အစားအစာေတြေၾကာင့္ အ၀ါေရာင္ေျပာင္းသြားတတ္သလို အစားအစာေတြထဲက အက္စစ္တခ်ဳိ႕ေၾကာင့္လည္း အျဖဴေရာင္ေႂကြသားေတြ ပ်က္စီးတာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ သြားေတြကို ဘယ္အစားအေသာက္ေတြက ၀ါေစသလဲဆိုတာ သိရေအာင္ ေဖာ္ျပလုိက္ပါတယ္။ ဘလက္ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ကေတာ့ သိသိသာသာကို သြား၀ါေစတဲ့အရာပါ။ ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ အေရာင္ေလ်ာ့သြားေစဖို႔ ႏုိ႔နည္းနည္းထည့္ ေသာက္ဖို႔လိုပါတယ္။ ေနာက္တစ္ခုကေတာ့ ၀ုိင္နီပဲျဖစ္ပါတယ္။ လူအမ်ားေသာက္သုံးမႈမ်ားတဲ့ ကိုလာဆိုရင္လည္း သြားကို၀ါေစတဲ့အျပင္ ခဏခဏေသာက္ပါမ်ားရင္ ေႂကြေတြကြာတဲ့အထိ ျဖစ္ တတ္တယ္လို႔ ဆုိပါတယ္။

အေရာင္ရင့္ရင့္ အသီးေဖ်ာ္ရည္ေတြက ခႏၶာကိုယ္က်န္းမာေရးအတြက္ေကာင္းေပမယ့္ သြားေတြအတြက္ေတာ့ မေကာင္းပါဘူး။ ေရခဲေခ်ာင္းေတြ စားၿပီးရင္လည္း ႏႈတ္ခမ္း၊ လွ်ာနဲ႔ သြားေတြမွာ အေရာင္ေတြ စြန္းတတ္သလိုပဲ ငါးပိရည္စားရင္လည္ သြားအေရာင္ကို ၀ါၾကန္႔ၾကန္႔ျဖစ္ေစပါတယ္။ ေနာက္ၿပီး ခရမ္းခ်ဥ္သီးေဆာ့စ္တို႔၊ ဘယ္ရီသီးတို႔၊ မုန္လာဥနီတုိ႔ကလည္း သြားအေရာင္ေတြေျပာင္းသြားေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ေန႔စဥ္စားေနတဲ့ ဟင္းေတြေၾကာင့္လည္း သြားေတြ၀ါေစႏုိင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအစားအစာေတြက သြား၀ါေစမွန္းသိေပမယ့္ မေရွာင္ႏုိင္တာမို႔ အစာစားၿပီးတုိင္းသြားတုိက္တဲ့ အေလ့အက်င့္ေတာ့ လုပ္ထားရမွာပါ။ ေနာက္ၿပီး ပန္းသီးဟာ သဘာ၀ခြၽတ္ေဆးလိုမ်ဳိး သြားေတြကို ျဖဴေစႏုိင္စြမ္းရွိတာေၾကာင့္ ေန႔စဥ္စားေပးသင့္တယ္လို႔ဆိုပါတယ္။သၾကားမပါတဲ့ ပီေကေတြကလည္း သြားက်န္းမာေရးေကာင္းေစတဲ့ အျပင္သြားေတြ ညစ္မေနေအာင္ ကူညီႏုိင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

သွားရဲ့ အပေါ်ယံကြွေသားဟာ သဘာဝအားဖြင့် အဖြူရောင်ဖြစ်ပေမယ့် အစားအစာတွေကြောင့် အဝါရောင်ပြောင်းသွားတတ်သလို အစားအစာတွေထဲက အက်စစ်တချို့ကြောင့်လည်း အဖြူရောင်ကြွေသားတွေ ပျက်စီးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ သွားတွေကို ဘယ်အစားအသောက်တွေက ဝါစေသလဲဆိုတာ သိရအောင် ဖော်ပြလိုက်ပါတယ်။ ဘလက်ကော်ဖီတို့၊ လက်ဖက်ရည်တို့ကတော့ သိသိသာသာကို သွားဝါစေတဲ့အရာပါ။ ကော်ဖီတို့၊ လက်ဖက်ရည်တို့ အရောင်လျော့သွားစေဖို့ နို့နည်းနည်းထည့် သောက်ဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ဝိုင်နီပဲဖြစ်ပါတယ်။ လူအများသောက်သုံးမှုများတဲ့ ကိုလာဆိုရင်လည်း သွားကိုဝါစေတဲ့အပြင် ခဏခဏသောက်ပါများရင် ကြွေတွေကွာတဲ့အထိ ဖြစ် တတ်တယ်လို့ ဆိုပါတယ်။

အရောင်ရင့်ရင့် အသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းပေမယ့် သွားတွေအတွက်တော့ မကောင်းပါဘူး။ ရေခဲချောင်းတွေ စားပြီးရင်လည်း နှုတ်ခမ်း၊ လျှာနဲ့ သွားတွေမှာ အရောင်တွေ စွန်းတတ်သလိုပဲ ငါးပိရည်စားရင်လည် သွားအရောင်ကို ဝါကြန့်ကြန့်ဖြစ်စေပါတယ်။ နောက်ပြီး ခရမ်းချဉ်သီးဆော့စ်တို့၊ ဘယ်ရီသီးတို့၊ မုန်လာဥနီတို့ကလည်း သွားအရောင်တွေပြောင်းသွားစေပါတယ်။ နောက်တစ်ချက်ကတော့ နေ့စဉ်စားနေတဲ့ ဟင်းတွေကြောင့်လည်း သွားတွေဝါစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစားအစာတွေက သွားဝါစေမှန်းသိပေမယ့် မရှောင်နိုင်တာမို့ အစာစားပြီးတိုင်းသွားတိုက်တဲ့ အလေ့အကျင့်တော့ လုပ်ထားရမှာပါ။ နောက်ပြီး ပန်းသီးဟာ သဘာဝချွတ်ဆေးလိုမျိုး သွားတွေကို ဖြူစေနိုင်စွမ်းရှိတာကြောင့် နေ့စဉ်စားပေးသင့်တယ်လို့ဆိုပါတယ်။သကြားမပါတဲ့ ပီကေတွေကလည်း သွားကျန်းမာရေးကောင်းစေတဲ့ အပြင်သွားတွေ ညစ်မနေအောင် ကူညီနိုင်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top