Property Expo
×

တ႐ုတ္ႏုိင္ငံမွ သက္ႀကီး႐ြယ္အုိ စုံတြဲတစ္တြဲဟာ သူတုိ႕ရဲ႕ ကေလးေတြနဲ႕အတူ ၿပီးခဲ့တဲ့ ၅၄ ႏွစ္လုံး ဂူတစ္ခုထဲမွာ ေနထုိင္လာခဲ့ေၾကာင္း သတင္းက တ႐ုတ္လူမႈကြန္ရက္ Weibo မွာ ေျပာဆုိေဆြးေႏြးစရာ ျဖစ္လာခဲ့ပါတယ္။
အသက္ ၈၁ ႏွစ္အ႐ြယ္ လီအန္ဇီဖူနဲ႕ ၎ရဲ႕ဇနီး အသက္ ၇၇ ႏွစ္အ႐ြယ္ လီဆူရင္းတို႕ဟာ အိမ္ေထာင္ျပဳၿပီးေနာက္ပုိင္း ေနစရာအိမ္မ႐ွိတာေၾကာင့္ တ႐ုတ္အေနာက္ေတာင္ပုိင္း နန္ေခ်ာင္းၿမဳိ႕အနီး႐ွိ ဂူတစ္ခုထဲမွာ ဝင္ေရာက္ေနထုိင္ခဲ့ၾကေၾကာင္း People's Daily Online သတင္းက ေဖာ္ျပပါတယ္။

ယခုအခါ သူတုိ႕စုံတြဲက ဂူအတြင္းမွာ အိပ္ခန္းသုံးခန္း၊ မီးဖုိေခ်ာင္နဲ႕ ဧည့္ခန္းတုိ႕ကုိ ဖန္တီးထားေၾကာင္းလည္း သိရပါတယ္။ ခင္ပြန္းျဖစ္သူ လီအန္က လက္ထပ္ၿပီးေနာက္ သုံးႏွစ္အၾကာမွာ ဂူကုိေတြ႕႐ွိခဲ့ၿပီး ထုိစဥ္ကတည္းက သူတုိ႕စုံတြဲဟာ ဂူအတြင္း အေျခခ်ေနထုိင္ခဲ့ၾကတာ ျဖစ္ပါတယ္။
ယခင္က အဆုိပါဂူမွာ အိမ္ေထာင္စုေလးခု ေနထုိင္ခဲ့ဖူးေပမဲ့ အားလုံး ေျပာင္းေ႐ႊ႕သြားခဲ့ၾကၿပီလုိ႕ လီအန္က ေျပာပါတယ္။ လီအန္တုိ႕စုံတြဲက ဝက္ေမြးျမဴေရးၿခံနဲ႕ ကိုယ္ပုိင္လွ်ပ္စစ္ဓာတ္အားေပး စနစ္လည္း႐ွိတယ္လုိ႕ ဆုိပါတယ္။


သူတုိ႕က ဂူအေပၚဘက္ ေျမလြတ္ေနရာမွာ ကိုယ္ပုိင္စုိက္ပ်ဳိးေရးၿခံမ်ား စုိက္ပ်ဳိးထားၿပီး စားေသာက္ၾကပါတယ္။ သီးႏွံရိတ္သိမ္းခ်ိန္မွာ လီအန္က ဂူအေပၚဘက္ကုိ ႀကဳိးမ်ားျဖင့္ တက္ေရာက္ကာ သီးႏွံမ်ား ဆြတ္ခူးေလ့႐ွိပါတယ္။

အာဏာပိုင္ေတြက သူတုိ႕စုံတြဲကုိ ဂူထဲမွာမေနဘဲ ပုိေကာင္းတဲ့ ေနစရာကုိ ေျပာင္းေ႐ႊ႕ဖုိ႕ တုိက္တြန္းခဲ့ေပမဲ့ လီအန္တုိ႕စံုတြဲကေတာ့ ဂူထဲမွာေနရတာက သူတုိ႕အတြက္ သက္ေသာင့္သက္သာ႐ွိၿပီး အဆင္ေျပတယ္လို႕ ေျပာဆုိၿပီး ဂူထဲကေနေျပာင္းေ႐ႊ႕ရန္ ျငင္းဆန္ခဲ့ၾကပါတယ္။

မိသားစုကုိယ္စီ ႐ွိေနၾကၿပီျဖစ္တဲ့ သူတုိ႕စုံတြဲရဲ႕ ကေလးေတြကေတာ့ ဂူထဲမွာမေနခ်င္ၾကဘူးလုိ႕ ဆုိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

တရုတ်နိုင်ငံမှ သက်ကြီးရွယ်အို စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ကလေးတွေနဲ့အတူ ပြီးခဲ့တဲ့ ၅၄ နှစ်လုံး ဂူတစ်ခုထဲမှာ နေထိုင်လာခဲ့ကြောင်း သတင်းက တရုတ်လူမှုကွန်ရက် Weibo မှာ ပြောဆိုဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် လီအန်ဇီဖူနဲ့ ၎င်းရဲ့ဇနီး အသက် ၇၇ နှစ်အရွယ် လီဆူရင်းတို့ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း နေစရာအိမ်မရှိတာကြောင့် တရုတ်အနောက်တောင်ပိုင်း နန်ချောင်းမြို့အနီးရှိ ဂူတစ်ခုထဲမှာ ဝင်ရောက်နေထိုင်ခဲ့ကြကြောင်း People's Daily Online သတင်းက ဖော်ပြပါတယ်။

ယခုအခါ သူတို့စုံတွဲက ဂူအတွင်းမှာ အိပ်ခန်းသုံးခန်း၊ မီးဖိုချောင်နဲ့ ဧည့်ခန်းတို့ကို ဖန်တီးထားကြောင်းလည်း သိရပါတယ်။ ခင်ပွန်းဖြစ်သူ လီအန်က လက်ထပ်ပြီးနောက် သုံးနှစ်အကြာမှာ ဂူကိုတွေ့ရှိခဲ့ပြီး ထိုစဉ်ကတည်းက သူတို့စုံတွဲဟာ ဂူအတွင်း အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယခင်က အဆိုပါဂူမှာ အိမ်ထောင်စုလေးခု နေထိုင်ခဲ့ဖူးပေမဲ့ အားလုံး ပြောင်းရွှေ့သွားခဲ့ကြပြီလို့ လီအန်က ပြောပါတယ်။ လီအန်တို့စုံတွဲက ဝက်မွေးမြူရေးခြံနဲ့ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေး စနစ်လည်းရှိတယ်လို့ ဆိုပါတယ်။

သူတို့က ဂူအပေါ်ဘက် မြေလွတ်နေရာမှာ ကိုယ်ပိုင်စိုက်ပျိုးရေးခြံများ စိုက်ပျိုးထားပြီး စားသောက်ကြပါတယ်။ သီးနှံရိတ်သိမ်းချိန်မှာ လီအန်က ဂူအပေါ်ဘက်ကို ကြိုးများဖြင့် တက်ရောက်ကာ သီးနှံများ ဆွတ်ခူးလေ့ရှိပါတယ်။

အာဏာပိုင်တွေက သူတို့စုံတွဲကို ဂူထဲမှာမနေဘဲ ပိုကောင်းတဲ့ နေစရာကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပေမဲ့ လီအန်တို့စုံတွဲကတော့ ဂူထဲမှာနေရတာက သူတို့အတွက် သက်သောင့်သက်သာရှိပြီး အဆင်ပြေတယ်လို့ ပြောဆိုပြီး ဂူထဲကနေပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြပါတယ်။

မိသားစုကိုယ်စီ ရှိနေကြပြီဖြစ်တဲ့ သူတို့စုံတွဲရဲ့ ကလေးတွေကတော့ ဂူထဲမှာမနေချင်ကြဘူးလို့ ဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top