Kantharyar Centre
×

ခ်ီကာဂို အေျခစိုက္ ခရိးသြား ေၾကာင္ ဆပ္ကပ္ အဖြဲ႕က ေၾကာင္ေတြရဲ႕ ျပသမႈပိုင္းမွာ ကူညီေပးႏိုင္ၿပီး လွည့္လည္သြားလာႏိုင္မယ့္ လက္ေထာက္ကို အြန္လိုင္းကေနတဆင့္ ရွာေဖြလိုက္ပါတယ္။

Acro-Cats  လို႕အမည္ ရတဲ့ ဆပ္ကပ္အဖြဲ႕ မွာ အခ်ိန္ျပည့္အလုပ္လုပ္ႏိုင္ၿပီး ‘The Rock Cats’ ဂီတအဖ႔ြဲမွာ ပါ၀င္ သရုပ္ျပမယ့္ တိရစာၦန္ေလးေတြကိုလည္း ေစာင့္ေရွာက္ေပးရမွာပါ။

‘ သင္ ဆက္ကပ္ကို သြားၾကည့္ၿပီး ပါ၀င္ ကျပ လိုပါသလား။ ယခု သင္ ေၾကာင္ေတြနဲ႕ အတူ လုပ္ႏို္င္ပါၿပီ ’ ဆိုတဲ့ စာသား ေရးသားထားပါတယ္။

လုပ္ရမယ့္ အေျခခံတာ၀န္ေတြကေတာ့ ေၾကာင္ေတြရန္မျဖစ္ေအာင္၊ ပြဲမွာျပတဲ့ ေၾကာင္ေတြ ၊ ၾကက္တစ္ေကာင္ နဲ႕ ၀က္တစ္ေကာင္ကို ဂရုတစ္စိုက္နဲ႕ ေရြ႕ေျပာင္းဖို႕ေတြ ပါ၀င္ပါတယ္။

မန္ေနဂ်ာအေနနဲ႕ကေတာ့ လက္ေထာက္ဟာ သရုပ္ျပမႈေတြမွာသာမက သင္တန္းေပးဆရာနဲ႕ စင္ျမင့္ေပၚမွာပါ လက္ေထာက္အျဖစ္ ပါ၀င္အားျဖည့္ေပးဖို႕ ေမွ်ာ္လင့္ပါတယ္တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin



#Unicode Version
ချီကာဂို အခြေစိုက် ခရိးသွား ကြောင် ဆပ်ကပ် အဖွဲ့က ကြောင်တွေရဲ့ ပြသမှုပိုင်းမှာ ကူညီပေးနိုင်ပြီး လှည့်လည်သွားလာနိုင်မယ့် လက်ထောက်ကို အွန်လိုင်းကနေတဆင့် ရှာဖွေလိုက်ပါတယ်။

Acro-Cats  လို့အမည် ရတဲ့ ဆပ်ကပ်အဖွဲ့ မှာ အချိန်ပြည့်အလုပ်လုပ်နိုင်ပြီး ‘The Rock Cats’ ဂီတအဖ့ွဲမှာ ပါဝင် သရုပ်ပြမယ့် တိရစ္ဆာန်လေးတွေကိုလည်း စောင့်ရှောက်ပေးရမှာပါ။

‘ သင် ဆက်ကပ်ကို သွားကြည့်ပြီး ပါဝင် ကပြ လိုပါသလား။ ယခု သင် ကြောင်တွေနဲ့ အတူ လုပ်နိုင်ပါပြီ ’ ဆိုတဲ့ စာသား ရေးသားထားပါတယ်။

လုပ်ရမယ့် အခြေခံတာဝန်တွေကတော့ ကြောင်တွေရန်မဖြစ်အောင်၊ ပွဲမှာပြတဲ့ ကြောင်တွေ ၊ ကြက်တစ်ကောင် နဲ့ ဝက်တစ်ကောင်ကို ဂရုတစ်စိုက်နဲ့ ရွေ့ပြောင်းဖို့တွေ ပါဝင်ပါတယ်။

မန်နေဂျာအနေနဲ့ကတော့ လက်ထောက်ဟာ သရုပ်ပြမှုတွေမှာသာမက သင်တန်းပေးဆရာနဲ့ စင်မြင့်ပေါ်မှာပါ လက်ထောက်အဖြစ် ပါဝင်အားဖြည့်ပေးဖို့ မျှော်လင့်ပါတယ်တဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top