Property Expo
×

မြန္ျပည္နယ္၊ က်ဳိက္ထိုၿမိဳ႕နယ္က က်ဳိက္ထီး႐ိုးေစတီေတာ္ကုိ လာေရာက္ဖူးေျမာ္တဲ့ ဘုရားဖူးေတြ တည္းခိုႏုိင္ဖုိ႔ အခမဲ့တည္းခိုႏုိင္တဲ့ ေနရာေတြ စီစဥ္ေပးသြားမယ္လုိ႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနကေန သိရပါတယ္။

က်ဳိက္ထီး႐ိုးေစတီေတာ္ကုိလာေရာက္တဲ့ ဘုရားဖူးေတြ ဓမၼာ႐ုံေတြမွာ အခမဲ့တည္းခုိႏုိင္ေရး၊ ကန္ထရိုက္အလွဴခံေတြကို ပယ္ဖ်က္ၿပီး ေဂါပကအဖဲြ႕နဲ႔ ႀကီးၾကပ္မႈနဲ႔  ေဂါပကဝန္ထမ္းေတြခန္႔ထားၿပီး အလွဴခံပုံးမ်ားထားကာ စနစ္တက်ေကာက္ခံလွဴဒါန္းႏုိင္ဖို႔နဲ႔ ေစတီေတာ္ကုိ လွဴဒါန္းတဲ့ ေရႊဆုိင္းေတြ အရည္အေသြးစံခ်ိန္မီ ေစ်းႏႈန္းမွန္မွန္ကန္ကန္နဲ႔ လွဴဒါန္းႏုိင္ေအာင္ ေဆာင္ရြက္သြားမယ္လုိ႔ သာသနာေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ က်ဳိက္ထီး႐ိုးဆံေတာ္ရွင္ ေတာင္ေတာ္ေဒသမွာ စီးပြားေရးေဆာင္ရြက္ရာမွာ တရားဥပေဒနဲ႔ အညီေဆာင္ရြက္သြားမွာျဖစ္ၿပီး ႐ုိး႐ုိးေလးကုမၸဏီ တည္းခုိခန္းအျဖစ္ တည္ေဆာက္ထားတဲ့ ေရႊနန္းက်င္ဓမၼာ႐ုံ၊ ေထာက္လွမ္းေရးဓမၼာ႐ုံတုိ႔ကုိ ဘုရားဖူးျပည္သူေတြ အခမဲ့တည္းခုိႏုိင္ဖုိ႔ လက္ရွိအေျခအေနအတုိင္း က်ဳိက္ထီး႐ုိးေဂါပက(အသစ္)ထံ စနစ္တက်လဲႊေျပာင္းေပးသြားမယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်ကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးတွေ တည်းခိုနိုင်ဖို့ အခမဲ့တည်းခိုနိုင်တဲ့ နေရာတွေ စီစဉ်ပေးသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကိုလာရောက်တဲ့ ဘုရားဖူးတွေ ဓမ္မာရုံတွေမှာ အခမဲ့တည်းခိုနိုင်ရေး၊ ကန်ထရိုက်အလှူခံတွေကို ပယ်ဖျက်ပြီး ဂေါပကအဖွဲ့နဲ့ ကြီးကြပ်မှုနဲ့  ဂေါပကဝန်ထမ်းတွေခန့်ထားပြီး အလှူခံပုံးများထားကာ စနစ်တကျကောက်ခံလှူဒါန်းနိုင်ဖို့နဲ့ စေတီတော်ကို လှူဒါန်းတဲ့ ရွှေဆိုင်းတွေ အရည်အသွေးစံချိန်မီ ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သာသနာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးဆံတော်ရှင် တောင်တော်ဒေသမှာ စီးပွားရေးဆောင်ရွက်ရာမှာ တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပြီး ရိုးရိုးလေးကုမ္ပဏီ တည်းခိုခန်းအဖြစ် တည်ဆောက်ထားတဲ့ ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူတွေ အခမဲ့တည်းခိုနိုင်ဖို့ လက်ရှိအခြေအနေအတိုင်း ကျိုက်ထီးရိုးဂေါပက(အသစ်)ထံ စနစ်တကျလွဲှပြောင်းပေးသွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top