Kantharyar Centre
×



ပါဝင်ပစ္စည်းများ

·         ကြက်ဥအနှစ် - ၁ လုံး


လုပ်ပုံလုပ်နည်း






·         မီးဖိုချောင်

·         အိမ်သာ၊ ရေချိုးခန်း



Credit: trend Myanmar

#Unicode Version

ဘယ်စတိုးဆိုင်ကိုပဲ သွားသွား၊ ပိုးဟပ်နှိမ်နင်းဆေးများစွာ တွေ့ပါလိမ့်မယ်။ တချို့ဆေးတွေက အရမ်းထိရောက်ပေမယ့် အများစုက အဆိပ်သင့်ပြီး ကင်ဆာရောဂါအပြင် အသက်ရှူပြသနာ၊ အရေပြားနဲ့ မျက်စိကျိန်းစပ်ခြင်းစတဲ့ စိုးရိမ်စရာကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒုက္ခပေးတဲ့အင်းဆက်အကောင်တွေ ရှင်းလင်းသုတ်သင်ဖို့အတွက် ဒီကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ကြဉ်ပြီး အဲဒီအစား သဘာဝနည်းလမ်းတွေကို ပိုပြီး ချဉ်းကပ်သင့်ပါတယ်။

အိမ်တွင်းဖြစ် ပိုးဟပ်နှိမ်နင်းဆေး

ပါဝင်ပစ္စည်းများ

·         ကြက်ဥအနှစ် - ၁ လုံး

·         ဘိုးလ်ရစ်အက်စစ် (Boric Acid) - ၃၀-၅၀ ဂရမ်

လုပ်ပုံလုပ်နည်း

·         ကြက်ဥကို boric acid နဲ့ ခပ်ပျစ်ပျစ်ဖြစ်အောင် ရောစပ်ပါ။

·         အဲဒီခပ်ပျစ်ပျစ်အရောအနှောကို စက်ဝိုင်းအချင်း ၁ စင်တီမီတာ အလုံးလေးတွေအဖြစ် ပုံစံသွင်းပေးရပါမယ်။

·         ဒီအလုံးတွေကို ၁ နာရီကြာ အခြောက်လှန်းပါ။

·         ခြောက်သွားကြပြီဆိုတာနဲ့ မိမိအိမ်ရှိ ထောင့်နေရာတွေ၊ ဗီရိုတွေနဲ့ ပိုးဟပ်တွေ တွေ့တတ်တဲ့ နေရာတွေမှာ ထားပါ။

အဓိက ပစ်မှတ်ထားရမယ့်နေရာများ

·         မီးဖိုချောင်

·         အိမ်သာ၊ ရေချိုးခန်း

ပိုးဟပ်တွေဟာ အဲဒီအလုံးတွေကို စပ်စုရာမှ နောက်ဆုံး မလှုပ်မယှက်ချင်ဖြစ်စေပြီး သေကျေကြပါလိမ့်မယ်။ ဒီအလုံးလေးတွေက အိမ်မွေးတိရိစ္ဆာန်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ Boric acid က အဆိပ်ကင်းပြီး ပိုသတ်ဆေးအများစုမှာ တွေ့နေကျပစ္စည်းတစ်ခုဖြစ်ပါတယ်။

ဒီအလုံးတွေက ထိရောက်ပြီး ၄ ပတ်အတွင်း မိမိအိမ်ကြမ်းပြင်မှာ ပိုးဟပ်အကောင်အသေများစွာ မြင်တွေ့ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top