Property Expo
×

ပဲခူးတိုင္းေဒသႀကီး ျဖဴး ၿမိဳ႕နယ္တရား႐ံုးေအာက္ ၀ရန္ တာတြင္ လိမ္လည္မႈတစ္ခုအ တြက္ သက္ေသအျဖစ္လာေရာက္ ထြက္ဆိုသည့္ ‘Asia’ေမာ္ေတာ္ ယာဥ္အသင္းဥကၠ႒ ဦး၀င္းႏုိင္ကို အမည္မသိအမ်ိဳးသားတစ္ဦးကဓားျဖင့္လာေရာက္ထိုးခဲ့မႈျဖစ္ပြား ခဲ့ေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၂၀ ရက္နံနက္ ၁၁ နာရီေက်ာ္တြင္ အသက္(၄၉)ႏွစ္အရြယ္ ဦး၀င္းႏုိင္က အျခားအ မႈတစ္ခုအတြက္ ျဖဴးၿမိဳ႕နယ္ တရား႐ံုးသို႔ လာေရာက္သက္ေသ ထြက္ဆုိစဥ္ အမည္မသိ အမ်ိဳး သားတစ္ဦးက ဓားျဖင့္ ထိုးခဲ့ ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ အမ်ိဳးသားတစ္ဦးက ေျပာသည္။

‘‘တရား႐ံုး၀ရန္တာေအာက္ မွာ ရပ္ေနတုန္းလာၿပီးထိုးသြား တာ။  သူစီးလာတဲ့ဆိုင္ကယ္ကို လည္း အနားမွာရွိတဲ့သူတစ္ ေယာက္က ၀င္ဖမ္းေတာ့ ဆုိင္ ကယ္သမားေတာ့ မိတယ္။ ဓားနဲ႔ ထိုးသြားတဲ့သူကေတာ့ ထြက္ေျပး သြားတာမမိလိုက္ဘူး။ တရား႐ံုး ထဲမွာ ခုလိုျဖစ္ေတာ့ တရားဥပေဒ စိုးမိုးေရးဆုိိတာ ဘာလဲလို႔ေတာင္ ေမးခ်င္တယ္’’ဟု အဆုိပါအမ်ိဳး သားက ေျပာသည္။

ဦး၀င္းႏုိင္သည္ ရန္ကုန္တုိင္း မရမ္းကုန္းၿမိဳ႕နယ္၌ ေနထိုင္သူ ျဖစ္ၿပီး ဓားျဖင့္ထိုးခံရသျဖင့္ ရင္ ၫြန္႔တြင္ ထိုးသြင္း ဒဏ္ရာႏွစ္ ခ်က္ႏွင့္ ၀မ္းဗုိက္တြင္ ထိုးသြင္း ဒဏ္ရာႏွစ္ခ်က္ရရွိကာ ျဖဴးျပည္ သူ႔ေဆး႐ံု၌ အတြင္းလူနာအျဖစ္ တက္ေရာက္ကုသမႈ ခံယူေန ေၾကာင္း ျဖဴးၿမိဳ႕မ ရဲစခန္းမွ ရဲ အရာရွိတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ပဲခူးတိုင်းဒေသကြီး ဖြူး မြို့နယ်တရားရုံးအောက် ဝရန် တာတွင် လိမ်လည်မှုတစ်ခုအ တွက် သက်သေအဖြစ်လာရောက် ထွက်ဆိုသည့် ‘Asia’မော်တော် ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်ကို အမည်မသိအမျိုးသားတစ်ဦးကဓားဖြင့်လာရောက်ထိုးခဲ့မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီကျော်တွင် အသက်(၄၉)နှစ်အရွယ် ဦးဝင်းနိုင်က အခြားအ မှုတစ်ခုအတွက် ဖြူးမြို့နယ် တရားရုံးသို့ လာရောက်သက်သေ ထွက်ဆိုစဉ် အမည်မသိ အမျိုး သားတစ်ဦးက ဓားဖြင့် ထိုးခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

‘‘တရားရုံးဝရန်တာအောက် မှာ ရပ်နေတုန်းလာပြီးထိုးသွား တာ။  သူစီးလာတဲ့ဆိုင်ကယ်ကို လည်း အနားမှာရှိတဲ့သူတစ် ယောက်က ဝင်ဖမ်းတော့ ဆိုင် ကယ်သမားတော့ မိတယ်။ ဓားနဲ့ ထိုးသွားတဲ့သူကတော့ ထွက်ပြေး သွားတာမမိလိုက်ဘူး။ တရားရုံး ထဲမှာ ခုလိုဖြစ်တော့ တရားဥပဒေ စိုးမိုးရေးဆိိုတာ ဘာလဲလို့တောင် မေးချင်တယ်’’ဟု အဆိုပါအမျိုး သားက ပြောသည်။

ဦးဝင်းနိုင်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၌ နေထိုင်သူ ဖြစ်ပြီး ဓားဖြင့်ထိုးခံရသဖြင့် ရင် ညွန့်တွင် ထိုးသွင်း ဒဏ်ရာနှစ် ချက်နှင့် ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်ရရှိကာ ဖြူးပြည် သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေ ကြောင်း ဖြူးမြို့မ ရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top