Property Expo
×







Credit:7Day Daily


#Unicode Version
နေပြည်တော်တွင် စက်တင်ဘာ ၁၃ရက်ကပြုလုပ်သည့် ဖိုရမ်သို့ တက်ရောက်လာသူများ (ဓာတ်ပုံ-ထက်အာကာကျော်)

အစိုးရသစ်၏ တိ ကျသေချာသော မူဝါဒကိုစောင့် ကြည့်နေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဝင်နည်းခြင်းဖြစ် သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။

Myanmar Global Inves- tment Forum ကျင်းပခြင်းက လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်ကြောင်း စက်တင်ဘာ ၁၃ ရက်က နေ ပြည်တော်တွင် ပြုလုပ်သည့်ယင်း ဖိုရမ်၌ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

‘‘အစိုးရရဲ့ ရည်မှန်းချက်ကို ရှင်းရှင်းနားလည်ရင် ရင်းနှီးမြှုပ်နှံ မှုက ဆက်တိုက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ဦးကျော် ဝင်းကဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အ စိုးရသစ် ငါးလသက်တမ်းအတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကျော်ရှိသော်လည်း ခွင့်ပြုပြီး ပမာဏမှာ ကန်ဒေါ်လာ သန်းငါး ရာကျော်သာရှိသေးကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ စုံစမ်းသိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကို ခွင့်ပြုရာတွင် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရများ၏ သဘောတူညီမှုရရှိမှသာ ခွင့်ပြုရသဖြင့် ရင်းနှီးမြှုပ်နှံရန် အ ဆိုပြုထားသည့် ပမာဏထက် လျော့နည်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top