Property Expo
×

သူငယ္ခ်င္းေကာင္းဆိုတာဟာ သင့္ေခါင္းေပၚက ဆံပင္ ေတြလိုပါပဲ။ သင္အသက္ႀကီးလာတဲ့အခါမွာ သူတို႔ေတြလည္း နည္းပါး လာပါလိမ့္မယ္။ ေရွးလူႀကီးေတြရဲ႕ေျပာစကားလိုေပါ့။ သင္မေသခင္ သင့္မွာ သူငယ္ခ်င္း အစစ္အမွန္ ၅ ေယာက္ရွိခဲ့တယ္ ဆိုရင္ သင္ဟာ ေကာင္းမြန္တဲ့ဘ၀ကို ပိုင္ဆိုင္ခဲ့ရတာပါ။ သင္ဟာ သင္ျဖတ္သန္းေနရတဲ့ ဘ၀မွာ သူငယ္ခ်င္းမ်ားစြာကို ဆံုေတြ႕ခဲ့ရမွာပါ။ အဲ့ဒီသူငယ္ခ်င္းေတြထဲကမွ သင့္ေဘးမွာ တစ္သက္လံုးရွိေနဖို႕ လိုအပ္တဲ့ သူငယ္ခ်င္း ၁၀ေယာက္က ..

၁။ သင့္ကိုလႊမ္းမိုးႏိုင္မယ့္ သူငယ္ခ်င္း

သင့္ကို လႊမ္းမိုးႏိုင္တဲ့ သူငယ္ခ်င္းေတြဟာ သင့္ဘ၀ကို ေအာင္ျမင္မႈေတြဆီေရာက္ေအာင္ တြန္းပို႔ေပး ႏိုင္ၾကပါတယ္။

၂။ သင္ေျပာသမွ် နားေထာင္ေပးမယ့္ သူငယ္ခ်င္း

သူငယ္ခ်င္းေတြတိုင္းကေတာ့ အႀကံေပးတာမ်ိဳး ရွိတတ္ပါတယ္။ ဒါေပမယ့္ တစ္ကယ္တမ္း ကိုယ္ခံစား ေနရတဲ့ အေၾကာင္းအရာေတြကို နားေထာင္ေပးမယ့္ သူငယ္ခ်င္းမ်ိဳးက ရွားပါတယ္။ သင္ေျပာသမွ်ကို နားေထာင္ေပးၿပီး အႀကံေပးႏိုင္တဲ့ သူ႔ရဲ႕ ခံစားခ်က္ေတြကိုလည္း ေ၀မွ်ႏိုင္မယ့္ သူငယ္ခ်င္းမ်ိဳးဟာ သင္ယံုၾကည္ရမယ့္ သူငယ္ခ်င္းပဲျဖစ္ပါတယ္။

၃။ လက္ေတြ႔သမား သူငယ္ခ်င္း

သင့္သူငယ္ခ်င္းထဲမွာ လက္ေတြ႕သမား တစ္ေယာက္ေတာ့ လုိအပ္ပါလိမ့္မယ္။ သင္ဟာ စိတ္ကူးယဥ္တတ္ သည့္သူ တစ္ေယာက္မဟုတ္သည့္တိုင္ သင့္ရဲ႕ စိတ္ကူးအခ်ိဳ႕ကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ေစဖို႔ လက္ေတြ႕သမားေတြက တြန္းအားေပးႏိုင္ပါတယ္။

၄။ စြန္႔စားခ်င္တဲ့ သူငယ္ခ်င္း

စြန္႔စားခ်င္တဲ့ သူငယ္ခ်င္းေတြဟာ အၿမဲတမ္း အသစ္တစ္ခုကို ရွာေဖြဖို႔ စြန္႔စားခန္း အသစ္ေတြ ဖြင့္ေန ေလ့ရွိတဲ့ အတြက္ သင့္ဘ၀ရဲ႕ေန႔ရက္ေတြကို ပ်င္းရိစြာ ျဖတ္သန္းေနစရာ မလိုေတာ့ပါဘူး။

၅။ ရုိးသားတဲ့သူငယ္ခ်င္း

သူငယ္ခ်င္းေကာင္းေတြဟာ သင္ၾကားခ်င္တာေတြကို ေျပာျပၾကေပမယ့္ အေကာင္းဆံုး သူငယ္ခ်င္း ကေတာ့ သင္တကယ္ သိဖို႔လိုအပ္တာေတြကို ရိုးရိုးသားသားနဲ႔ အမွန္တိုင္း ေျပာျပပါလိမ့္မယ္။ ရိုးသားတဲ့ သူငယ္ခ်င္းေတြကသာ သင့္အတြက္ ခက္ခဲတဲ့ အမွန္တရားေတြကို ယူေဆာင္ေပးႏိုင္ၾကမွာပါ။

၆။ ေပးဆပ္တတ္တဲ့ စိတ္ရွိတဲ့ သူငယ္ခ်င္း

ေပးဆပ္တတ္တဲ့ စိတ္ရွိတဲ့ သူငယ္ခ်င္းေတြဟာ သူတို႔မွာ ရွိတဲ့ ပိုက္ဆံ ၊ သင္ၾကားေရး ပစၥည္းေတြနဲ႔ အျခားအရာေတြကို သင္နဲ႕ ေ၀မွ်ဖို႔အသင့္ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ဟာ ဒါေတြကို ျပန္ေတာင္းဖို႔ စိတ္ကူးမရွိၾကပါဘူး။

၇။ ဖက္ရွင္သမား သူငယ္ခ်င္း

ဖက္ရွင္ ကိုစိတ္၀င္စားတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိေနျခင္းဟာ သင့္အတြက္ ဖက္ရွင္ မဂၢဇင္းေတြ ဖတ္ေနစရာမလိုပဲ စတိုင္က်ေနတဲ့သူ တစ္ေယာက္ျဖစ္ေအာင္ အႀကံဥာဏ္ေတြ ေပးပါလိမ့္မယ္။

၈။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူငယ္ခ်င္း

ေနာက္ေျပာင္တတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူငယ္ခ်င္းေတြဟာ သင့္ရဲ႕ အေကာင္းဆံုး အဖြဲ႕သားေတြပဲျဖစ္ပါတယ္။ သူတို႔ဟာ သင့္အနားမွာ အၿမဲတမ္းေပ်ာ္စရာ အခ်ိန္ေတြဖန္တီးဖို႔ အသင့္ရွိၾကပါတယ္။

၉။ အေၾကာင္းသိ သူငယ္ခ်င္း

တစ္ခါတစ္ေလ သင့္ဆီမွာ ဘယ္သူ႕ကိုမွ ေျပာမျပခ်င္တဲ့ စိတ္ညစ္စရာေတြ ရွိလာတဲ့အခါမွာ သင့္ပံုကို ၾကည့္ရံုနဲ႔ တစ္ခုခုျဖစ္ေနတယ္ဆိုတာကို သိႏိုင္တဲ့ သူငယ္ခ်င္းမ်ိဳးဟာ သင့္ရဲ႕တိုင္ပင္ေဖာ္တိုင္ပင္ ဖက္ပဲျဖစ္ပါတယ္။

၁၀။ ၿပိဳင္ဘက္ သူငယ္ခ်င္း

သင္နဲ႔ အၿပိဳင္အဆိုင္ သူငယ္ခ်င္းတစ္ေယာက္ဟာ သင့္အတြက္ အလိုအပ္ဆံုး သူငယ္ခ်င္း ပဲျဖစ္ပါတယ္။ သင္ဟာ ၿပိဳင္ဘက္ သူငယ္ခ်င္းတစ္ေယာက္ရွိပါမွ သင့္ရဲ႕ တိုးတက္မႈေတြအတြက္ လံႈ႕ေဆာ္ေပးႏိုင္မွာပါ။ ၿပိဳင္ဘက္သူငယ္ခ်င္း တစ္ေယာက္ရွိေနတာဟာ ကံေကာင္းျခင္းပါပဲ။

ကဲသင့္မွာ ဒီလိုသူငယ္ခ်င္း (၁၀)ေယာက္ရွိပါသလား။ ဒါ့အျပင္ သင္ကေရာ သူတုိ႕အတြက္ ဘယ္လိုသူငယ္ခ်င္းမ်ိဳးပါလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သူငယ်ချင်းကောင်းဆိုတာဟာ သင့်ခေါင်းပေါ်က ဆံပင် တွေလိုပါပဲ။ သင်အသက်ကြီးလာတဲ့အခါမှာ သူတို့တွေလည်း နည်းပါး လာပါလိမ့်မယ်။ ရှေးလူကြီးတွေရဲ့ပြောစကားလိုပေါ့။ သင်မသေခင် သင့်မှာ သူငယ်ချင်း အစစ်အမှန် ၅ ယောက်ရှိခဲ့တယ် ဆိုရင် သင်ဟာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရတာပါ။ သင်ဟာ သင်ဖြတ်သန်းနေရတဲ့ ဘဝမှာ သူငယ်ချင်းများစွာကို ဆုံတွေ့ခဲ့ရမှာပါ။ အဲ့ဒီသူငယ်ချင်းတွေထဲကမှ သင့်ဘေးမှာ တစ်သက်လုံးရှိနေဖို့ လိုအပ်တဲ့ သူငယ်ချင်း ၁၀ယောက်က ..

၁။ သင့်ကိုလွှမ်းမိုးနိုင်မယ့် သူငယ်ချင်း

သင့်ကို လွှမ်းမိုးနိုင်တဲ့ သူငယ်ချင်းတွေဟာ သင့်ဘဝကို အောင်မြင်မှုတွေဆီရောက်အောင် တွန်းပို့ပေး နိုင်ကြပါတယ်။

၂။ သင်ပြောသမျှ နားထောင်ပေးမယ့် သူငယ်ချင်း

သူငယ်ချင်းတွေတိုင်းကတော့ အကြံပေးတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း ကိုယ်ခံစား နေရတဲ့ အကြောင်းအရာတွေကို နားထောင်ပေးမယ့် သူငယ်ချင်းမျိုးက ရှားပါတယ်။ သင်ပြောသမျှကို နားထောင်ပေးပြီး အကြံပေးနိုင်တဲ့ သူ့ရဲ့ ခံစားချက်တွေကိုလည်း ဝေမျှနိုင်မယ့် သူငယ်ချင်းမျိုးဟာ သင်ယုံကြည်ရမယ့် သူငယ်ချင်းပဲဖြစ်ပါတယ်။

၃။ လက်တွေ့သမား သူငယ်ချင်း

သင့်သူငယ်ချင်းထဲမှာ လက်တွေ့သမား တစ်ယောက်တော့ လိုအပ်ပါလိမ့်မယ်။ သင်ဟာ စိတ်ကူးယဉ်တတ် သည့်သူ တစ်ယောက်မဟုတ်သည့်တိုင် သင့်ရဲ့ စိတ်ကူးအချို့ကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့ လက်တွေ့သမားတွေက တွန်းအားပေးနိုင်ပါတယ်။

၄။ စွန့်စားချင်တဲ့ သူငယ်ချင်း

စွန့်စားချင်တဲ့ သူငယ်ချင်းတွေဟာ အမြဲတမ်း အသစ်တစ်ခုကို ရှာဖွေဖို့ စွန့်စားခန်း အသစ်တွေ ဖွင့်နေ လေ့ရှိတဲ့ အတွက် သင့်ဘဝရဲ့နေ့ရက်တွေကို ပျင်းရိစွာ ဖြတ်သန်းနေစရာ မလိုတော့ပါဘူး။

၅။ ရိုးသားတဲ့သူငယ်ချင်း

သူငယ်ချင်းကောင်းတွေဟာ သင်ကြားချင်တာတွေကို ပြောပြကြပေမယ့် အကောင်းဆုံး သူငယ်ချင်း ကတော့ သင်တကယ် သိဖို့လိုအပ်တာတွေကို ရိုးရိုးသားသားနဲ့ အမှန်တိုင်း ပြောပြပါလိမ့်မယ်။ ရိုးသားတဲ့ သူငယ်ချင်းတွေကသာ သင့်အတွက် ခက်ခဲတဲ့ အမှန်တရားတွေကို ယူဆောင်ပေးနိုင်ကြမှာပါ။

၆။ ပေးဆပ်တတ်တဲ့ စိတ်ရှိတဲ့ သူငယ်ချင်း

ပေးဆပ်တတ်တဲ့ စိတ်ရှိတဲ့ သူငယ်ချင်းတွေဟာ သူတို့မှာ ရှိတဲ့ ပိုက်ဆံ ၊ သင်ကြားရေး ပစ္စည်းတွေနဲ့ အခြားအရာတွေကို သင်နဲ့ ဝေမျှဖို့အသင့်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒါတွေကို ပြန်တောင်းဖို့ စိတ်ကူးမရှိကြပါဘူး။

၇။ ဖက်ရှင်သမား သူငယ်ချင်း

ဖက်ရှင် ကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိနေခြင်းဟာ သင့်အတွက် ဖက်ရှင် မဂ္ဂဇင်းတွေ ဖတ်နေစရာမလိုပဲ စတိုင်ကျနေတဲ့သူ တစ်ယောက်ဖြစ်အောင် အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။

၈။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်း

နောက်ပြောင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေဟာ သင့်ရဲ့ အကောင်းဆုံး အဖွဲ့သားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ သင့်အနားမှာ အမြဲတမ်းပျော်စရာ အချိန်တွေဖန်တီးဖို့ အသင့်ရှိကြပါတယ်။

၉။ အကြောင်းသိ သူငယ်ချင်း

တစ်ခါတစ်လေ သင့်ဆီမှာ ဘယ်သူ့ကိုမှ ပြောမပြချင်တဲ့ စိတ်ညစ်စရာတွေ ရှိလာတဲ့အခါမှာ သင့်ပုံကို ကြည့်ရုံနဲ့ တစ်ခုခုဖြစ်နေတယ်ဆိုတာကို သိနိုင်တဲ့ သူငယ်ချင်းမျိုးဟာ သင့်ရဲ့တိုင်ပင်ဖော်တိုင်ပင် ဖက်ပဲဖြစ်ပါတယ်။

၁၀။ ပြိုင်ဘက် သူငယ်ချင်း

သင်နဲ့ အပြိုင်အဆိုင် သူငယ်ချင်းတစ်ယောက်ဟာ သင့်အတွက် အလိုအပ်ဆုံး သူငယ်ချင်း ပဲဖြစ်ပါတယ်။ သင်ဟာ ပြိုင်ဘက် သူငယ်ချင်းတစ်ယောက်ရှိပါမှ သင့်ရဲ့ တိုးတက်မှုတွေအတွက် လှုံ့ဆော်ပေးနိုင်မှာပါ။ ပြိုင်ဘက်သူငယ်ချင်း တစ်ယောက်ရှိနေတာဟာ ကံကောင်းခြင်းပါပဲ။

ကဲသင့်မှာ ဒီလိုသူငယ်ချင်း (၁၀)ယောက်ရှိပါသလား။ ဒါ့အပြင် သင်ကရော သူတို့အတွက် ဘယ်လိုသူငယ်ချင်းမျိုးပါလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top