Kantharyar Centre
×

ကမာၻတစ္လႊား တရားစီရင္ခံုရံုးေတြမွာ အခ်ိန္တုိင္း စီရင္အမိန္႔ခ်ေပး ေနရတဲ့ ျပစ္မႈေပါင္းမ်ားစြာေတြကေတာ့ အစံုအလင္ပါပဲ။ သာမန္ ျဖစ္ရိုးျဖစ္စဥ္ လူသတ္မႈ၊ လုယက္မႈ၊ လိင္ျပဳက်င့္မႈ၊ မူးယစ္ေဆးဝါးမႈ အစရွိသျဖင့္ ျပစ္မႈေတြက ႏုိင္ငံရဲ႕ခ်မွတ္ထားတဲ့ ဥပေဒအေလွ်ာက္ ျပစ္ဒဏ္ႏွစ္အသီးသီး ခ်မွတ္ၾကပါတယ္။

ဒီျပစ္မႈ ျပစ္ဒဏ္က်ခံရဖုိ႔အတြက္ ထုိင္းႏုိင္ငံက အမ်ိဳးသမီးတစ္ဦးက ေတာ့ ကမာၻေပၚမွာ ျပစ္ဒဏ္က်ႏွစ္အမ်ားဆံုး က်ခံရတဲ့ အျပစ္သား တစ္ေယာက္လုိ႔ ဆုိႏုိင္ပါတယ္။ ၁၉၈၉ ခုႏွစ္မွာ  ဒီထုိင္းအမ်ိဳးသမီး ကို တရားရံုးေတာ္က ေထာင္ဒဏ္ႏွစ္ေပါင္း ၁၄၁,၀၇၈ ႏွစ္က်ခံရ ဖုိ႔ အမိန္႔ခ်မွတ္လုိက္တယ္လုိ႔ သိရပါတယ္။ ဒီေလာက္ႏွစ္ေပါင္းအ ေတာ္ၾကာ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ အမႈကလည္း  စိတ္ဝင္စားဖုိ႔ ေကာင္းပါတယ္။

ထုိင္းေလေၾကာင္းအရာရွိရဲ႕ ဇနီးသည္ျဖစ္တဲ့ တီပရာဆုိ ဆုိသူက ထုိင္းေတာ္ဝင္မ်ိဳးႏြယ္ထဲက လူတစ္ဦးအပါအဝင္ လူေပါင္း ၁၆,၂၃၁ ဦးထံကေန ေပါင္ ၂ သန္းနီးပါးရွိတဲ့ ေငြေၾကးေတြကုိ အလြဲသံုးစား လိမ္လည္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူမပဲ ကံေကာင္းတယ္လုိ႔ ဆုိရမလားကေတာ့ သူမတရားစီ ရင္ခ်က္ခ်ခံရတဲ့ အခ်ိန္ ၁၉၈၉ ခုႏွစ္မွာ ေျပာင္းလဲသတ္မွတ္လုိက္တဲ့ ထုိင္းတရားစီရင္ေရးက ေငြေၾကးအလြဲသံုးစားမႈေၾကာင့္ က်ခံရတဲ့ျပစ္ ဒဏ္က အမ်ားဆံုး အႏွစ္ ၂၀ တည္းသာ ျဖစ္တယ္ဆုိတာေၾကာင့္ပဲ ေထာင္ဒဏ္ အႏွစ္ ၂၀ သာက်ခံသြားခဲ့ရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ကမ္ဘာတစ်လွှား တရားစီရင်ခုံရုံးတွေမှာ အချိန်တိုင်း စီရင်အမိန့်ချပေး နေရတဲ့ ပြစ်မှုပေါင်းများစွာတွေကတော့ အစုံအလင်ပါပဲ။ သာမန် ဖြစ်ရိုးဖြစ်စဉ် လူသတ်မှု၊ လုယက်မှု၊ လိင်ပြုကျင့်မှု၊ မူးယစ်ဆေးဝါးမှု အစရှိသဖြင့် ပြစ်မှုတွေက နိုင်ငံရဲ့ချမှတ်ထားတဲ့ ဥပဒေအလျှောက် ပြစ်ဒဏ်နှစ်အသီးသီး ချမှတ်ကြပါတယ်။

ဒီပြစ်မှု ပြစ်ဒဏ်ကျခံရဖို့အတွက် ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးက တော့ ကမ္ဘာပေါ်မှာ ပြစ်ဒဏ်ကျနှစ်အများဆုံး ကျခံရတဲ့ အပြစ်သား တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ  ဒီထိုင်းအမျိုးသမီး ကို တရားရုံးတော်က ထောင်ဒဏ်နှစ်ပေါင်း ၁၄၁,၀၇၈ နှစ်ကျခံရ ဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီလောက်နှစ်ပေါင်းအ တော်ကြာ ထောင်ဒဏ်ချမှတ်ခံရတဲ့ အမှုကလည်း  စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ထိုင်းလေကြောင်းအရာရှိရဲ့ ဇနီးသည်ဖြစ်တဲ့ တီပရာဆို ဆိုသူက ထိုင်းတော်ဝင်မျိုးနွယ်ထဲက လူတစ်ဦးအပါအဝင် လူပေါင်း ၁၆,၂၃၁ ဦးထံကနေ ပေါင် ၂ သန်းနီးပါးရှိတဲ့ ငွေကြေးတွေကို အလွဲသုံးစား လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူမပဲ ကံကောင်းတယ်လို့ ဆိုရမလားကတော့ သူမတရားစီ ရင်ချက်ချခံရတဲ့ အချိန် ၁၉၈၉ ခုနှစ်မှာ ပြောင်းလဲသတ်မှတ်လိုက်တဲ့ ထိုင်းတရားစီရင်ရေးက ငွေကြေးအလွဲသုံးစားမှုကြောင့် ကျခံရတဲ့ပြစ် ဒဏ်က အများဆုံး အနှစ် ၂၀ တည်းသာ ဖြစ်တယ်ဆိုတာကြောင့်ပဲ ထောင်ဒဏ် အနှစ် ၂၀ သာကျခံသွားခဲ့ရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top