Kantharyar Centre
×

ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္ (၃၂)ရပ္ကြက္အတြင္း လင္မယားခ်င္း ရန္ျဖစ္ေနစဥ္ ဝင္ေရာက္ဖ်န္ေျဖသည့္ အသက္ (၃၂)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ဓားထုိးခံရေၾကာင္း သတင္းရရွိသည္။

 အလွကုန္ပစၥည္းအေရာင္း ဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနသည့္ အသက္(၃၂)ႏွစ္အရြယ္ မသက္ သက္ (ခ) မခင္ေအးေအးသက္၏ ေနအိမ္တြင္ လာေရာက္ေနထုိင္ ေသာ အေဒၚလင္မယားသည္ စက္တင္ဘာ ၂၈ ရက္ နံနက္ ၄ နာရီခန္႔တြင္ စကားမ်ားရန္ျဖစ္ရာမွ စတင္ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕႐ံုးမွ သိရ သည္။

အေဒၚလင္မယား စကား မ်ား ရန္ျဖစ္ေနသျဖင့္ မသက္သက္(ခ) မခင္ေအးေအးသက္က ဝင္ေရာက္ဖ်န္ေျဖရာမွ အေဒၚ၏ခင္ပြန္း အသက္(၄၉)ႏွစ္အရြယ္ ဦးစိုးမိုးႏိုင္ႏွင့္ အျပန္အလွန္ စကားမ်ားကာ ဦးစိုးမိုးႏိုင္က စတီးဓားျဖင့္ ထုိးခဲ့ျခင္းျဖစ္ေၾကာင္း ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းရဲစခန္းမွ တာဝန္က် ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ဆို သည္။

ဦးစိုးမိုးႏုိင္က အ႐ိုးအသြား ရွစ္လက္မခန္႔ရွိသည့္ စတီးဓားျဖင့္ထိုးေသာေၾကာင့္ မသက္သက္ (ခ) မခင္ေအးေအးသက္၏ ဝဲ ဘက္နံၾကားတြင္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္ရရွိကာ သဃၤန္းကြၽန္းစံျပေဆး႐ံုသို႔ အတြင္းလူနာအျဖစ္ တင္ပို႔ကုသထားေၾကာင္း ၎ကဆက္လက္ေျပာသည္။

လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ တူမကို ဓားျဖင့္ထုိးခဲ့သည့္ ဦးစိုးမိုးႏိုင္ကုိ ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕မရဲစခန္းက ေဘးျဖစ္ေစေသာ လက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕မရဲ စခန္းမွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃၂)ရပ်ကွက်အတွင်း လင်မယားချင်း ရန်ဖြစ်နေစဉ် ဝင်ရောက်ဖျန်ဖြေသည့် အသက် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။

 အလှကုန်ပစ္စည်းအရောင်း ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက်(၃၂)နှစ်အရွယ် မသက် သက် (ခ) မခင်အေးအေးသက်၏ နေအိမ်တွင် လာရောက်နေထိုင် သော အဒေါ်လင်မယားသည် စက်တင်ဘာ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် စကားများရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရ သည်။

အဒေါ်လင်မယား စကား များ ရန်ဖြစ်နေသဖြင့် မသက်သက်(ခ) မခင်အေးအေးသက်က ဝင်ရောက်ဖျန်ဖြေရာမှ အဒေါ်၏ခင်ပွန်း အသက်(၄၉)နှစ်အရွယ် ဦးစိုးမိုးနိုင်နှင့် အပြန်အလှန် စကားများကာ ဦးစိုးမိုးနိုင်က စတီးဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။

ဦးစိုးမိုးနိုင်က အရိုးအသွား ရှစ်လက်မခန့်ရှိသည့် စတီးဓားဖြင့်ထိုးသောကြောင့် မသက်သက် (ခ) မခင်အေးအေးသက်၏ ဝဲ ဘက်နံကြားတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသထားကြောင်း ၎င်းကဆက်လက်ပြောသည်။

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ တူမကို ဓားဖြင့်ထိုးခဲ့သည့် ဦးစိုးမိုးနိုင်ကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့မရဲစခန်းက ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲ စခန်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top