Kantharyar Centre
×






#Unicode Version

နှစ်စဉ်တိုင်းလိုလို ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တင် မှတ်တမ်းကို လာမယ့်နှစ် ၂၀၁၇ ခုနှစ်အတွက် ဂင်းနစ်စံချိန်မှတ် တမ်းစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ထူးခြားအံ့သြဖွယ်ရာကောင်း လွန်းတဲ့ စံချိန်ပေါင်း ၄၀၀၀ ကျော်ထဲကမှ တကယ့်ကို မှတ်မှတ်သားဖြစ်ဖွယ် စံချိန်သစ်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၆၂ ကြိမ်မြောက် ကမ္ဘာ့အထူးခြားဆုံး စံချိန်တွေမှာဆိုရင် တိရစ္ဆာန် လေးတွေ၊ အရာဝတ္ထုတွေနဲ့ လူသားတွေရဲ့ ထူးခြားမှုစံချိန်တွေ ပါ ဝင်တာဖြစ်ပါတယ်။
အသက်ကလေး ၃ နှစ်သားအရွယ်သာရှိတဲ့ ကြောင်ကလေး လုဒိုရဲ့ အရှည်က ၁၁၈ စင်တီမီတာနဲ့ ကမ္ဘာ့အရှည်ဆုံး ကြောင်စံချိန်ကို တင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံက အသက် ၅ နှစ်အရွယ်ခွေးကလေး ကီအွန်ကလည်း ၇၇ စင်တီမီတာ အရှည်ရှိတဲ့ အမြှီးနဲ့ ကမ္ဘာ့အမြှီးအရှည်ဆုံး ခွေးကလေး အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။
လန်ဒန်က အသက် ၁၄ နှစ်အရွယ် လူငယ် မာ့စ်ဝဲလ် ဒေးရဲ့ခြေ ထောက်နှစ်ဖက်က တစ်ဖက်အတည့်ကနေ နောက်ပြန် ၁၅၇ ဒီ ဂရီထိရောက်အောင်ကို နာကျင်မှုလုံးဝမရှိပဲ ပြောင်းပြန်လှည့်နိုင် ခဲ့လို့ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားထူးခြားပြီး စိတ် ဝင်စားအံ့သြစရာကောင်းတဲ့ စံချိန်တင်မှတ်တမ်းတွေလည်း ဖော် ပြထားခဲ့တယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top