Kantharyar Centre
×

အစားအေသာက္အမ်ားစုရဲ႕ ထားသိုႏုိင္တဲ့သက္တမ္းနဲ႔ ပတ္သက္ရင္ သတိျပဳရမယ့္ သတ္မွတ္ရက္ မ်ားစြာရိွပါတယ္။ သက္တမ္းကုန္ပစၥည္းေတြ ရွင္းလင္းသုတ္သင္တဲ့အခါ အျမဲက်န္ရစ္ေနတတ္တဲ့အရာေတြရိွျပီး ၄င္းတုိ႔က အခ်ိန္မေရြး သုံးေဆာင္ႏုိင္တဲ့ မီးဖိုေဆာင္ပစၥည္းေတြ ျဖစ္ၾကပါတယ္။

ပ်ားရည္

ပ်ားေတြမွာ ဘက္တီးရီးယားၾကီးထြားမႈ ဟန္႔တားတဲ့ အထူးအင္ဇုိင္းေတြ ရိွျပီး ဒါဟာ တာရွည္သိုေလွာင္ျခင္းအတြက္ နည္းလမ္းျဖစ္ပါတယ္။ ပုံေဆာင္ခဲဖြဲ႔မႈကင္းေအာင္ ဘူးဖုံးကို လုံေအာင္ပိတ္ပါ။ ပ်ားရည္ ေတာင့္ခဲပါက ေရေႏြးပန္းကန္ထဲ ဘူးကို ထည့္ျပီး အရည္ေပ်ာ္တဲ့အထိ ျဖည္းျဖည္းခ်င္း ေမႊေပးလုိက္ရုံပါပဲ။

ရွာလကာရည္အျဖဴေရာင္

အက္ဆစ္ဓာတ္မ်ားျပားမႈေၾကာင့္ သန္႔စင္ထားတဲ့ ရွာလကာရည္ပုလင္းတစ္ဘူးကို ေနာက္ဆုံးတစ္စက္က်န္တဲ့အထိ နဂုိအေနအထားအတုိင္းမေျပာင္းမလဲ ရိွပါေနပါလိမ့္မယ္။

အရက္ျပင္း

အရက္ျပင္းကုိ အခ်ိန္မေရြး ေမာ့ေသာက္ႏုိင္ပါတယ္။ ေအးျပီး ေျခာက္ေသြ႔တဲ့ေနရာမွာ သုိေလွာင္သိမ္းဆည္းရပါမယ္။

ပဲေစ့အေျခာက္

ပဲေတြမွာ ပရုိတိန္းဓာတ္နဲ႔ အမွ်င္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ တာရွည္အထားခံျပီး ဆီသြတ္ထားတာေတြနဲ႔ မတူတာက ဆုိဒီယမ္အနည္းငယ္သာ ပါဝင္ပါတယ္။

ဆန္ေစ့

ဆန္ေစ့အမ်ားစုက ႏွစ္နဲ႔ခ်ီ ခံပါတယ္။ ဆန္လုံးညိဳကေတာ့ သူ႔မွာ ဆီေခ်းေစာ္အနံ႔ထြက္ျမန္ေစတဲ့ သဘာဝအဆီေတြ ပါဝင္တာေၾကာင့္ ခြ်င္းခ်က္ျဖစ္ပါတယ္။

ဆား

အရာဝတၳဳေတြရဲ႕ ထားႏုိင္တဲ့သက္တမ္းကို သတိထားမိလား။ ဆား သုိ႔မဟုတ္ ဆိုဒီယမ္ခရုိရုိက္က ေျမၾကီးကေန အလုိအေလ်ာက္ထြက္တဲ့ သဘာဝတြင္းထြက္ပစၥည္းတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အျမဲဆတ္လတ္တာ အံ့ၾသစရာသိပ္မရိွပါဘူး။

သၾကား

သၾကား အျဖဴ၊ အညိဳေရာင္ သို႔မဟုတ္ အမႈန္႔က ဘက္တီးရီးယားရွင္သန္မႈ အားမေပးတာေၾကာင့္ ဘယ္ေတာ့မွ မပ်က္ပါဘူး။

အသင့္ေဖ်ာ္ေကာ္ဖီ

ပလတ္စတစ္ထုပ္နဲ႔ ေကာ္ဖီေတြဟာ အျမဲစိတ္ခ်ရပါတယ္။ လတ္လတ္ဆတ္ဆတ္ၾကိတ္တဲ့ ေကာ္ဖီမႈန္႔ေတြနဲ႔ မတူတာက အသင့္ေဖ်ာ္ေသာက္ႏုိင္တဲ့ ေကာ္ဖီမွာ အစိုဓာတ္မရိွပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

အစားအသောက်အများစုရဲ့ ထားသိုနိုင်တဲ့သက်တမ်းနဲ့ ပတ်သက်ရင် သတိပြုရမယ့် သတ်မှတ်ရက် များစွာရှိပါတယ်။ သက်တမ်းကုန်ပစ္စည်းတွေ ရှင်းလင်းသုတ်သင်တဲ့အခါ အမြဲကျန်ရစ်နေတတ်တဲ့အရာတွေရှိပြီး ၎င်းတို့က အချိန်မရွေး သုံးဆောင်နိုင်တဲ့ မီးဖိုဆောင်ပစ္စည်းတွေ ဖြစ်ကြပါတယ်။

ပျားရည်

ပျားတွေမှာ ဘက်တီးရီးယားကြီးထွားမှု ဟန့်တားတဲ့ အထူးအင်ဇိုင်းတွေ ရှိပြီး ဒါဟာ တာရှည်သိုလှောင်ခြင်းအတွက် နည်းလမ်းဖြစ်ပါတယ်။ ပုံဆောင်ခဲဖွဲ့မှုကင်းအောင် ဘူးဖုံးကို လုံအောင်ပိတ်ပါ။ ပျားရည် တောင့်ခဲပါက ရေနွေးပန်းကန်ထဲ ဘူးကို ထည့်ပြီး အရည်ပျော်တဲ့အထိ ဖြည်းဖြည်းချင်း မွှေပေးလိုက်ရုံပါပဲ။

ရှာလကာရည်အဖြူရောင်

အက်ဆစ်ဓာတ်များပြားမှုကြောင့် သန့်စင်ထားတဲ့ ရှာလကာရည်ပုလင်းတစ်ဘူးကို နောက်ဆုံးတစ်စက်ကျန်တဲ့အထိ နဂိုအနေအထားအတိုင်းမပြောင်းမလဲ ရှိပါနေပါလိမ့်မယ်။

အရက်ပြင်း

အရက်ပြင်းကို အချိန်မရွေး မော့သောက်နိုင်ပါတယ်။ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိုလှောင်သိမ်းဆည်းရပါမယ်။

ပဲစေ့အခြောက်

ပဲတွေမှာ ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တာရှည်အထားခံပြီး ဆီသွတ်ထားတာတွေနဲ့ မတူတာက ဆိုဒီယမ်အနည်းငယ်သာ ပါဝင်ပါတယ်။

ဆန်စေ့

ဆန်စေ့အများစုက နှစ်နဲ့ချီ ခံပါတယ်။ ဆန်လုံးညိုကတော့ သူ့မှာ ဆီချေးစော်အနံ့ထွက်မြန်စေတဲ့ သဘာဝအဆီတွေ ပါဝင်တာကြောင့် ချွင်းချက်ဖြစ်ပါတယ်။

ဆား

အရာဝတ္ထုတွေရဲ့ ထားနိုင်တဲ့သက်တမ်းကို သတိထားမိလား။ ဆား သို့မဟုတ် ဆိုဒီယမ်ခရိုရိုက်က မြေကြီးကနေ အလိုအလျောက်ထွက်တဲ့ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အမြဲဆတ်လတ်တာ အံ့သြစရာသိပ်မရှိပါဘူး။

သကြား

သကြား အဖြူ၊ အညိုရောင် သို့မဟုတ် အမှုန့်က ဘက်တီးရီးယားရှင်သန်မှု အားမပေးတာကြောင့် ဘယ်တော့မှ မပျက်ပါဘူး။

အသင့်ဖျော်ကော်ဖီ

ပလတ်စတစ်ထုပ်နဲ့ ကော်ဖီတွေဟာ အမြဲစိတ်ချရပါတယ်။ လတ်လတ်ဆတ်ဆတ်ကြိတ်တဲ့ ကော်ဖီမှုန့်တွေနဲ့ မတူတာက အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီမှာ အစိုဓာတ်မရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top