Kantharyar Centre
×

 ပန္းနာေရာဂါအတြက္ ေသာက္သံုးရမည့္ ေဆး၀ါးမ်ားႏွင့္အတူ ဗီတာမင္ဒီျဖည့္စြက္ေဆးမ်ား ေသာက္သံုးျခင္းျဖင့္ ျပင္းထန္ေသာ ပန္းနာေရာဂါထႂကြႏုိင္သည့္ အႏၲရာယ္မ်ားကုိ ေလွ်ာ့ခ်ႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုအရ သိရသည္။


အေမရိကန္ႏုိင္ငံတြင္ အသက္႐ွဴလမ္းေၾကာင္းေရာင္ရမ္းျခင္း၊ ပိတ္ဆို႔ျခင္းေၾကာင့္ျဖစ္ေသာ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါျဖစ္သည့္ ပန္းနာရင္က်ပ္ေရာဂါ ခံစားေနရေသာ အရြယ္ေရာက္ၿပီးသူ ၁၇ ဒသမ ၇ သန္းရိွၿပီး ကေလး ၆ ဒသမ ၃ သန္းအထိရိွေၾကာင္း သိရသည္။

ပန္းနာေရာဂါျဖစ္ရသည့္ ေနာက္ကြယ္မွ အေၾကာင္းရင္းကုိ မသိရေသာ္လည္း ဓာတ္မတည့္မႈျဖစ္ေစေသာ၊ ယားယံေစေသာ အ ရာမ်ားႏွင့္ ထိေတြ႕ျခင္းေၾကာင့္ ခြၽဲသံပါျခင္း၊ အသက္႐ွဴရခက္ျခင္း၊ ေခ်ာင္းဆုိးျခင္းႏွင့္ ရင္ဘတ္နာက်င္ျခင္း၊ က်ပ္ျခင္းတို႔ကဲ့သုိ႔ ပန္းနာ ေရာဂါ၏ လကၡဏာမ်ားျဖစ္ေပၚေစႏုိင္သည္။ ျမက္ပင္ (သုိ႔မဟုတ္) ျမက္ေျခာက္၀တ္မႈန္မ်ား၊ တိရစၧာန္တို႔၏ အေမြးမ်ား၊ ဖုန္မႈန္႔မ်ား မီးခိုးမ်ားႏွင့္ ထိေတြ႕ျခင္းေၾကာင့္ ပန္းနာေရာဂါလကၡဏာမ်ားကို ပုိဆုိးေစႏုိင္သည္။

ပန္းနာေရာဂါအတြက္ ကုသေဆးမရိွေသာ္လည္း ေရာဂါလကၡ ဏာမ်ား ေလ်ာ့ပါးေစႏုိင္ၿပီး အသက္အႏၲရာယ္ရိွေသာ ပန္းနာေရာဂါထႏုိင္ျခင္းကုိ ေလွ်ာ့ခ်ႏုိင္သည့္ ေဆး၀ါးမ်ားရိွသည္။

ပန္းနာရင္က်ပ္ေရာဂါသည္မ်ား ေသာက္သံုးရမည့္ေဆး၀ါးမ်ားႏွင့္အတူ ဗီတာမင္ဒီျဖည့္စြက္ေဆးမ်ား ေသာက္သံုးပါက ျပင္းထန္ေသာ ပန္းနာေရာဂါထႏုိင္သည့္ အႏၲရာယ္မ်ားကုိ ေလ်ာ့က်ေစႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

ပန္းနာရင္က်ပ္ေရာဂါရိွသူမ်ားတြင္ ဗီတာမင္ဒီပမာဏ နည္းပါးပါက ျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား ျဖစ္ေပၚလာႏုိင္ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရိွခဲ့သည္။

ဗီတာမင္ဒီျဖည့္စြက္ေဆးမ်ားႏွင့္အတူ ပန္းနာေရာဂါအတြက္ ေသာက္ရမည့္ ေဆးမ်ားေသာက္သံုးပါက ေရာဂါအေျခအေနျပင္း ထန္မႈေၾကာင့္ ေဆး႐ံု(သုိ႔မဟုတ္) အေရးေပၚဌာနသုိ႔ တက္ေရာက္ ကုသမႈ ခံယူရႏုိင္သည့္ အႏၲရာယ္ကုိ ၆ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ႏုိင္  ေၾကာင္း သုေတသီမ်ားကေျပာသည္။

သုိ႔ေသာ္ ယခုေလ့လာမႈတြင္ ပန္းနာေရာဂါမျပင္းထန္ေသာ အရြယ္ေရာက္ၿပီးသူမ်ားသာ ပါ၀င္ေသာေၾကာင့္ ကေလးငယ္မ်ားႏွင့္ ပန္းနာေရာဂါျပင္းထန္စြာ ခံစားေနရေသာ အရြယ္ေရာက္ၿပီးသူမ်ားအတြက္ ဗီတာမင္ျဖည့္စြက္ေဆးမ်ား ထိေရာက္မႈ ရိွ၊ မရိွ ေလ့လာရဦးမည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပန်းနာရောဂါအတွက် သောက်သုံးရမည့် ဆေးဝါးများနှင့်အတူ ဗီတာမင်ဒီဖြည့်စွက်ဆေးများ သောက်သုံးခြင်းဖြင့် ပြင်းထန်သော ပန်းနာရောဂါထကြွနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။


အမေရိကန်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသော အရွယ်ရောက်ပြီးသူ ၁၇ ဒသမ ၇ သန်းရှိပြီး ကလေး ၆ ဒသမ ၃ သန်းအထိရှိကြောင်း သိရသည်။

ပန်းနာရောဂါဖြစ်ရသည့် နောက်ကွယ်မှ အကြောင်းရင်းကို မသိရသော်လည်း ဓာတ်မတည့်မှုဖြစ်စေသော၊ ယားယံစေသော အ ရာများနှင့် ထိတွေ့ခြင်းကြောင့် ချွဲသံပါခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ်နာကျင်ခြင်း၊ ကျပ်ခြင်းတို့ကဲ့သို့ ပန်းနာ ရောဂါ၏ လက္ခဏာများဖြစ်ပေါ်စေနိုင်သည်။ မြက်ပင် (သို့မဟုတ်) မြက်ခြောက်ဝတ်မှုန်များ၊ တိရစ္ဆာန်တို့၏ အမွေးများ၊ ဖုန်မှုန့်များ မီးခိုးများနှင့် ထိတွေ့ခြင်းကြောင့် ပန်းနာရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သည်။

ပန်းနာရောဂါအတွက် ကုသဆေးမရှိသော်လည်း ရောဂါလက္ခ ဏာများ လျော့ပါးစေနိုင်ပြီး အသက်အန္တရာယ်ရှိသော ပန်းနာရောဂါထနိုင်ခြင်းကို လျှော့ချနိုင်သည့် ဆေးဝါးများရှိသည်။

ပန်းနာရင်ကျပ်ရောဂါသည်များ သောက်သုံးရမည့်ဆေးဝါးများနှင့်အတူ ဗီတာမင်ဒီဖြည့်စွက်ဆေးများ သောက်သုံးပါက ပြင်းထန်သော ပန်းနာရောဂါထနိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်သည်ဟု သုတေသီများက ပြောသည်။

ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် ဗီတာမင်ဒီပမာဏ နည်းပါးပါက ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ဗီတာမင်ဒီဖြည့်စွက်ဆေးများနှင့်အတူ ပန်းနာရောဂါအတွက် သောက်ရမည့် ဆေးများသောက်သုံးပါက ရောဂါအခြေအနေပြင်း ထန်မှုကြောင့် ဆေးရုံ(သို့မဟုတ်) အရေးပေါ်ဌာနသို့ တက်ရောက် ကုသမှု ခံယူရနိုင်သည့် အန္တရာယ်ကို ၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်  ကြောင်း သုတေသီများကပြောသည်။

သို့သော် ယခုလေ့လာမှုတွင် ပန်းနာရောဂါမပြင်းထန်သော အရွယ်ရောက်ပြီးသူများသာ ပါဝင်သောကြောင့် ကလေးငယ်များနှင့် ပန်းနာရောဂါပြင်းထန်စွာ ခံစားနေရသော အရွယ်ရောက်ပြီးသူများအတွက် ဗီတာမင်ဖြည့်စွက်ဆေးများ ထိရောက်မှု ရှိ၊ မရှိ လေ့လာရဦးမည်ဟု သုတေသီများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top