Kantharyar Centre
×

 အူရီးဒူးျမန္မာကုမၸဏီ က ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ လုပ္ငန္းသံုးစာတို ေပးပို႔ႏုိင္သည့္ ဝက္ဘ္ဆုိက္အ ေျခခံ A2P Bulk SMS အမည္ရွိ ဝန္ေဆာင္မႈကို  စတင္မိတ္ဆက္ ေၾကာင္း စက္တင္ဘာ ၆ ရက္တြင္ သတင္းထုတ္ျပန္သည္။

အဆိုပါ A2P Bulk SMS ဝန္ေဆာင္မႈကို အသံုးျပဳသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ေပးပို႔လိုသူမ်ားထံ တစ္ၿပိဳင္နက္ စာတိုေပးပို႔ႏိုင္ျခင္း၊ စာသားမ်ားျပင္ဆင္ႏိုင္ျခင္း၊ စာတိုေပးပို႔ျခင္း အစီအစဥ္၏ရလဒ္ကို တုိင္းတာႏိုင္ျခင္း စသည့္အက်ိဳးရလဒ္မ်ား ရရွိေစမည္ျဖစ္ေၾကာင္း အူရီးဒူး ျမန္မာ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ယင္းဝန္ေဆာင္မႈကိုအသံုး ျပဳသူမ်ားသည္ ေပးပို႔လိုေသာ ဖုန္း နံပါတ္မ်ားထံ ကိန္းဂဏန္းတို (Short Code)၊ အဂၤလိပ္အကၡရာ စာသား (Alphanumeric Code) ႏွင့္ ကိန္းဂဏန္းရွည္ (Long Code) စသည့္ အမ်ိဳးအစားသံုးခုကို ေရြးခ်ယ္ႏိုင္ၿပီး လစဥ္စာတိုအ ေရအတြက္ ငါးေထာင္မွ ငါးသိန္းေက်ာ္ေပးပို႔ႏိုင္မည္ဟု အူရီးဒူး ျမန္မာ၏သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ စီးပြားေရးလုပ္ငန္း ရွင္မ်ားသည္ ေပးပို႔လိုသည့္အုပ္စုကို ခြဲျခားႏိုင္ျခင္းႏွင့္ အခ်ိန္ႀကိဳတင္သတ္မွတ္ထားႏုိင္ျခင္းမ်ား ကို ျပဳလုပ္ႏုိင္ၿပီး လုပ္ငန္းရွင္မ်ားႏွင့္ စားသံုးသူ (Customerမ်ား အၾကား အျပန္အလွန္ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

အူရီးဒူးျမန္မာကုမၸဏီသည္ B2B (Business to Business) ဝန္ေဆာင္မႈမ်ားအျဖစ္ Fixed LineInternet ႏွင့္ Machine to MachineServices တို႔ကိုလည္း မိတ္ဆက္ထားၿပီး ယင္းဝန္ေဆာင္မႈမ်ားအတြက္ အေရးေပၚဖုန္းနံပါတ္ 09 970000234 သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အူရီးဒူးမြန်မာကုမ္ပဏီ က ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးစာတို ပေးပို့နိုင်သည့် ဝက်ဘ်ဆိုက်အ ခြေခံ A2P Bulk SMS အမည်ရှိ ဝန်ဆောင်မှုကို  စတင်မိတ်ဆက် ကြောင်း စက်တင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ A2P Bulk SMS ဝန်ဆောင်မှုကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပေးပို့လိုသူများထံ တစ်ပြိုင်နက် စာတိုပေးပို့နိုင်ခြင်း၊ စာသားများပြင်ဆင်နိုင်ခြင်း၊ စာတိုပေးပို့ခြင်း အစီအစဉ်၏ရလဒ်ကို တိုင်းတာနိုင်ခြင်း စသည့်အကျိုးရလဒ်များ ရရှိစေမည်ဖြစ်ကြောင်း အူရီးဒူး မြန်မာ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယင်းဝန်ဆောင်မှုကိုအသုံး ပြုသူများသည် ပေးပို့လိုသော ဖုန်း နံပါတ်များထံ ကိန်းဂဏန်းတို (Short Code)၊ အင်္ဂလိပ်အက္ခရာ စာသား (Alphanumeric Code) နှင့် ကိန်းဂဏန်းရှည် (Long Code) စသည့် အမျိုးအစားသုံးခုကို ရွေးချယ်နိုင်ပြီး လစဉ်စာတိုအ ရေအတွက် ငါးထောင်မှ ငါးသိန်းကျော်ပေးပို့နိုင်မည်ဟု အူရီးဒူး မြန်မာ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်း ရှင်များသည် ပေးပို့လိုသည့်အုပ်စုကို ခွဲခြားနိုင်ခြင်းနှင့် အချိန်ကြိုတင်သတ်မှတ်ထားနိုင်ခြင်းများ ကို ပြုလုပ်နိုင်ပြီး လုပ်ငန်းရှင်များနှင့် စားသုံးသူ (Customerများ အကြား အပြန်အလှန်ဆက်သွယ်နိုင်ကြောင်း သိရသည်။

အူရီးဒူးမြန်မာကုမ္ပဏီသည် B2B (Business to Business) ဝန်ဆောင်မှုများအဖြစ် Fixed LineInternet နှင့် Machine to MachineServices တို့ကိုလည်း မိတ်ဆက်ထားပြီး ယင်းဝန်ဆောင်မှုများအတွက် အရေးပေါ်ဖုန်းနံပါတ် 09 970000234 သို့ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top