Kantharyar Centre
×
Credit:Trend Myanmar
#Unicode Version
ကျွနု်ပ်တို့အားလုံး ရေခဲမုန့်ကို ကြိုက်ကြပေမယ့် ကျန်းမာရေးဖျက်ဆီးပစ်နိုင်တဲ့ အစားအစာအဖြစ် သိမှတ်ထားလေ့ရှိကြပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ပိုလို့တောင် ကျန်းမာရေးအကျိုးဖြစ်ထွန်းစေပါသေးတယ်။ ဒါပေမယ့် ရေခဲမုန့်ကို အနည်းငယ်သာစားမှ ကျန်းမာရေးအကျိုးကျေးဇူး ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ စွဲစွဲလန်းလန်းမဟုတ်ဘဲ ရံဖန်ရံခါ စားပေးပါက ကျန်းမာစွာ နေထိုင်နိုင်ပါသေးတယ်။
ရေခဲမုန့်ဟာ တစ်ခွက်လောက်စားတာ ဘာမှမဖြစ်ပေမယ့် တစ်ခွက်နဲ့မရပ်ဘဲ အလွန်အကျွံစားမိပါက အကျိုးကျေးဇူးထက် အန္တရာယ်ဘက် ပိုအကျိုးသက်ရောက်ပါလိမ့်မယ်။ ဒီတော့ ရေခဲမုန့် နဲ့ပတ်သက်ပြီး ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
၁။ ရေခဲမုန့်ကို စွဲစွဲလန်းလန်းမဟုတ်ပဲ အတိုင်းချင့်နဲ့စားတဲ့အခါ ဝိတ်ကျစေနိုင်ပါတယ်။ ဒါက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပမာဏကို ထိန်းထားမှသာ အကျိုးဖြစ်ထွန်းတာပါ။ အေးတဲ့အစာ တစ်ခုခုစားတဲ့အခါ သင့်ခန္ဓာကိုယ်က ကယ်လိုရီပိုလောင်ကျွမ်းဖို့ လိုအပ်ပါတယ်။
၂။ ရေခဲမုန့်မှာ ကစီဓာတ်နဲ့ အချိုဓာတ်တွေပါဝင်တော့ ချက်ချင်းအားအင်ဖြစ်စေပါတယ်။
၃။ ရေခဲမုန့်ရဲ့ အဓိကပါဝင်ပစ္စည်းတွေဟာ နို့နဲ့ မလိုင်ဖြစ်လို့ calcium၊ protein၊ phosphorous potassium နဲ့ vitamin တချို့ရရှိပါတယ်။ အလွယ်ပြောရရင် အာဟာရအာနိသင်ရှိတယ်ပေါ့။
၄။ ရေခဲမုန့်ကို အတင့်အသင့်စားတာက အူမကြီးကင်ဆာအန္တရာယ် နည်းနိုင်သမျှ နည်းပါးစေကြောင်း လေ့လာမှုတချို့က အခိုင်အမာဆိုထားပါတယ်။
၅။  ရေခဲမုန့် မှာ phosphorous နဲ့ calcium လည်းပါဝင်တယ်။ ဒီသတ္တုဓာတ်နှစ်မျိုးလုံးက ရာဂစိတ်တက်ကြွစေတယ်လို့ သိရပါတယ်။
၆။  ရေခဲမုန့်တစ်ခွက်က စိတ်ဖိစီးမှုလျှော့ချနိုင်ပါတယ်၊ စိတ်ခံစားချက်ကို တိုးမြင့်စေနိုင်ပြီး အချိန်ကာလအတိုင်းအတာ တစ်ခုထိ စိတ်ပျော်ရွှင်မှုဖြစ်စေနိုင်ပါတယ်။
၇။ အရိုးအတွက် အရေးကြီးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖောရပ်စ်ပါဝင်တာကြောင့်  ရေခဲမုန့် စားတာ အရိုးအတွက်လည်း ကောင်းမွန်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top